အသုံးပြုသူ:Anyartharlay07

ဝီကီပီးဒီးယား မှ

It is Sample ။။မန်လည်ဆရာတော်။။ မန်လည်ဆရာတော်သည် အထက်မြန်မာနိုင်ငံ၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် မန်လည်မြို့၌ အဖ သစ်ကုန်သည် ဦးထင်ညို၊ အမိ ဒေါ်ဖြေတို့မှ မြန်မာ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်၊ နှောင်းတန်ခူး လဆန်းလ ၁၂ ရက် ၊ အင်္ဂါနေ့ ညဉ့် ၃ ချက်တီးကျော်တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မောင်မာ ဖြစ်သည်။ ထိုသူငယ် အသက် ၃-နှစ် အရွယ်တွင် ဖခင် ဦးထင်ညို ကွယ်လွန်ခဲ့လေသည်။ မန်လည်ဆရာတော် လောင်းလျာ မောင်မာကို အသက် ၁၂-နှစ်အရွယ်ရောက်သောအခါ ဝန်းသိုမြို့ တောင်ပေါ်ကျောင်း ဝန်းသိုစော်ဘွား၏ နောင်တော် ဘုန်းတော်ကြီး ဦးပန်းအောင်ထံ၌ အပ်နှံ၍ စာသင်စရာ၊ တစ်နှစ်အတွင်းမှာပင် မြန်မာစာ အခြေခံရခဲ့သဖြင့် သွက်သွက်လက်လက် ရွတ်ဖတ်နိုင်လေသည်။ ကဗျာလင်္ကာများကို အထူးဝါသနာပါခဲ့သည့် အလျှောက် ရှေးပညာရှိများ ရေးသားသောပျို့ကဗျာများကို သင်ကြားကြည့်ရှု လေ့လာခဲ့ရာ ၁၆ နှစ် အရွယ်မတိုင်မီပင် ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု စသည်များကို လျင်မြန်စွာ ရေးသား စပ်ဆိုနိုင်လေသည်။ အသက် ၁၅ နှစ် အရွယ်တွင် မိခင် ဒေါ်ဖြေ ကွယ်လွန်အနိစ္စ ရောက်ပြီးနောက် ၁၆ နှစ်သား အရွယ်ရောက်မှ ဝန်းသိုစော်ဘွားကြီး၏ နောင်တော် ဘုန်းကြီးဦးပန်းအောင်ထံမှာပင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ သာမဏေဘွဲ့ကား ရှင်ဇဝနတည်း။