သင်ကာ
From Wikipedia
| my | ဤအသုံးပြုသူသည် မြန်မာစကား ပြော၍ မြန်မာနိုင်ငံတွင်မွေးဖွားပါသည်။ |
|---|
ဘလော့ဂ်စတင်ရေးချိန် အမည်မှာ အမ်.အမ်. ဖီလော်ဆိုဖာဖြစ်သည်။ နောက်ပိုင်းတွင် အမ်.အမ်. သင်ကာ ဟုပြောင်းလဲလိုက်သည်။ သင်ကာမှာ အင်္ဂလိပ်စကား Thinker ကိုယူထားခြင်းဖြစ်ပြီး တွေးဆမှုကို အလေးပေးသူဟု ဆိုလိုချင်သည်။ အမ်.အမ်.မှာ အခြားဘလော်ဂါ သင်ကာများနှင့် ကွဲပြားစေရန် မြန်မာပြည်ကို ကိုယ်စားပြု၍ ထည့်သည်။ ဘလော့ဂ်အကျော်အမော် ကလိုစေးထူးက “တွေးဆသူ”ဟု အမည်ပေးသည်။ ဘလော့ဂ်ရေးဘက် အပေါင်းအသင်းများက “အတွေးသမား”၊ “သင့်ကာ”စသည်ဖြင့် အဆင်သင့်သလို ခေါ်ကြသည်။
Contents |
[ပြင်ဆင်ရန်] ဘလော့ဂ်ရေးခြင်း
သြဂုတ်လ ၂၀ဝ၇ မှ စ၍ ဘလော့ဂ်ရေးသည်။ Blogspot မှ Wordpress, ထိုမှ Free Host ဖြင့်ထိုင်သော Wordpress သို့ပြောင်းရေးသည်။ လတ်တလော ဘလော့ဂ်လိပ်စာမှာ အမ်.အမ်.သင်ကာ [၁] ဖြစ်သည်။ ဒဿန၊ ခရီးသွားဆောင်းပါး၊ အတွေးအမြင်၊ ဂန္ထဝင်စာပေများပြန်လည်ဆန်းသစ်ခြင်း၊ အက်ဆေး၊ ကဗျာ၊ ပန်းချီ တို့ကို ပို့စ်ရေးသားသည်။
[ပြင်ဆင်ရန်] အနုပညာလုပ်ငန်း
ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းများတွင် ကဗျာ၊ ဝတ္တု၊ အတွေးအမြင်၊ နိုင်ငံတကာရေးရာ၊ ဘာသာပြန်ဆောင်းပါး ၁၂၀ ကျော်ကို ကလာင်ခွဲအမျိုးမျိုးဖြင့်ရေးသားခဲ့သည်။ ဆက်လက်ရေးသားနေဆဲလည်း ြဖစ်သည်။ အများဆုံးရေးဖြစ်သော မီဒီယာများမှာ သုတစွယ်စုံမဂ္ဂဇင်း၊ နိုင်ငံတကာရေးရာ သတင်းလွှာဂျာနယ်၊ Living Color မဂ္ဂဇင်း၊ ရွှေဗေဒင်ဂျာနယ်၊ Three Seasons အားကစားစာစောင်၊ ခေတ်မြန်မာဂျာနယ်၊ The Voice Weekly ဂျာနယ်၊ ထရုနယူးစ်ဂျာနယ် နှင့် အတွေးအမြင်စာစောင်တို့ဖြစ်သည်။ အွန်လိုင်းမီဒီယာများအနက် လောကအလှ၊ ပိတောက်နွေနှင့် လူထုအသံတို့တွင် အများဆုံးရေးသည်။
သူငယ်ချင်း၊ ဆရာသမားများနှင့် ပူးတွဲ၍ ပန်းချီပြပွဲတစ်ခုလည်း ပြုလုပ်ခဲ့သည်။ ၂၀ဝ၈ ခုနှစ်မှစ၍ အနုပညာရှင် ဘလော်ဂါများ၊ ပြင်ပဝါသနာရှင်များကိုစုစည်း၍ အွန်လိုင်းပေါ်မှ သုတ၊ ရသစုံဖော်ပြသော ဖွဲ့တည်ရာမဂ္ဂဇင်း [၂]ကို အခမဲ့ ဖြန်ချိထုတ်ဝေလျက်ရှိသည်။
[ပြင်ဆင်ရန်] ဝီကီတွင် သင်ကာ၏ ပံ့ပိုးမှုများ
my.wikipedia တွင် ပံ့ပိုးမှုများ [[၃]]
wikimyanmar တွင် ပံ့ပိုးမှုများ [၄]
ယူနီကုဒ်စနစ် မြန်မာစာတွင် တွင်ကျယ်ရေးကိုလည်း ကူညီနေပါသည်။
[ပြင်ဆင်ရန်] ဝီကီမှာ ပြင်ဆင်စရာများနှင့် အကူအညီ
ကြည့်ပါ။ [[၅]]
[ပြင်ဆင်ရန်] သင်ကာ၏ Wiki Adminship Request
ကျနော်သည် ဝီကီတွင် မြင်ရသလောက်သော အမှားများကို ကူညီပြင်ဆင်ရန်၊ လိုအပ်သည်တို့ကို ဖြည့်စွက်ရေးသားရန် ဤမြန်မာဝီကီတွင် အက်ဒမင်နေရာကိုေလျှာက်ထား အရွေးခံနေပါသည်။ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ကြားနေခြင်း သဘောထား မှတ်ချက်ပေးရန် [[၆]]
[ပြင်ဆင်ရန်] Ko Hintha's Good Topics
ဟင်္သာ စထားခဲ့တဲ့ ခေါင်းစဉ်ကောင်းတွေ [[၇]]ကို တွေ့ရပါတယ်။ ဒါတွေကိုလည်း မရေးရ မစရသေးတာတွေမှာ လိုက်ဖြည့်နေပါတယ်။