Wikipedia:Five pillars

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အကူအညီ ရေးသားပြုပြင်ခြင်း အသုံးပြုခြင်း ရေးထုံး လမ်းစဉ်

parameter မှားနေတယ်


မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား၏ ပ​ရော​ဂျက်​များ​အတွက် ချ​မှတ်ထား​သော တရားဝင် ပေါ်​လ​စီ နှင့် လမ်း​ညွှန်​ချက်​များ ကို မဏ္ဍိုင် ၅ ခု​ဖြင့် ကိုယ်စား​ပြု ဖော်​ပြ​နိုင်​သည်။

BluePillar.svg မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​သည် စွယ်စုံ​ကျမ်း ဖြစ်​ပြီး အထွေ​ထွေ စွယ်စုံ​ကျမ်း​များ၊ အထူး စွယ်စုံ​ကျမ်း​များ​နှင့် စွယ်စုံ​ကျမ်း​နှစ်​ချုပ်စာ​အုပ်​များ​ကို စုစည်း​ထား​ခြင်း​ဖြစ်​သည်။ မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​ရှိ ဆောင်းပါး အားလုံး​သည် no original research ပေါ်​လ​စီ နှင့် ကိုက်​ညီ​ရ​မည် ဖြစ်​ပြီး ဆန်း​စစ်ခံ​နိုင်​သော မှန်ကန်​မှု ရှိ​အောင် ကြိုးပမ်း​ရ​မည်။ အကိုး​အကား​မ​ရှိ​သော စာ​များ ဖယ်ရှား​ခြင်း ခံ​ရ​မည် ဖြစ်​သည်။ ထို့​ကြောင့် အကိုး​အကား ထည့်​ရန် သတိပြု​ပါ။ ကိုယ်​ပိုင် ထင်မြင်​ယူဆ​ချက်၊ အတွေ့​အကြုံ အငြင်း​အခုံ​များ၊ အဓိပ္ပါယ်​မ​ရှိ​သော အချက်အလက်​များ​နှင့် ကြော်ငြာ​များ​အတွက် မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​သည် နေရာ​မဟုတ်​သည် ကို သတိပေး​လို​ပါ​သည်။ မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​သည် ပုံနှိပ်​တိုက် မဟုတ်​သ​လို မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​သည် အထိန်း​အကွပ်​မဲ့ သို့မဟုတ် လုပ်​ချင်​ရာ​လုပ် ဒီ​မို​က​ရေ​စီ​ရ​နေ​သော နေရာ မဟုတ်​ပါ။ အင်​တာ​နက် စာ​မျက်နှာများ​ကို စုစည်း​ထား​သောလမ်း​ညွှန် တစ်​ခု​လည်း မဟုတ်​သ​လို သတင်းစာ တစ်​စောင် သို့မဟုတ် မူရင်း စာ​ရွက်​စာ​တမ်း​များ ကို စုစည်း​သော​နေရာ မဟုတ်​ပါ။ ထို​ကိစ္စ​မျိုး​များ​အတွက် မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​၏ ညီ​အစ်မ ပ​ရော​ဂျက် များ ရှိ​ပါ​သည်။
 
GreenPillar.svg မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​တွင် ရေးသား​ချက်​များ​သည် ဘက်​မ​လိုက်​သော အရေး​အသား​များ​သာ ဖြစ်​ရ​ပါ​မည်။ ဆိုလို​သည်မှာ တစ်​ဘက်​စောင်း​နင်း အမြင်​မျိုး​များ မ​ပါ​အောင် အတတ်​နိုင်​ဆုံး ကြိုးစား​ရ​ပါ​မည်။ တစ်​ခါ​တစ်​ရံ​တွင် အမြင်​အမျိုး​မျိုး​ကို ထည့်​သွင်း ဖော်​ပြ​ပေး​ရ​ပါ​မည်။ အမြင်​တစ်​ခု​ချင်း​စီ​ကို​လည်း အတိ​အကျ ဖြစ်​အောင် တင်ပြ​ရ​ပါ​မည်။ ရှိ​နိုင်​သ​မျှ အမြင်​များ​ကို စုံလင်​အောင် ရှာဖွေ တင်ပြ​ရ​ပါ​မည်။ ထို့​အပြင် မည်​သည့် အမြင်​ကို​မှ အမှန်​တရား အနေ​နှင့်သော်​လည်းကောင်း၊ အကောင်း​ဆုံး အမြင်​အနေ​နှင့်သော်​လည်းကောင်း မဖော်​ပြ​ရ​ပါ။ ထို့​ကြောင့် ဆန်း​စစ်ခံ​နိုင်​မှု ရှိ​ရန် လို​အပ်​သ​လို တတ်နိုင်​သ​မျှ ခိုင်လုံ​သော အကိုး​အကား​များ ကို သုံးစွဲ​ပါ။ အထူးသဖြင့် အငြင်း​ပွား​ဖွယ် ဖြစ်​စေ​နိုင်​သော အကြောင်းအရာ​များ တွင် ပို​ဂရုစိုက်​ရ​ပါ​မည်။ အငြင်း​အခုံ ဖြစ်လာ​ပါ​က အဆို​ပါ ဆောင်းပါး​ကို အငြင်း​ပွား​ဖွယ်ရာ (disputed) ဟု သတ်​မှတ်​ကာ ဆွေးနွေး​ခန်း တွင် အငြင်း​အခုံ ဖြေ​ရှင်း​နည်း များ​အတိုင်း ဆက်လက် ဖြေ​ရှင်း​မည် ဖြစ်​သည်။
 
