အသုံးပြုသူ:Mr.SHN(cumdy)

ဝီကီပီးဒီးယား မှ

သန်လျက်အကြောင်း သိကောင်းစရာ ===•===•===•===•===•===•===•

ကျွန်တော်တို့ မှတ်စုကြမ်းအနေနဲ့ မြန်မာ့ဓားအကြောင်း တင်ပြပြီးတဲ့အခါ မြန်မာဘုရင်များ ကိုင်ဆောင်ခဲ့သော သန်လျက်အကြောင်းကို တင်ဆက်ပေးပါ့မယ်။ သန်လျက်ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များ စစ်သူရဲကောင်းများသာ ကိုင်စွဲရသော ထက်ရှလွန်းသည့် စစ်လက်နက်တစ်မျူ ိး ဖြစ်သည်။ သန်လျက်ကို ထိုးရာ၌၎င်း၊ ခုတ်ရာ၌၎င်း အသုံးပြုနိုင်သည်။

မင်းမြှောက်တန်ဆာငါးပါးတွင် သန်လျက်သည် မပါမဖြစ် ပါဝင်ရသော မင်းမြောက်တန်ဆာတစ်ခု လည်းဖြစ်သည်။

မင်းခမ်းမင်းနားများတွင် သန်လျက်ကို လက်ယာမင်းခမ်းတော်အဖြစ် တွေ့ရသည်။ ထို့ကြောင့် `လက်ယာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက် လျှပ်လျှပ်၊ သားမြီးယပ်နှင့်....´ စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။

ရှေးအခါက ထီးဖြူ ဆောင်းမင်းများသာ ကိုင်စွဲလေ့ရှိသော်လည်း နောက်ပိုင်းတွင် ဘုရင်၏ ချီးမြောက်မှု ခွင့်ပြုချက်ဖြင့် ဘွဲ့တံဆိပ်ရစစ်သူရဲကောင်းတို့ ကိုင်စွဲခွင့်ရကြပုံကို ရာဇဝင်သမိုင်းများတွင် လေ့လာတွေ့ရှိနိုင်သည်။

သန်လျက် ပြုလုပ်ရာတွင် လုပ်သောသံသည် အလွန်ကောင်းမွန်ရသည်။ ငှက်ခါးရောင် အဆင်းရှိသော သံစိမ်းခဲကိုသာ အသုံးပြုရသည်ဟု အဆိုရှိသည်။

အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ကြသော မြန်မာ့အဂ္ဂိရိတ်နည်း၊ မြန်မာ့ ပန်းပဲပညာဖြင့် သန်လျက်ကောင်းတစ်ခု ပြုလုပ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

သန်လျက်ကောင်းတစ်ခု လုပ်ဆောင်ရာတွင် ရှေးဦးစွာ ချေးချွတ်ပြီး သန့်စင်နေသော သံကောင်းကို ကြိုးကြာငှက်၏ဝမ်းတွင် အကြိမ်ကြိမ်ထည့်သွင်းပြီး သံဓာတ်ကို မြင့်တင်ပေးရသည်။

ထို့နောက် ေြ ကွရည်ပြည့်လုပ်ထားသော မီးပြင်းခံ လုံတွင်ထည့်ကာ ရှားမီးနှင့်တိုက်ကာ ကြိုရသည်။ ပတ္တမြားသွေးရောင်၊ ပုစွန်ဆီရောင် စသည်ဖြင့် တဖြေးဖြေး အရောင်ပြောင်းလာပြီး၊ သိင်္ဂီရွှေရောင်အဆင်းရလာမှသာ သံပူရည်ကို ပုံစံခွက်ထဲလောင်းထည့်ကာပုံလောင်းရသည်။ ရလာသောပုံစံကြမ်းကိုမှ ပေပေါ်တင်ကာ မီးပြ၊ ရေချပြီး အကြိမ်ကြိမ် တူဖြင့်ထုနှက်ရသည်။

တဖြေးဖြေးပုံစံကျကာ မာကျောပါးလွှာလာသော ဓားသွားကို လေတွင်ခုတ်ကာ စမ်းရသည်။ ဓားအလွှဲ အခုတ်တွင် လေတိုးသံမကြားရတော့မှ တူဖြင့်ထုခြင်း၊မီးပြ၊ ရေချခြင်း ပြီးသည်ဟု အယူရှိသည်။

ရလာသောဓားသွားကို ဦးစွာ ယင်းတိုက်သားဖြင့် အရိုးတပ်ရသည်။ ထို့နောက် မုန်ညှင်းဆီဖြင့် ပွတ်ကာ လိပ်သည်းကျောက်ပေါ်တွင် တင်ကာ အရောင်ထွက်အောင် သွေးပေးရသည်။ နေရောင်တွင်ထောင်ကာကြည့်က မှန်ကဲ့သို့ ကြည်လင်ပြီး အရောင်ငြီးငြီးတောက်လာသည် အထိသွေးပေးရသည်။ ပြီးမှသာ လိုချင်သောဓားသွားပုံစံအတိုင်း ထက်မြလာအောင် သဲကျောက်တွင်တင်ကာ အချိန်အတော်ယူပြီး သွေးခြင်းအမှုပြုရသည်။

ပြီးမှသာ နောက်ဆုံးအဆင့်အနေဖြင့် ဆင်စွယ်ရိုးတပ်ကာ ချိတ်ရည်လောင်း၊ ခဲရည်လောင်းပြီး ဓားကိုနောက်ပိတ်ရသည်။ ထို့နောက် ဓားရိုးပေါ်တွင်ရွှေပိန်းချခြင်း၊ ကျောက်စီခြင်း၊ ဓားသွားပေါ်တွင် ခြူ းနွယ်များ စာများရေးထွင်းခြင်း လုပ်ရသည်ဟု သိရသည်။

