Single sign-on

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Single sign-on (SSO) သည် များလှစွာသော စနစ်များကို ရယူအသုံးပြုနိုင်သော နည်းပညာ တစ်ခု ဖြစ်သည်။ ဤနည်းပညာကို အသုံးပြုခြင်းဖြင့် အသုံးပြုသူသည် စနစ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စနစ်ကို ID နှင့် စကားဝှက် တစ်မျိုးတည်းဖြင့် ဝင်ရောက်ကာ အသုံးပြုနိုင်သည်။ မတူညီသော အသုံးပြုသူအမည် ၊ စကားဝှက်များ အသုံးပြုရန် လိုအပ်တော့မည် မဟုတ်ပေ။ ၎င်းသည် Lightweight Directory Access Protocol (LDAP) နည်းပညာကို အသုံးပြုသည်။ LDAP databases များကို ဆာဗာများတွင် သိမ်းထားသည်။ ရိုးရှင်းသော SSO ကို cookies အသုံးပြုကာ အိုင်ပီကွန်ရက် (IP Networks) များတွင် အသုံးပြုနိုင်ပေသည်။

အပြန်အလှန်အားဖြင့်ပင် Single sign-off ဆိုသည်မှာ စနစ်တစ်ခုမှ ထွက်လိုက်ပါက အခြားစနစ်များမှ ထွက်သွားသော နည်းပညာ ဖြစ်သည်။

အကျိုးကျေးဇူး[ပြင်ဆင်ရန်]

SSO ကို အသုံးပြုခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးတို့မှာ :

  • 3rd-party sites ကို အသုံးပြုရာတွင် အခက်အခဲများ လျော့ချနိုင်သည်။
  • အမျိုးမျိုးသော အသုံးပြုသူအမည်နှင့် စကားဝှက်များကို လျော့ချနိုင်ပေသည်။
  • တူညီသော identity စကားဝှက်များ ပြန်လည်ထည့်သွင်းစရာမလိုသည့်အတွက် အချိန်ကုန် သက်သာစေသည်။
  • စကားဝှက်နှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို လျော့ချနိုင်သည်။