Portal:သင်္ချာ
From Wikipedia
[ပြင်ဆင်ရန်] သင်္ချာ
သင်္ချာသည်ဂဏန်း၊ အရေအတွက်တို့နှင့် စပ်လျဉ်းသည့် သိပ္ပံပညာရပ်တစ်ခုဖြစ် သည်။ လူတို့သည် အလွန်ရှေးကျသောခေတ်အခါကပင် အပေါင်း၊ အနုတ်၊ မြှောက်၊ အစားပါဝင် သောလွယ်ကူသည့် ပုစ္ဆာများကိုတွက်ခြင်း၊ မြေများကိုစံနစ်တကျ တိုင်းတာခြင်း၊ ကောင်းကင်တွင် နက္ခတ် တာရာတို့ကိုကြည့်၍ ပြက္ခဒိန်များ ပြုလုပ်ခြင်း စသည့်အလုပ်များကိုပြုလုပ်နိုင်ခဲ့လေသည်။
ထိုအချိန်မှ စ၍သင်္ချာပညာသည်လည်း ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်ဂဏန်းများနှင့်အရေအတွက်များကို လွယ်ကူစွာရေးသားဖေါ်ပြရန် သင့်တော်သောနည်းမရှိခဲ့သဖြင့် သင်္ချာပညာတိုးတက်မှုသည် အလွန်နှောင့်နှေးခဲ့လေသည်။ ဆယ်ရာစုနှစ်တွင်မှ ၁၊ ၂၊ ၃၊ ၄ စသည်တို့ကို အာရပ်အမှတ်အသားများနှင့်တကွ သုညကို (ဝ) ဟူသော အမှတ်အသားဖြင့် ရေးသားရန်သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်မှ အစပြု၍ သင်္ချာ ပညာရပ်သည်လည်း အလွန်တိုးတက် ထွန်းကားလာခဲ့လေသည်။
ရှေးလူမျိုးများအနက် ဂရိတို့သည် သင်္ချာဘာသာကို အလွန်တိုးတက်အောင်ကြံဆောင်ခဲ့ကြလေ ရာဘီစီ ၆၀ဝ ပြည့်နှစ်တွင် မီလီတပ်မြို့သား ဒဿနိကဗေဒပညာရှင် သေးလိအမည်ရှိ ဂရိအမျိုးသားကြီးသည် ဂျီသြမေတြီနှင့် သက်ဆိုင်သည့်သီအိုရမ်များကို သာမညမှကြံနည်းဖြင့် သက်သေပြနိုင်ခဲ့သည့်အပြင်၊ အခြါးပုစ္ဆာအချက်အလက် များကိုလည်း ယုတ္တိဗေဒနှင့်သက်ဆိုင်သည့်သာမညမှကြံနည်းဖြင့် ဆင်ခြင်ယူ ဆနိုင်ကြောင်းကိုပြသနိုင်ခဲ့သည်။ ဤနည်းကို တွေ့ရှိခဲ့ရာမှအစပြု၍ ဂျီသြမေတြီပညာရပ်ပေါ်ပေါက် လာလေသည်။ ၁၅ရာစုနှစ်တွင် ပညာရှိတို့သည် အက္ခရာ သင်္ချာကိုတီထွင်ခဲ့ကြ၍ ၁၆ ရာစုတွင်အနာလစ် တစ်ကယ် ဂျီအိုမေတြီအခြေခံကိုပြုစုပျိုးထောင်ပေးခဲ့ကြသည်။ ဆဲ့ခုနစ်ရာစုနှစ်မှစ၍ သင်္ချာပညာကို သိပ္ပံပညာရပ် များတွင်တစ်စထက်တစ်စ တိုးတက်သုံးစွဲခဲ့ကြသည်။ ဤသို့တိုးတက်သုံးစွဲခဲ့ရာတွင် ခက်ခဲသောပြဿနာများကို တွေ့ရှိခဲ့သဖြင့် ကာကုလသင်္ချာပညာရပ်ကို ကြဆခဲ့ကြသည်။ ဤသို့ပေါ်ပေါက်ခဲ့ရသည့် သင်္ချာပညာရပ်များကို အမှီပြုလျက် စက်နှင့်သက်ဆိုင်သော ပညာရပ်များနှင့်ရူပဗေဒပညာရပ်များ သည်များစွာ တိုးတက်ခဲ့ကြသည်။ အင်ဂျင်နီယာအတတ် ပညာသည် သင်္ချာပညာဟူသော အုတ်မြစ်ပေါ်တွင် တည်ရှိသဖြင့် ထိုအတတ်ပညာသင်ကြားလိုသူ တို့သည်သင်္ချာကို ကောင်းစွာ တတ်မြောက်ကြရပေသည်။
ယခုခေတ်တွင် သင်္ချာပညာရပ်များမှာ အမျိုးအမည် အားဖြင့် အလွန်များပြါးလာ၏။ ယင်းတို့ကို မူလတန်း သင်္ချာရပ်များနှင့် အထက်တန်းသင်္ချာရပ်များဟု နှစ်ပိုင်းပိုင်းခြါးထား၏။ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီသြမေတြီနှင့်တြိဂိုနိုမေတြီတို့သည် မူလတန်းသင်္ချာတွင် အကျုံးဝင်ကြ၍ အနာလစ်တစ်ကယ်ဂျီသြမေတြီ၊ ကာကုလသင်္ချာ စသည်တို့မှာ အထက်တန်းသင်္ချာတွင်အကျုံးဝင်ကြသည်။