ထိုနည်းအဆင့်ဆင့်တိုင်းတွင် ပန်းပဲဆရာသည် ငါးပါးသီလလုံခြင်း၊ အသားကြီးငါးကြီး စားခြင်းကိုရှောင်ကျဉ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်မှသာသန်လျက်ကောင်း၊ ဓားကောင်းလုပ်ရာသည်ဟု အဆိုရှိသည်။

ထို့ကြောင့် သန်လျက်သည် အထူးပြုလုပ်ထားသော ဓားကောင်းတစ်ခုဖြစ်ကာ ထက်မြက်လွန်း၍ ဆင်ပေါက် လည်တိုင်ကိုပင် တိကနဲ ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာ ပြုခဲ့ကြပေသည်။

ထောင်ထားသော ဓားသွားပေါ်ကို လေဖြင့်မှုတ်ပြီး ဆံပင်တစ်ချောင်း ရိုက်ချကာ ယင်းဆံပင် တိကနဲပြတ်ကျသွားမှသာ ဓားသန်လျက်ဟု သမုတ်နိုင်ကြောင်း ရာဇဘိသေကကျမ်း၌ ပါရှိသည်။

သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟု ဆိုခဲ့သောကြောင့် သန်လျက်နှင့် ဓားကို ပေါင်းစပ်ကာ "သန်လျက်ဓား"ဟုလည်း သုံးခဲ့ကြသည်။ အသွားနှစ်ဖက်ရှိသော သန်လျက် အစစ်ကိုသာ သန်လျက်ဓားဟု ခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင် သန်လျက်ဓားဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

သန်လျက်ဟူသည်ကား အခြားသော သံနှင့်လုပ်ထားသော လက်နက်တိုင်းကို ပိုင်းဖြတ်နိုင်သော မာကျောလှသော လက်နက်အထူး လက်နက်ဘုရင်လည်းဖြစ်သည်။

သန်လျက်ကို ဘုန်းကံရှိသော ယောကျာၤးမြတ်တွေသာ ကိုင်စွဲနိုင်တယ်လို့ အယူရှိကြပါတယ်။

ရာဇဝင်ကျမ်းအဆိုအရ သန်လျက် ၂ မျူ ိးရှိသည်။ တစ်ဖက်သာ အသွားရှိသော ဧကတောဓာရ သန်လျက်နှင့် နှစ်ဖက်သွားရှိသော ဥဘတောဓာရ သန်လျက်ဟူ၍ လည်းကောင်း၊ ဦးဖျား စဉ်းငယ်ညွတ်သော ဧသာဂ္ဂသန်လျက်နှင့် ဦးဖျားမညွတ်ဘဲ အစဉ်အတိုင်း ဦးဖျား သေးသော ဥဇုဂ္ဂသန်လျက်ဟူ၍လည်းကောင်း နှစ်မျူ ိး ခွဲကြသည်။

မြန့်မာရာဇဝင်ကျမ်းလာ သန်လျက်ပုံစံများကတော့ ကြိဂံချွန်ကဲ့သို့ အရင်းပြား၍အဖျား ချွန်သွားသော ပုံစံနှင့် အရင်းသွယ်ကာ အဖျားကြီးသွားသော ပုံစံဟူ၍ ၂ မျူ ိးတွေ့ရသည်။ ပထမပုံစံကို ထီးဖြူ ဆောင်းမင်းများ ကိုင်ဆောင်လေ့ရှိပြီး၊ ဒုတိယပုံစံကိုတော့ စစ်သူရဲများ ကိုင်လေ့ရှိသည်ဟု လေ့လာတွေ့ရှိရသည်။

သန်လျက်၏ အသွား အလျားပမာဏသည် သုံးဆယ့်သုံးသစ်၊( သုံးပေ နီးပါး) အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ၍ သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့၌ လာသည်။

ရာဇဝင်၌ နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည် ဒုတိယ နရပတိစည်သူ လက်ထက်တော်တွင် သူရဲကောင်း ရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ ငုပ်ပြီးသော် မင်းကြီး၏ ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချူ ပ်ကိုင်သော မိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။

ဗုဒ္ဓဝင်၌လည်း ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် လက်စွဲတော် သန်လျက်ဖြင့် ဆံတော်ကို ပယ်ဖြတ်ကာ ကောင်းကင်သို့ ပစ်တင်သည်လို့ပါရှိပါသည်။

ထို့ကြောင့် သန်လျက်ဟူသော ဓားလက်နက်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀-၃၀၀၀ ခန့်ကတည်းက ရှိခဲ့သော ရတနာလက်နက် တခုအဖြစ်မှတ်ယူနိုင်ပါတယ်။

အခုအခါမှာတော့ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ကုန်းဘောင်မင်းဆက်တည် မင်းတရားကြီး အလောင်းဘုရားဦးအောင်ဇေယျ ကိုင်ဆောင်ခဲ့သော သန်လျက်ဓါးကို သမိုင်းစိတ်ဝင်စားသူများ လေ့လာနိုင်အောင် ပြသထားရှိပါသည်။

ကိုးကား။ မြန်မာ့စွယ်စုံကျမ်း

             ရာဇဘိသေကကျမ်း
              မှန်နန်းရာဇဝင်
              ဇိနတ္တပကာသနီ ဗုဒ္ဓဝင်ကျမ်း
              မြန်မာ့ အဂ္ဂိရိတ်ကျမ်း

From-သုတကြယ်စင်( https://m.facebook.com/notesofkn/)

  1. SwamHtet မှတ်စုကြမ်းမှ ပြန်လည်မျှဝေသည်။