ဝီကီပီးဒီးယား:အထွေထွေ သတိပြုဖွယ်

ဝီကီပီးဒီးယား မှ


ဝီကီပီးဒီးယားသည် အချက်အလက်များ ခိုင်လုံတိကျသည်ဟု အာမခံချက် မပေးပါ။


ဝီကီပီးဒီးယားသည် လူအများက စုပေါင်းရေးသားထား၍ အားလုံးကို ဝေမျှထားသော အွန်လိုင်း စွယ်စုံကျမ်း တစ်ခုသာလျှင် ဖြစ်ပါသည်။ ဆိုလိုရင်းမှာ လူတစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအုပ်စုများက မိမိတို့၏ သဘောဆန္ဒဖြင့်လူသားတို့၏ အသိဉာဏ် ဗဟုသုတ တိုးတက်ဖွံ့ဖြိုးရေး အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်းသာ ဖြစ်ပါသည်။ ပရော့ဂျက်၏ ပုံသဏ္ဌာန်အရ အင်တာနက် ဆက်သွယ်မှု ရှိသူ မည်သူမဆို အတွင်းရှိ စာသားများကို ပြောင်းလဲပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ဤနေရာတွင် တွေ့ရှိသော အကြောင်းအရာများမှာ ကျွမ်းကျင်သူများမှ ပြန်လည် စိစစ်သုံးသပ်ထားခြင်း မရှိသဖြင့် တိကျပြည့်စုံ၍ အားကိုးအားထားပြုလောက်သော သတင်း အချက်အလက်များ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်ဆိုသည့်အကြောင်း အကြံပေးချင်ပါသည်။

ထိုအတွက်ကြောင့် သင့်အနေနှင့် တန်ဖိုးရှိပြီး တိကျသော သတင်းအချက်အလက်များကို ဝီကီပီးဒီးယားတွင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ဟုလည်း မဆိုလိုပါ။ များသောအားဖြင့် သင့်အနေနှင့် ထိုသို့သော သတင်းအချက်အလက်များကို တွေ့နိုင်ပါသည်။ သို့သော်လည်း ဝီကီပီးဒီးယားမှ ဤနေရာတွင် တွေ့ရှိသော သတင်းအချက်အလက်များသည် ခိုင်လုံတိကျသည်ဟု အာမခံချက် မပေးနိုင်ပါ။ ဆောင်းပါးတွင် ပါဝင်သော အကြောင်းအရာများကို လတ်တလောတွင် သက်ဆိုင်ရာနယ်ပယ်နှင့် ပတ်သက်သော ဗဟုသုတ မရှိသူ တစ်ဦးမှ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်ထားနိုင်ပါသည်။ အခြားသော စွယ်စုံကျမ်းများနှင့် ကျမ်းကိုး အများစုတွင်လည်း အလားတူ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များ ရှိတတ်သည်ကို သတိပြုစေလိုပါသည်။

No formal peer review

ယုံကြည်စိတ်ချရသောဆောင်းပါများ ရွေးချယ်တင်ပြနိုင်ရန် နည်းလမ်းများကို ကျွန်တော်တို့ ရှာဖွေလုပ်ဆောင်နေပါသည်။ ကျွန်တော်တို့၏ တက်ကြွသော အယ်ဒီတာအဖွဲ့သည် အချက်အလက်အသစ်များနှင့် ပြောင်းလဲမှုများကို Special:Recentchanges နှင့် Special:Recentchanges တို့ကဲ့သို့သော ကိရိယာများကို အသုံးပြုပြီး စောင့်ကြည့်ထိန်းသိမ်းလျက်ရှိပါသည်။ သို့သော်လည်း ဝီကီပီးဒီးယားကို တပြေးညီ အကဲဖြတ်ခြင်းရှိမနေသည့်အတွက် စာဖတ်သူများသည် အမှားများ ပြင်ဆင်ခြင်းနှင့် အကဲဖြတ်ခြင်းတို့တွင် ပါဝင်ပတ်သက်လေ့ရှိသော်လည်း သူတို့တွင် ထိုသို့ပြုလုပ်ရမည်ဟူသော တာဝန်ဝတ္တရား ရှိမနေပါ။ ထို့အတွက်ကြောင့် ဤနေရာတွင် ဖတ်ရှုရနိုင်သော အချက်အလက်များသည် မည်သည့်နေရာတွင်မဆို သို့မဟုတ် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို အသုံးပြုရန်အတွက် ဆီလျော်နေမည်ဟု အာမခံချက် ပေးမထားပါ။ ဆောင်းပါးများကို အကဲဖြတ်ခဲ့ပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင် သင်မဖတ်ရမီအချိန်အတွင်း မဆီမလျော်တည်းဖြတ်ခြင်းခံရနေနိုင်ပါသည်။

