ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အိုင်ဒီယာ)

ဝီကီပီးဒီးယား မှ
 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 
လက်ဖက်ရည်ဆိုင်၏ အိုင်ဒီယာ အခန်းသည် ဝီကီပီးဒီးယားတွင် စတင်လုပ်ဆောင်နိုင်မည့် အကြံဉာဏ်အသစ်များ သို့မဟုတ် အကြံပြုချက်များ စတင်နိုင်ရန် ဖြစ်သည်။ အများသဘောဆန္ဒ ကောက်ခံဆွေးနွေးခြင်းအတွက် လက်ဖက်ရည်ဆိုင် (အဆိုပြုချက်များ) ကို အသုံးပြုပါ။
အပိုင်းသစ် မစတင်မီ အောက်ပါတို့ကို ကျေးဇူးပြု၍ မှတ်သားပါ

သုံးသပ်ချက်များ မရေးသားမီ အောက်ပါတို့ကို ကျေးဇူးပြု၍ မှတ်သားပါ

  • ဤစာမျက်နှာသည် အများသဘောဆန္ဒ ကောက်ခံရန်နေရာမဟုတ်သည့်အတွက် "ထောက်ခံ" နှင့် "မထောက်ခံ" သုံးသပ်ချက်များအတွက် နေရာမဟုတ်ပါ။ ယင်းအစား အကြံဉာဏ်များကို ဆွေးနွေးပါ။ မူကွဲများကို အကြံပြုပါ။
« ဆွေးနွေးချက် အဟောင်းများ,



မြန်မာ့စွယ်စုံကျမ်း မှ ကူးယူခြင်း[ပြင်ဆင်ရန်]

mywiki မှာ မြန်မာ့စွယ်စုံကျမ်းထဲက တိုက်ရိုက်ကူးယူထားတဲ့ ဆောင်းပါးတွေကို အများအပြား တွေ့ရပါတယ်။ ဒီမူရင်းဆောင်းပါးတွေဟာ Revise မလုပ်ခဲ့တာ ကြာပါပြီ။ တိုက်ရိုက်ကူးယူကြမယ့်အစား ကိုးကားပြီး ဖြည့်စွက်မယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်။ Admin များအနေနဲ့ သတိပေးတာမဟုတ်တောင် တိုက်တွန်းတာမျိုးလုပ်ပေးပါလို့ အကြံပြုလိုပါတယ်။ မျိုးကြည်သာ (ဆွေးနွေး) ၀၄:၀၂၊ ၈ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

တိုက်တွန်းသော်လည်း ဝင်ရေးသူနဲပါးသေးလို့ အဆင်မပြေလောက်လို့ ထင်ပါတယ်။ ဝင်ပြင်နိုင်သူရှိရင် ပြင်ဆင်နိုင်ပါတယ်။ စွယ်စုံကျမ်းက ယူတာက ကျွန်တော်သိသလောက် မြန်မာဝီကီစတော့ ဖောင့်စနစ်... ဘာဘာညာညာတွေကြောင့် ဝင်ရေးသူမရှိသလောက်ဖြစ်လို့ ဆောင်းပါးလိုအပ်မှုအရ အရင်လူတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ခဲ့ကြတာပါ။ အဆင်ပြေတဲ့ဆောင်းပါးတွေပါသလို ဝီကီပုံစံမကျတာတွေလည်းပါပါတယ်။ မှားရင် ဝင်ပြင်နိုင်ပါတယ်၊ ကျွန်တော်တော့ တစ်ပုဒ်လုံးဖျက်ပြီး အသစ်ပြန်ရေးထားတာတွေလည်း စိတ်ပါရင်ဝင်လုပ်တယ်။ reliable sources တွေနဲ့ပေါ့။ နယ်ပယ်စုံက တည်းဖြတ်တတ်သူ အရေအတွက်များလာရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ သာမန်တည်းဖြတ်သူအနနဲ့ သိသလောက် ဝင်ပြောတာပါ၊ ကျန်တာတော့ admin တွေကို အကြံပြုတာဖြစ်လို့ admin တွေဖြေပါလိမ့်မယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၂၉၊ ၈ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့၊ ကျွန်တော်လဲ အသစ်ပြန်ရေးတာတွေလုပ်မယ်စဉ်းစားပါတယ်၊ ဒါပေမယ့် အရင်ရေးထားတာကို လေးစားသမှုနဲ့ဆိုတော့ အကုန်ဖျက် အသစ်ရေးလုပ်ဖို့ကို စိတ်က မရဲဘူးဖြစ်နေတာပါ။
အကြောင်းပြန်တာ ကျေးဇူးတင်ပါတယ် မျိုးကြည်သာ (ဆွေးနွေး) ၁၂:၂၆၊ ၈ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]