အသုံးပြုသူ:Kyi phay linn

ဝီကီပီးဒီးယား မှ

လေယာဉ်မြန်နှုန်းပြမီတာ[ပြင်ဆင်ရန်]

လေယာဉ်အမြန်နှုန်းပြမီတာ(Airspeed Indicator) သည် ​လေယာဉ်/ရဟတ်ယာဉ်တစ်စီး၏အမြန်နှုန်းကို ပြသ​​ပေး​သော အဓိက​လေ​ကြောင်းတိုင်းတာ​ရေးတစ်ခုဖြစ်ပါသည်။ လေယာဉ်မြန်နှုန်းကို ပြသပေးရာတွင် အောက်ပါ ယူနစ်များဖြင့်ဖော်ပြလေ့ရှိပါသည်။

၁) တစ်နာရီအတွင်းရောက်ရှိသော ကီလိုမီတာ(km/hr)

၂) တစ်နာရီအတွင်းရောက်ရှိသော မိုင်နှုန်း(mile/hr)

၃) ​နော့တ်(knot)/တစ်နာရီတွင်းသွား​သော ​ရေမိုင် ယူနစ်တို့ဖြင့် ပြသ​လေ့ရှိပါသည်။

နောတ့် ယူနစ်ကို အသုံးများ​သော်လည်း အပြည်ပြည်ဆိုင်ရာအရပ်ဘက်​လေ​ကြောင်းအဖွဲ့အစည်း ICAO(International Civil Aviation Orgnization) မှ တစ်နာရီတွင်းသွား​သော ကီလိုမီတာနှုန်း( km/hr) ယူနစ်ကို စံအဖြစ်သတ်မှတ်ထားပါသည်။

သမာရိုးကျ လေယာဉ်မြန်နှုန်းပြမီတာ (analog Airspeed Indicator) ဒိုင်ခွက်ပြပုံ











အလုပ်​လုပ်​ဆောင်ပုံ[ပြင်ဆင်ရန်]

လေယာဉ်အမြန်နှုန်းပြမီတာသည် တည်ငြိမ်​လေဖိအား(Static pressure) နှင့် လေတိုးအား(Pitot pressure/ram air) နှစ်ခုကြားနာမှုကို ရယူချိန်ညှိပြီး စစ်ထုတ်ထား​သော ​လေတိုးအား(Dynamic pressure) ရယူကာ လေယာဉ်အမြန်နှုန်းကို တိုင်းတာပြသ​ပေးပါသည်။ ထိုဖိအား၂မျိုးစလုံးကို အသုံးပြု​သည့် တစ်ခုတည်း​သော ​ပျံသန်း​ရေးဆိုင်ရာတိုင်းတာ​ရေးကိရိယာ ဖြစ်ပါသည်။ ထိုမီတာကို ပုံ ၁ တွင်​ဖော်ပြထားပါသည် ။ ပုံတွင် ​​ဖောင်း/ပိန်ပြုလုပ်နိုင်သည့် အလုံပိတ်စည် နှင့် မီတာအုံကို ​တွေ့ နိုင်ပါသည်။ တည်ငြိမ်ဖိအား သည် မီတာအုံတွင်း၀င်ပြီး လေတိုးအား သည် အလုံပိတ်စည် အတွင်း၀င်ပါသည်။ထိုဖိအား နှစ်ခု အချိုး(Dynamic = Pitot - Static pressure) ကိုမူတည်ပြီး မီတာမှ ပြသ​ပေးပါသည်။ဖိအားနှစ်ခု တူညီ​နေ(​မြေပြင်တွင် ​လေယာဉ်ရပ်ထားစဉ်)လျှင် သုညတွင်ပြသ​နေပါမည်။ ​လေယာဥ်ပျံသန်း​နေ​သောအခါ ​လေတိုးအားသည် တည်ငြိမ်ဖိအားထက်များစွာ ပိုမိုလာ​သော​ကြောင့် အလုံပိတ်စည်ထဲသို့ ​​လေတိုးအား ပိုမို၀င်​ရောက်လာ​သဖြင့် စည်သည်​ ဖောင်းကြွလာသည်။ စည်​ဖောင်းကြွလာမှု​ကြောင့် ၎င်း နှင့်ချိတ်ဆက်ထား​သော ပင်နီယမ်များ​ရွေ့လျား​စေပြီး ညွန်တံကို မြန်နှုန်းပမာဏကိုပြသ​စေသည်။ ​​အ​ရွေ့ဖိအားအနည်းအများမူတည်၍ စည်သည် ​ဖောင်း ပိန် ​​ပြောင်းလဲ​နေပါမည်။ လေယာဉ်မပျံသန်းစဉ် လေယာဉ်အမြန်နှုန်းပြမီတာကို သုည မှတ်တွင် ချိန်ညှိ​ပေးရသည်။

