Take That
Wikipedia မှ
| Take That | |
Take That in 2009 |
|
| အချက်အလက်များ | |
|---|---|
| မူလတိုင်းပြည် | မန်ချက်စတာ၊ အင်္ဂလန် |
| ဂီတဟန် | ပေါ့ပ် |
| Years active | 1990–1996 2005-present |
| တေးသံသွင်း ကုမ္ပဏီ | Sony Music, Universal, Polydor |
| ပူးတွဲ သရုပ်ဆောင်မှု | Lulu |
| ဝက်ဘ်ဆိုက် | takethat.com |
| အဖွဲ့ဝင်များ | |
| Gary Barlow Howard Donald Jason Orange Mark Owen Robbie Williams |
|
Take That သည် ဂယ်ရီ ဘားလိုး (Gary Barlow)၊ ဟောင်းဝပ်ဒ် ဒေါ်နယ် (Howard Donald)၊ ဂျေဆင် အောရိမ့်ဂျ် (Jason Orange)၊ မာ့ခ် အိုဝင် (Mark Owen) နှင့် ရောဘီ ဝီလျမ်စ် (Robbie Williams) စသည့် တေးသံရှင်များ ပါဝင်ဖွဲ့စည်းထားသည့် ဗြိတိသျှ ခေတ်ပေါ် ပေါ့ပ်ဂီတအဖွဲ့ဖြစ်သည်။ ဂယ်ရီသည် ပင်တိုင်အဆိုရှင်ဖြစ်သည့် အပြင် အဓိက တေးရေးသမားလည်း ဖြစ်သည်။[၁][၂][၃] Take That အဖွဲ့သည် ယူကေတစ်နိုင်ငံတည်းတွင်ပင် လူကြိုက်အများဆုံး ၄၀ (top 40) စာရင်းဝင် သီချင်း ၂၅ ပုဒ်၊ လူကြိုက်အများဆုံး ၅ (top 5) စာရင်းဝင် ၁၆ ပုဒ်ရှိခဲ့ပြီး ယင်းတို့အနက် ၁၁ ပုဒ်မှာ နံပတ် ၁ နေရာတွင် ရှိခဲ့သည်။[၄] ၎င်းတို့ ထုတ်ဝေခဲ့သည့် တေးအယ်လ်ဘမ်များအနက် ၆ ခုမှာ နံပတ် ၁ နေရာ ရခဲ့ဖူးသည်။[၄]