အဆိုပါ ဝဘ်စာမျက်နှာများတွင် ပါဝင်နေသော သို့မဟုတ် ချိတ်ဆက်ဖော်ပြထားသော အချက်အလက်များကို သုံးစွဲခြင်း သို့မဟုတ် အချက်အလက်များ မတိကျခြင်း သို့မဟုတ် အသရေဖျက်ခြင်းတို့အတွက် ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးသူများ၊ ထောက်ပံ့ပေးသူများ၊ စီမံခန့်ခွဲသူများ သို့မဟုတ် ဝီကီပီးဒီးယားနှင့် တစ်နည်းနည်း ဆက်နွယ်နေသူများနှင့် သက်ဆိုင်ခြင်း အလျဉ်းမရှိပါ။

သဘောတူစာချုပ်များ မရှိခြင်းနှင့် ကန့်သတ်ထားသော လိုင်စင်များ

ဤနေရာတွင် ဖော်ပြထားသော အချက်အလက်များကို အခမဲ့ထောက်ပံ့ထားခြင်းဖြစ်ပြီး သင်နှင့် ပိုင်ရှင်များ သို့မဟုတ် ဤဆိုဒ်ကို အသုံးပြုသူများ၊ လွှင့်တင်ထားသော ဆာဗာများ၏ ပိုင်ရှင်များ၊ ဝီကီပီးဒီးယား ပံ့ပိုးသူတစ်ဦးချင်း၊ ပရောဂျက်စီမံခန့်ခွဲသူများ၊ အက်ဒမင်များ သို့မဟုတ် ဤပရောဂျက် သို့မဟုတ် ညီအစ်မပရောဂျက်များတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသူများ အကြားတွင် သဘောတူညီချက်၊ သဘောတူစာချုပ် တစ်မျိုးမျိုး ရှိမနေသည်ကို သတိပြုပါ။ ဤဆိုဒ်ပေါ်ရှိ မည်သည့်အကြောင်းအရာကိုမဆို ကူးယူရန် သင့်အား ကန့်သတ်လိုင်စင်တစ်ခုဖြင့် ပေးအပ်ထားပြီး ဝီကီပီးဒီးယား၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ၎င်း၏အေးဂျင့်များ၊ အဖွဲ့ဝင်များ၊ စီစဉ်သူများ သို့မဟုတ် အခြားအသုံးပြုသူများ၏ အစိတ်အပိုင်းတစ်ခုတွင် စာချုပ်စာတမ်းဆိုင်ရာ သို့မဟုတ် အပိုတာဝန်ယူမှုကို ဖန်တီးခြင်း သို့မဟုတ် သတ်မှတ်ထားခြင်း မရှိပါ။