YellowPillar.svg မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​သည် အခ​မဲ့ လွတ်လပ် စွယ်စုံ​ကျမ်း ဖြစ်​သည်။ မည်​သူမ​ဆို ပြင်ဆင်​ခွင့် ရှိ​သည်။ စာသား​များ အားလုံး​ကို GNU Free Documentation License (GFDL) ဖြင့် အသုံးပြု​နိုင်​သည်။ သို့မဟုတ် လင့်ခ် ချိတ်ဆက်​နိုင်​သည်။ ဆောင်းပါး​များ​ကို မည်​သူမ​ဆို ပြင်ဆင်​နိုင်​ပြီး မည်​သူ​မှ ဆောင်းပါး တစ်​ခု​ကို ထိန်း​ချုပ်ထား​၍ မ​ရ​ပါ။ ထို့​ကြောင့် သင်​ရေး​သ​မျှ​ကို အညှာအတာ​မဲ့​စွာ ပြင်ဆင်​သွား​ခြင်း ခံ​ရ​နိုင်​ပြီး ပြင်​ပ​သို့ ဖြန့်ချိ​ခြင်း ခံ​ရ​နိုင်​သည်။ မည်​သည့် အခါ​မှ မူ​ပိုင်​ခွင့် ချိုး​ဖောက်​သော သို့မဟုတ် GFDL နှင့် ကိုက်​ညီ​မှု မ​ရှိ​သည့် လိုင်စင်​ရှိ​သော စာ​များ တင်​ခြင်း​မ​ပြု​ရ။
 
OrangePillar.svg မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​တွင် အများ​လက်ခံ​ထား​သော ကျင့်ဝတ်​ကို လိုက်နာ​ပါ: အခြား စာရေး​သူ​များ​နှင့် သဘောထား​ခြင်း မ​တိုက်ဆိုင်​သည့်​တိုင် ထို​သူ​များ​အား လေးစား​စွာ ဆက်ဆံ​ပါ။ နိုင်ငံ​ကြီး​သား ပီ​သ​ပါ။ ကိုယ်ကျိုး​စီးပွား​အတွက် ပဋိပက္ခ​ဖြစ်​ခြင်း မှ ရှောင်​ကြည်​ပါ။ ပုဂ္ဂိုလ်​ရေး တိုက်ခိုက်​မှု၊ အပုပ်​ချ​မှု​များ မ​ပြုလုပ်​ပါ​နှင့်။ အများ​သဘောတူ​ညီ​ချက် ကို​ရှာ​ပါ။ သူ​တ​ပြန် ကိုယ်​တ​ပြန် လို​ရာ​ဆွဲ တည်း​ဖြတ်​သော တည်း​ဖြတ်​ရေး​တိုက်​ပွဲ (edit wars) ကို ရှောင်​ကျဉ်​ပါ။ three-revert rule ကို လိုက်နာ​ပါ။ ထို့​ပြင် ဆောင်းပါး​ပေါင်း ၃၂၀၆၁ ခန့် မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား တွင် ပြင်ဆင် ဆွေးနွေး ရေးသား​ရန် ကျန်​နေ​သေး​ကြောင်း သတိရ​ပါ။ ရိုးသား​စွာ ပြုမူ​ဆက်ဆံ​ပါ။ အခြား​သူ​များ​က လည်း ရိုးသား​စွာ ပြန်လည် ဆက်ဆံ​မည်​ဟု မှတ်ယူ​ပါ။ ပွင့်လင်း​ပါ။ လူ​သစ်​များ​ကို ကြိုဆို​ပါ
 
RedPillar.svg အထက်​တွင် ရေးသား​ခဲ့​သော အချက် ၅ ချက်​မှ လွဲ​၍ မြန်မာ​ဝီ​ကီ​ပီး​ဒီး​ယား​တွင် တင်း​ကြပ်​သော အခြား စည်းမျဉ်း​များ မ​ရှိ​ပါဆောင်းပါး​များ​ကို ရဲ​ရဲဝံ့​ဝံ့ ပြင်ဆင်​ပါပြင်ဆင်​မှု​ဆိုင်​ရာ ပေါ်​လ​စီ​ကို ကြည့်ပါ။ အမှား​အယွင်း လုပ်​မိ​မည်​ကို မ​ကြောက်​ပါ​နှင့်။ ယခင်​လုပ်​ထား​သ​မျှ ဆောင်းပါး​များ​ကို သိမ်းဆည်း​ထား​ပြီး​သား​ဖြစ်​ပါ​တယ်။ ထို့​ကြောင့် သင့်​အနေ​နှင့် မတော်တဆ ဖျက်​မိ​မည်​ကို ပူပန်​စရာ မ​လို​ပါ​ဘူး။ တစ်​ခု သတိထား​ရ​မည်​မှာ သင်​ရေးထား​သ​မျှ​တို့​သည် အနာ​ဂါတ် မျိုး​ဆက်​သစ်​များ​အတွက် ဖြစ်​သည်​ဆို​သည့် အချက်​ဖြစ်​ပါ​ကြောင်း။

ဆက်​စပ်​ကြည့်​ရှု​ရန်[ပြင်​ဆင်​ရန်​]