ပလေးစတေရှင် ဗီတာ
| ပစ္စည်းအမျိုး | PlayStation |
|---|---|
| အမျိုးအစား | လက်ကိုင်ဂိမ်းဆက် အမျိုးအစား |
| မျိုးဆက် | ရှစ်ခုမြောက်မျိုးဆက် |
| ထုတ်ပြန်သည့်နေ့ | JPN ဒီဇင်ဘာ၊ ၂၀၁၁ NA ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၂ (First Edition Bundle only) NA ဖေဖေါ်ဝါရီ 22၊ ၂၀၁၂ EU ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ AU ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂ |
| မီဒီယာ | PlayStation Vita ကဒ် |
| CPU | 4-core ARM Cortex-A9 MPCore |
| Storage capacity | PS Vita memory card (4, 8, 16 or 32 GB) |
| Memory | 512 MB RAM, 128 MB VRAM |
| Display | 5-လက်မ အိုအယ်အီးဒီ multi-touch capacitive touchscreen၊ ၃၂ ဗိုက်ဒ် အရောင်, ၉၆၀ × ၅၄၄ qHD @ ၂၂၀ ppi |
| Graphics | 4-core SGX543MP4+ |
| Input | *Touchscreen |
| ကင်မရာ | အရှေ့ နှင့် အနောက် ၁.၃MP ကင်မရာများ |
| Online services | Playstation နက်ဝေါ့ခ် |
| အရွယ်အစား | ၈၃.၅၅ မီလီ (အမြင့်) ၁၈၂ မီလီ (အကျယ်) ၁၈.၆မီလီ (အထူ) |
| အလေးချိန် | Wi-Fi: includeonly>၂၆၀ grams (includeonly>၉.၂ oz) 3G: includeonly>၂၇၉ grams (includeonly>၉.၈ oz) |
| Best-selling game | Uncharted: Golden Abyss |
| Backward compatibility |
PlayStation Portable (PSN) ဂိမ်းများ |
| Predecessor | PlayStation Portable |
ပလေးစတေရှင် ဗီတာ (プレイステーション・ヴィータ|PlayStation Vita|တရားဝင် PS Vita) သည် ဆိုနီကွန်ပျူတာ အမ်တာတိမ်းမန့်မှ ထုတ်လုပ်ပြီး ဈေးကွက်ဖြန့်ချိခဲ့တဲ့ လက်ကိုင်ဂိမ်းဆက် အမျိုးအစားတစ်ခုဖြစ်ပါသည်။[၁] `၎င်းသည် ပလေးစတေရှင် ဂိမ်း အမျိုးအစားတစ်ခုဖြစ်ပြီး ပလေးစတေရှင် ပေါ့တေးဘဲလ် (PSP) ၏ နောက်ထုတ်ဂိမ်းဆက်ဖြစ်ပါသည်။ ၎င်းသည် ဒီဇင်ဘာ ၁၇၊ ၂၀၁၁က ဂျပန်နှင့် အာရှတိုက်တစ်ဝန်းတွင် စတင်ဖြန့်ချိခဲ့ပါသည်။ [၂]ဥရောပ၊ မြောက်အမေရိက၊တောင်အမေရိက နှင့် စင်္ကာပူနိုင်ငံတို့တွင် ၂၂ရက်၊ ဖေဖေါ်ဝါရီလ ၂၀၁၂မှ ဖြန့်ချိခဲ့ပြီး ဩစတေးလျတွင် ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂မှ ဖြန့်ချိခဲ့သည်။ ၎င်းသည် ရှစ်ခုမြောက် ဂိမ်းဆက်မျိုးဆက်အဖြစ် နစ်တန်းဒိုး သရီးဒီအက်စ်နဲ့ ယှဉ်ပြိုင်ရန် အဓိကဖြစ်ခဲ့သည်။