Creative Commons Attribution-Sharealike 4.0 Unported License (CC-BY-SA) နှင့် GNU Free Documentation License (GFDL) တို့ထက် ကျော်လွန်၍ ဤသတင်းအချက်အလက်များအား အသုံးပြုခြင်းနှင့် ပြင်ဆင်ခြင်းအပေါ် သင်နှင့် ဝီကီပီးဒီးယား အကြား သဘောတူညီချက် သို့မဟုတ် နားလည်မှု ရယူထားခြင်း မရှိပါ။ ဝီကီပီးဒီးယား သို့မဟုတ် ၎င်း၏ဆက်စပ်ပရောဂျက်များပေါ်တွင် သင်တင်နိုင်သည့် မည်သည့်အချက်အလက်ကိုမဆို ပြောင်းလဲခြင်း၊ တည်းဖြတ်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများအတွက် ဝီကီပီးဒီးယားရှိ မည်သူတစ်ဦးတစ်ယောက်ထံတွင်မျှ တာဝန်မရှိပါ။

ကုန်အမှတ်တံဆိပ်

ဝီကီပီဒီးယား စွယ်စုံကျမ်းတွင် အသုံးပြု သို့မဟုတ် ရည်ညွှန်း ဖော်ပြထားသော ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှု အမှတ်အသား၊ အစုအပေါင်း အမှတ်အသား၊ ဒီဇိုင်း မူပိုင်ခွင့် သို့မဟုတ် အလာတူ အခွင့်အရေးများသည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်။

ဝီကီပီဒီးယား စွယ်စုံကျမ်းပါ ဆောင်းပါးများတွင် ဖော်ပြထားသော၊ အသုံးပြုထားသော သို့မဟုတ် ကိုးကားဖော်ပြထားသော အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်အသားများ၊ စုပေါင်းအမှတ်အသားများ၊ ဒီဇိုင်းဆိုင်ရာ မူပိုင်အခွင့်အရေးများ သို့မဟုတ် အလားတူအခွင့်အရေးများကို ဝီကီပီဒီးယား စွယ်စုံကျမ်း၏ ဆောင်းပါးများတွင် ဖော်ပြထားခြင်းများသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင်မှုဖြစ်သည်။ ဤနေရာတွင် ၎င်းတို့၏အသုံးပြုမှုသည် CC-BY-SA နှင့် GFDL လိုင်စင်အစီအစဉ်များအောက်ရှိ ဤဝီကီပီးဒီးယားဆောင်းပါးများ၏ မူရင်းစာရေးဆရာများမှ တွေးခေါ်ထားသည့်အတိုင်း တူညီသော သို့မဟုတ် အလားတူသတင်းအချက်အလက်အသုံးပြုမှုမှလွဲ၍ အခြားမည်သည့်ရည်ရွယ်ချက်အတွက်မဆို ၎င်းတို့ကို အသုံးပြုနိုင်ကြောင်း မဆိုလိုပါ။ အခြားနည်းဖြင့် မဖော်ပြထားပါက၊ ဝီကီပီဒီးယားနှင့် ဝီကီမီဒီယာဆိုဒ်များသည် ယင်းအခွင့်အရေးကို ကိုင်ဆောင်ထားသူများနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့၊ ဝီကီပီဒီးယားနှင့် အခြားသော ကာကွယ်ထားသည့်ပစ္စည်းများကို အသုံးပြုရန် မည်သည့်အခွင့်အရေးကိုမှ မပေးနိုင်ပါ။ ထိုကဲ့သို့သော သို့မဟုတ် အလားတူသော ပေါင်းစပ်ပစ္စည်းပိုင်ဆိုင်မှုကို သင့်အနေဖြင့် အသုံးပြုခြင်း သင့်တာဝန်သာ ဖြစ်သည်။

တသီးပုဂ္ဂလ အခွင့်အရေးများ (Personality rights)

