ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ညီလာခံအဖွဲ့

Wikipedia မှ
(UNCTAD မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ညီလာခံ (အန့်တက်) နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ညီလာခံအဖွဲ့ (UNCTAD) [ပြင်​ဆင်​ရန်​]

ကုလသမဂ္ဂအထွေထွေညီလာခံမှ ၁၉၄၆ ခုနှစ် ၊ ဒီဇင်ဘာလတွင် ၄င်း၏ အမြဲတမ်းအဖွဲ့အစည်း တစ်ရပ်အဖြစ် အန်းတက်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည် ။ အန်းတက်အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ဖြိုးရန် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုဖွံ့ဖြိုး ရေးလုပ်ငန်းကို ကမ္ဘာ့အတိုင်း အတာဖြင့် စီမံဆောင်ရွက်ပေးရန်နှင့် အပြညြ်ုပည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတို့ကို ညှိနှိုင်း ဆောင်ရွက်ပေးရန် ဖွဲ့စည်းခြင်းဖြစ် ပါသည် ။ မြန်မာနိုင်ငံသည် အန်းတက် အဖွဲ့ကို စတင်တည်ထောင်သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည့်နိုင်ငံဖြစ်ပါသည်။ အန်းတက် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ပါသည် ။

အန်းတက်ဝန်ကြီးများအဆင့် ညီလာခံ [ပြင်​ဆင်​ရန်​]

အန်းတက်ဝန်ကြီးများ အဆင့်ညီလာခံကို လေးနှစ်လျှင်တစ်ကြိမ် အန်းတက်အဖွဲ့ဝင်နိုင်ငံ များ၏မြို့တော်များတွင် ကျင်းပပါသည်။ အန်းတက် စတင်တည်ထောင်သည့် ၁၉၆၄ ခုနှစ်မှ ၂၀ဝ၈ ခုနှစ် အထိ ၁၂ ကြိမ် ကျင်းပ ခဲ့ပြီး ဖြစ်ပါသည် ။ ၂၀၁၂ ခုနှစ်တွင် ကျင်းပမည့် အစည်းအဝေးကို ကာတာနိုင်ငံ ဒိုဟာ တွင် ကျင်းပရန် စီစဉ်ထားသည်။

အန်းတက်အဖွဲ့ ခေါင်းဆောင်များ [ပြင်​ဆင်​ရန်​]

အမည် ကာလ နိုင်ငံ
Dr. Raúl Prebisch ၁၉၆၃ - ၁၉၈၉ အာဂျင်တီးနားနိုင်ငံ၏ အလံတော် အာဂျင်တီးနား
Mr. Manuel Pérez-Guerrero ၁၉၆၉ - ၁၉၇၄ ဗင်နီဇွဲလား Venezuela.png
Dr. Gamani Corea ၁၉၇၄ - ၁၉၈၄ သီရိလင်္ကာနိုင်ငံ၏ အလံတော် သီရိလင်္ကာ
Mr. Alister McIntyre ၁၉၈၅ ဂရီနေဒါနိုင်ငံ
Mr. Kenneth K.S. Dadzie ၁၉၈၆ - ၁၉၉၄ ဂါနာနိုင်ငံ၏ အလံတော် ဂါနာ
Mr. Carlos Fortin ၁၉၉၄ - ၁၉၉၅ ချီလီနိုင်ငံ၏ အလံတော် ချီလီ
Mr. Rubens Ricupero ၁၉၉၅ - ၂၀ဝ၄ ဘရာဇီးနိုင်ငံ၏ အလံတော် ဘရာဇီး
Mr. Carlos Fortin ၂၀ဝ၄ - ၂၀ဝ၅ ချီလီနိုင်ငံ၏ အလံတော် ချီလီ
Dr. Supachai Panitchpakdi ၂၀ဝ၅ - ယနေ့ထိ ထိုင်းနိုင်ငံ၏ အလံတော် ထိုင်း