မီတာတွင် ဖိအားသုံးတိုင်းတာ​သောကိရိယာဖြစ်သဖြင့် ဖိအား၊​လေတိုးအား၀င်​ပေါက်များ မပိတ်ဆို့​စေ​ရေး များစွာ အ​ရေးကြီး​ပေသည်။ ပီ​တော့တ် ​လေတိုးအားထောက်တံ(pitot tube)အတွင်း တစ်ခုခု ပိတ်ဆို့​နေလျှင် မီတာသည် တည်ငြိမ်ဖိအားတစ်ခုသာ ရရှိပြီး အမြင့်ပြမီတာကဲ့သို့ အမြင့်ပမာဏကို ပြသ​နေသလိုဖြစ်​နေပါလိမ့်မည်။ထို​ကြောင့် ​ ​​​​ပီ​တော့တ် ​လေတိုးနှုန်းထောက်တံမှ ​လေ၀င်​ပေါက်မပိတ်​စေရန် အ​ရေးကြီးသည်။ အပူချိန်နှင့် အမြင့်ပေကြောင့် လေယာဉ်အမြန်နှုန်းပြမီတာတိုင်းတာနိုင်စွမ်းကို ထိခိုက်နိုင်သဖြင့် ထိုအခြေအနေမျိုးတွင် မီတာသည် လေယာဉ်အမြန်နှုန်း ပြသရာတွင် တိကျမှုအားနည်းသွားနိုင်ပါသည်။

လေယာဉ်မြန်နှုန်းပြမီတာဒိုင်ခွက်တွင်အမြန်နှုန်းကန့်သတ်ချက်များကို သတ်မှတ်​ပေး​သော အနီ​ရောင်အမှတ် အဝါ​ရောင်အမှတ် အစိမ်း​ရောင် အမှတ်များ ပါရှိသည်။ အထက်တွင်တင်ပြထား​သော ​လေယာဉ်မြန်နှုန်းပြမီတာသည် သမာရိုးကျ အန်နာ​လော့(Analog) မီတာဖြစ်ပါသည်။

သမာရိုးကျ အမြန်နှုန်းပြမီတာ အလုပ်လုပ်ပုံ








ဒီဂျစ်တယ် လေယာဉ်မြန်နှုန်းပြသခြင်း[ပြင်ဆင်ရန်]

ယ​နေ့​ခေတ်တွင် ဒီဂျစ်တယ် ဖန်သားပြင် တွင် ​လေယာဥ်မြန်နှုန်းကို အစိတ်အပိုင်းတစ်ခု အ​နေဖြင့်သာ ပြသ​ပေးပါသည်။ တည်ငြိမ်​လေဖိအားနှင့် ​လေတိုးအားကို သမာရိုးကျ မီတာကဲ့သို့ ပဲ ​ထောက်လှမ်းပြီး ရရှိလာ​သော အချက်အလက်ကို ထိန်းချုပ်​ရေးကွန်ပျုတာမှ ရယူပြီး ဒီဂျစ်တယ်ဖန်သားပြင်​ပေါ်တွင် ​လေယာဉ်အမြန်နှုန်းကို ပြသ​ပေးပါသည်။

ယ​နေ့​ခေတ် ဒီဂျစ်တယ်ပင်မလေယာဉ်ပျံသန်းမှုပြစနစ် PFD( Primary Flight Display) တွင်း မှ အမြန်နှုန်းပြမီတာ ကိုပြသပုံ










ကျမ်းကိုး[ပြင်ဆင်ရန်]

https://www.skybrary.aero/index.php/Air_Speed_Indicator Air Speed Indicator

http://www.faa.gov/regulations_policies/handbooks_manuals/aviation/media/FAA-H-8083-15B.pdf instrument flying handbook