Wikipedia:နိဒါန်း

From Wikipedia

(Redirected from Wikipedia:Introduction)
နိဒါန်း   ပြင်​ဆင်​ရေးပိုလေ့လာ   ဝီကီပိဒိယကိုစူးစမ်း   သင်ခန်းစာများ

အပေါ်မှာ "ပြင်​ဆင်​ရန်​"စာလုံးတွေ‌တွေ့လား? ဝီကီပိဒိယမှာ ခင်ဗျား အခုမှတ်​ပုံ​တင်​မဖြင့်​ဝင်​ဘဲနဲ့ စာမျက်နှာများကိုပြင်ဆင်လို့ရသည်

ဝီ​ကီ​ပိ​ဒိ​ယ​ဆို​တာ​ဘာ​လဲ​?

ဝီ​ကီ​ပိ​ဒိ​ယ​ သည်​ သုံး​စွဲ​သူ​များ​မှ​ ပူ​းပေါင်း​ရေး​သား​တည်း​ဖြတ်​သော​ စွယ်စုံကျမ်းဖြစ်​ပါ​သည်။​ ဝီကီ ဟု​ခေါ်​သော​ ဝဘ်​ဆိုက်​ပုံ​စံ​တစ်​မျိုး​ကို​အ​သုံး​ပြု​၍​ထို​သို့​ပူ​းပေါင်း​ရေး​သား​ခြင်း​ကို​အ​ဆင်​ပြေ​စေ​ရန်​စီ​မံ​ထား​ခြင်း​ဖြစ်​ပါ​သည်။​ သုံး​စွဲ​သူ​ပေါင်း​များ​စွာ​မှ​ နာ​ရီ​အ​လိုက်​ပြင်​ဆင်​မှု​ပေါင်း​များ​စွာ​ကို​ပြု​လုပ်​၍​ ဝီ​ကီ​ပိ​ဒီ​ယ​ကို​ ပို​၍​ပို​၍​ကောင်း​မွန်​အောင်​ဆောင်​ရွက်​နေ​ကြ​ပါ​သည်။​ ၎င်း​ပြင်​ဆင်​မှု​များ​ကို​ ဆောင်းပါးတစ်ပုဒ်၏မှတ်တမ်း နှင့်​ လတ်တလောပြင်ဆင်ချက်များ တွင်​ကြည့်​ရှု​နိုင်​သည်။​ မ​သင့်​လျှော်​သော​ စာ​များ​ကို​ သုံး​စွဲ​သူ​များ​မှ​ပင်​ အ​ချိန်​တို​အ​တွင်း​ ပြင်​ဆင်​လေ့​ရှိ​ပြီး​ ထို့​ထက်​ပို​ဆိုး​သူ​များ​ကို​ အက်​ဒ​မင်​များ​မှ​ ပိတ်​ထား​နိုင်​ပါ​သည်။​ အ​ကယ်​၍​ ဆောင်း​ပါး​အ​သစ်​တစ်​ပုဒ်​ကို​ ရေး​သား​လို​ပါ​လျှင်​ ကိုး​ကား​ချက်​များ​ ပါ​ဝင်​ဖို့​လို​ပါ​လိမ့်​မည်။​ ကို​ကား​မှု​များ​မ​ပါ​သော​ ဆောင်း​ပါး​များ​ကို​ ဝီ​ကီ​ပိ​ဒိ​ယ​မှ​ ဖျက်ပစ်​လေ့​ရှိ​ပါ​သည်။​



ကျွန်တော်ဘယ်လိုများကူညီနိုင်လဲ? ပြင်ဆင်ဖို့မကြောက်နဲ့မည်သူမဆို စာမျက်နှာအားလုံးနီးနီးပြင်ဆင်နိုင်တယ်။ ကျွန်တော်တို့ ခင်ဗျားကို အားပေးတယ်! အပြုအပြင်လိုအပ်တဲ့ဟာ ဘာဖြစ်ဖြစ်ရှာပြီး စာသား၊ သဒ္ဒါ၊ အစီစဉ် ပိုကောင်းအောင်ပြောင်းလဲပေးပါ။

စိတ်မပူပါနဲ့။ ဝီကီပိဒိယကိုမဖျက်နိုင်ဘူး။ တွေ့ကရာနောက်ထပ်ပြုပြင်လို့ရတယ်။ စာမျက်နှာတစ်ရွက်လောက်သွားပြီး ပြင်ဆင်လိုက်စမ်းပါ။ ဝီကီပိဒိယကို အင်တာနက်ထဲမှာ အကောင်းဆုံး နဲ့ အချက်အလက် အပြည့်စုံဆုံး ဖြစ်အောင်အတွက် ကူညီပေးပါ!

ပထမဆုံး စာတည်းဖြတ်မှုတစ်ခုကို စလုပ်လိုက်စမ်းပါ

  1. Sandboxမှာ စမ်းသပ် ပြင်ဆင်ကြည့်ဖို့ ဒီမှာနှိပ်ပြီး ပြင်ဆင်ရေးများကို စမ်းကြည့်ပါ။ (စာသား‌ရှိရင်, စာမျက်နှာအောက်ဆုံးမှာ စမ်းကြည့်။)
  2. စာလုံးတစ်ခုတစ်လေနှိပ်ကြည့်။
  3. ဝီကီပိဒိယက အခမဲ့လွတ်လပ်စွယ်စုံကျမ်းဖြစ်တာကိုမှတ်မိပါ။ Forumမဟုတ်ဘူးနော! စော်ကားတဲ့စကား၊ အသရေဖျက်စကား၊ နှင့် personal attacks ဒီမှာ လက်မခံပါဘူး။
  4. talk pagesမှာ သင့် ဆွေးနွေးချက်ကို tildes (~~~~) ၄ ခု ထည့်ပေးပြီး လက်မှတ် ထိုးပါ။ ဒါမှမဟုတ် လက်မှတ်ထိုးဖို့ signature icon လေးကို ကလစ် ပြုလုပ်ပါ။ Image:Signature_icon.png ဒီလို ပြုလုပ်ြခင်းဖြင့် သင့် လက်မှတ်နဲ့ နေ့စွဲကို အလိုလို ဖြည့်ပေးသွားမှာပါ။
  5. အပြောင်းတွေကိုတွေ့ချင်ရင် နမူနာပြပါနှိပ်ပါ။ အပြောင်းများကို ကြိုက်ရင် သိမ်းပါကိုနှိပ်ပါ။