အသက်ရှိဆဲ သို့မဟုတ် မကြာသေးမီက ကွယ်လွန်ခဲ့သည့် မှတ်မိသိရှိနိုင်ဖွယ်ရှိသော လူပုဂ္ဂိုလ်အကြောင်း ဖော်ပြချက် အကြောင်းအရာများ ဝီကီပီဒီးယားတွင် ပါဝင်သည်။ အသက်ရှိဆဲ သို့မဟုတ် ကွယ်လွန်ခဲ့ပြီးသော ပုဂ္ဂိုလ်များ၏ ပုံများကို အသုံးပြုရာတွင် တရားစီရင်မှု တချို့နှင့် ငြိစွန်းခြင်း၊ တသီးပုဂ္ဂလ အခွင့်အရေးများအရ ဥပဒေဖြင့် တင်းကြပ်ထားခြင်း၊ မူပိုင်ခွင့်မှ လွတ်မြောက်နေခြင်းများ ဖြစ်နိုင်ပါသည်။ အဆိုပါ အမျိုးအစား အကြောင်းအရာများကို အသုံးမပြုမီ သင်အသုံးပြုရန် ရည်စူးထားသည့် အနေအထားတွင် ဥပဒေကြောင်းအရ အသုံးပြုခွင့် ရှိကြောင်း သေချာအောင် ကျေးဇူးပြု၍ လုပ်ဆောင်ပါ။ တစ်ဦးတစ်ယောက်၏ တသီးပုဂ္ဂလ အခွင့်အရေးများ ချိုးဖောက်ခြင်း မရှိကြောင်း သေချာစေရန် သင့်တဦးတည်းတွင်ပင် တာဝန်ရှိပါသည်။

ပါဝင်သည့် အကြောင်းအရာ၏ တရားစီရင်မှုနှင့် တရားဥပဒေနှင့် ညီညွတ်မှု (Jurisdiction and legality of content)

ဝီကီပီဒီးယားပါ သတင်းအချက်အလက် ဖော်ပြချက်များသည် သင် ဖတ်ရှုသည့်နေရာဒေသ၏ ဥပဒေများ၊ တရားစီရင်ရေးရာများကို ချိုးဖောက်ရာ ရောက်ကောင်း ရောက်နိုင်ပါသည်။ ဝီကီပီဒီးယား ဒေတာအထိုင်ကို အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ဆာဗာတွင် သိမ်းဆည်းထားပါသည်။ ထို့အပြင် ဒေသတွင်းနှင့် ဖက်ဒရယ် ဥပဒေများဖြင့် ရည်ညွှန်းကိုးကားချက်များကို အကာအကွယ်ယူ ထိန်းသိမ်းထားပါသည်။ သင်နေထိုင်ရာ နိုင်ငံ၏ ဥပဒေ သို့မဟုတ် တရားစီရင်ရေးသည် အလားတူ မိန့်ဆိုချက် သို့မဟုတ် အထောက်အကူပေးချက်များကို အကာအကွယ်ပေးချင်မှ ပေးနိုင်ပါလိမ့်မည်။ ဝီကီပီဒီးယားအနေဖြင့် မည်သည့်ဥပဒေ ချိုးဖောက်မှုကိုမှ အားမပေးပါ။ ဤတွင် ပါဝင်နေသော သတင်းအချက်အလက်များကို ပြန်လည် ဖော်ပြချက် သို့မဟုတ် ပြန်လည် ထုတ်လုပ်ချက် သို့မဟုတ် အသုံးပြုထားချက် သို့မဟုတ် ဒိုမိန်းလိပ်စာ ချိတ်ဆက်ထားမှုတို့ကြောင့် ဖြစ်ပေါ်သော မည်သည့်ဥပဒေ ချိုးဖောက်မှုကိုမှ တာဝန် မခံနိုင်ပါ။

ပညာရှင်၏ အကြံပေးချက် မဟုတ်ခြင်း (Not professional advice)

အထူးအကြံဉာဏ် (ဥပမာ ဆေးပညာဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ သို့မဟုတ် အန္တရာယ်အခြေအနေကို စီမံခန့်ခွဲမှု) လိုအပ်လျှင် အဆိုပါ နယ်ပယ်တွင် ဗဟုသုတ ကြွယ်ဝသူ သို့မဟုတ် လုပ်ပိုင်ခွင့် လိုင်စင်ရသူ ပညာရှင် (professional) ကို ရှာဖွေမေးမြန်းပါ။