ဆမ္မာရီယမ်
| ဆမ္မာရီယမ်(Samarium) | |
ငွေဖြူရောင် |
|
| အက်တမ် အမှတ်စဉ် | ၆၂ |
|---|---|
| အက်တမ် အလေးချိန် | 150.35 g.mol -1 |
| သိပ်သည်းဆ | 6.9 g.cm-3 at 20°C |
| အီလက်ထရို နက်ဂတစ်ဗတီး | 1.2 |
| အရည်ပျော်မှတ် | 1072 °C |
| ဗင်န်ဒါဝေါလ် အချင်းဝက် | မသိ |
| အိုင်ယွန်နစ် အချင်းဝက် | မသိ |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၁၁ |
| အီလက်ထရွန်းနစ် ရှဲလ် | [ Xe ] 4f6 6s2 |
| ပထမ အိုင်ရွန်နိုင်ဇေးရှင်း ဖြစ်ရန် လိုသောစွမ်းအင် |
542.3 kJ.mol -1 |
| ရှာဖွေတွေ့ရှိသူ | Paul Emile Lecoq de Boisbaudran |
| တွေ့ရှိသည့် ခုနှစ် | ၁၈၇၉ |
ဆမ္မာရီယမ်(Samarium) သည် Periodic table ၏ Lanthanide အုပ်စု တွင်ပါဝင်သော ငွေဖြူရောင် ရှိ သတ္တုတစ်မျိုးဖြစ်ပြီး ဓာတုသင်္ကေတမှာ Sm ဖြစ်ပါသည်။ ၎င်းသည် အခန်းအပူချိန် ရှိ ခြောက်သွေ့သော လေထုမှာ တည်ငြိမ်မှု ရှိသော်လည်း အပူချိန် ၁၅၀ စင်တီဂရိတ် အထက်ထိ အပူပေးပါက လောင်ကျွမ်းသွားပြီး စိုထိုင်းသော လေထုထဲတွင် အပေါ်ယံပိုင်းသည် အောက်ဆိုဒ်(Oxide) ဖြစ်သွားပါသည်။
မာတိကာ |
အသုံချခြင်းများ [ပြင်ဆင်ရန်]
ဆမ္မာရီယမ်(Samarium) ကို ဓာတ်ကူပစ္စည်း အဖြစ် တိကျသေချာသည့် အော်ဂင်းနစ် ဓာတ်ပြုခြင်းတွေမှာ အသုံးပြုပါသည်။ ဆမ္မာရီယမ် ဒိုင်အောက်ဆိုဒ်Samarium Iodide (SmI2) ကို သဘာဝ ထုတ်ကုန်များ ၏ အတူအယောင် ပုံစံများထုတ်လုပ်နိုင်ဖို့ အတွက် ဓာတုဗေဒ သူသေတန ပညာရှင်များ အသုံးပြုကြပါသည်။ အောက်ဆိုဒ် Samiria ကို အထူးပြုလုပ်ထားသော အနီအောက်ရောင်ခြည်ကို စုပ်ယူနိုင်သော ဖန်ပြုလုပ်ဖို့ လည်းကောင်း၊ arc မီးချောင်းများတွင် သုံးသော လျှပ်ခေါင်းများတွင် ကာဗွန် အလည်တိုင် အူချောင်းအဖြစ်သော်လည်းကောင်း နှင့် အီသနောမှ ရေဖယ်ထုတ်ခြင်းနှင့် ဟိုက်ဒြိုဂျင် ဖယ်ထုတ်ဖို့အတွက် ဓာတ်ကူပစ္စည်း အဖြစ် အသုံးပြုပါသည်။ ဆမ္မာရီယမ်ကိုဘော့ (SmCo5) ဓာတ်ပေါင်းကို သံလိုက် ပြုလုပ်ရာတွင်လည်း အသုံးပြုပါသေးသည်။
ပတ်ဝန်းကျင်တည်ရှိပုံ [ပြင်ဆင်ရန်]
ဆမ္မာရီယမ်(Samarium) သည် ရှားပါးဒြပ်စင်းများတွင် ၅ခုမြောက် အပေါများဆုံ ဒြပ်စင်ဖြစ်ပါသည်။ ၎င်းသည် သံဖြူထက် လေးဆ နီးပါးပေါများပါသည်။ ၎င်းကိုတော့ သဘာဝမှာ လွတ်လပ်စွာ မတွေ့ရပါ။ သို့သော်လည်း မြောက်များစွာသော တွင်းထွက် ပစ္စည်းများဖြစ်သော Monazite, Bastnasite နှင့် Samarskite တို့တွင် ပါဝင်နေပါသည်။ ဆမ္မာရီယမ်(Samarium ) ပါဝင်သော သတ္တုရိုင်းများကို အမေရိကန်၊ တရုတ်၊ ဘရာဇီး၊ အိန္ဒိယ၊ ဩစတြေးလျ နှင့် သီရိလင်္ကာ နိုင်ငံများတွင် တွေ့ရှိရပါသည်။ ကမ္ဘာ့ ဆမ္မာရီယမ် ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၇၀၀ ရှိပြီး ကမ္ဘာတစ်ဝန်း သိုလှောင်ထားသော ပမာဏမှာ တန် နှစ်သန်းခန့် ရှိနေပြီ ဖြစ်ပါသည်။
ကျန်းမာရေးသက်ရောက်မှု [ပြင်ဆင်ရန်]
ဆမ္မာရီယမ်(Samarium) သည် ဇီဝဗေဒ အခန်းကဏ္ဍတွင် မပါဝင်သော်လည်း ခန္ဓာကိုယ် အတွင်း ဇီဝဆိုင်ရာ ဖြစ်စဉ်ကို လှုံ့ဆော်ပေးစေပါသည်။ ပျော်ဝင်စေနိုင်သော ဆမ္မာရီယမ်ဆားများသည် မျိုချမိပါက သိပ်မပြင်းထန်သောအဆိပ် အတောက် ဖြစ်စေပြီး ဆမ္မာရီယမ်နှင့် ထိတွေ့မိပါက မျက်လုံးနှင် အရေပြားကို နာကျင် ကျိန်းစပ် စေပါသည်။ ၎င်းတို့သည် ထိခိုက်မှုများလာပါက ကျန်းမာရေးကို ဘေးအန္တရာယ် ဖြစ်စေပါသည်။
ပတ်ဝန်းကျင်ရှိ ဆမ္မာရီယမ်(Samarium)သက်ရောက်မှု [ပြင်ဆင်ရန်]
ဆမ္မာရီယမ်(Samarium ) သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယားရေးဆွဲမှု ပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||