ကန့်သတ်ရောင်းချမှုအဖြစ် PSVita 3G စက်များကို မြောက်အမေရိက၌ တရားဝင်ထုတ်လွှင့်မည့်နေ့ထက် တစ်ပတ်စောပြီး ၁၅ရက်၊ ဖေဖေါ်ဝါရီလ ၂၀၁၂ တွင် ထုတ်လွှင့်ခဲ့သည်။ ကန့်သတ်ရောင်းချမှု ပါကင်၌ ပါဝင်ခဲ့သော ပစ္စည်းများမှာ 3G အမျိုးအစား ပီအက်စ် ဗီတာ၊ Little Deviants ဂိမ်း the game၊ စက်သယ်ဆောင်ရယ် အကာနှင့် 4GB memory card တစ်ကဒ်ဖြစ်ပါသည်။[၃]
မာတိကာ |
[ပြင်ဆင်ရန်] ဟာ့ဒ်ဝဲလ်
၎င်းစက်သည် မူလ PSP ပုံစံ ကို ဘဲဥပုံစံ စင်စင် နှင့် အလယ်တွင် ၅လက်မ အိုအယ်အီးဒီ တပ်ချ်စကရင် ဖန်သားပြင်ထည့်သွင်းပြီး အထူးပြုလုပ်ထားပါသည်။ ၎င်းတွင် အန်နာလော့စတစ် နှစ်ခု(PSPတွင် တစ်ခုထဲသာပါဝင်)၊ D-pad တစ်ခု၊ PlayStation ခလုတ်များဖြစ်သော (
၊
၊
နှင့်
)၊ ပခုံးခလုတ်နှစ်ခုဖြစ်သော (L နှင့် R)၊ PlayStation Button ခလုတ်တစ်ခု၊ Start နှင့် Select ခလုတ်တို့ပါဝင်သည်။ ၎င်းစက်သည် Core ARM Cortex-A9 MPCore processor ပါဝင်၍ core လေးခုမှ သုံးခုသည် application များအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ [၄] and a quad-core GPU SGX543MP4+. စက်တွင် စက်နောက်ဘက် touch pad၊ ကင်မရာနှစ်လုံး (အရှေ့နှင့်အနောက်)၊ စတီရီယို စပီကာများ၊ မိုက်ကရိုဖုန်း၊ Sixaxis လှုပ်ရှားမှု အာရုံခံ system (three-axis gyroscope နှင့် three-axis accelerometer)၊ three-axis လျှပ်စစ်သံလိုက် အိမ်မြှောင်၊ ဂျီပီအက်စ် (3G version အတွက်သာ) တို့အပြင် Wi-Fi၊ 3G၊ နှင့် Bluetooth 2.1+EDR ဆက်သွယ်နိုင်မှု တို့ပါဝင်သည်။ ကင်မရာနှစ်ခုသည် မျက်နှာအာရုံခံ စွမ်းရည်၊ ခေါင်းအာရုံခံနိုင်မှုစွမ်းရည်နှင့် ခေါင်းလှုပ်ရှားမှုအာရုံခံစွမ်းရည်များ ပါဝင်သည်။ ပလေးစတေရှင် ဗီတာတွင် 512 MB system RAM နှင့် 128 MB VRAM ပါဝင်သည်။ RAM အရေအတွက်သည် အသုံးပြုသူများ cross-game chat ကိုစက်ပေါ်တွင် သုံးလို့ရအောင် ပြုလုပ်ထားသည်။
ပလေးစတေရှင် ဗီတာသည် ဗားရှင်းနှစ်ခုဖြင့် ထုတ်လုပ်ဖြန့်ချိခဲ့သည်။ တစ်ခုမှာ 3G သုံးလို့ရပြီး နောက်တစ်ခုမှာ ဈေးပိုပေါ၍ 3G သုံးလို့ မရပေ။ [၅][၆] 3G service သည် ဂျပန်တွင် NTT DoCoMo၊ ယူအက်စ်တွင် AT&T၊ ဥရောပနှင့် ဩစတေးလျတို့တွင် Vodafone တို့ဖြင့် တွဲဖက်ထားသည်။
ပလေးစတေရှင် ဗီတာသည် PSP (2000 နှင့်3000) ဖြင့်မတူပဲ video output သို့မဟုတ် ဖြုတ်၍ရသော ဓာတ်ခဲများပါဝင်မည် မဟုတ်ပါ။ [၇] ဆိုနီသည် ဓာတ်ခဲမှာ ဂိမ်းကစားမှုပြုလုပ်ပါက ၃နာရီ မှ ၅နာရီ အထိ၊ ဗီဒီယိုကြည့်ပါက ၅နာရီအထိ နှင့် စကရင် မပါ သီချင်းနားထောင်ပါက ၉နာရီအထိခံကြောင်း ကြေညာခဲ့သည်။ [၈] An external battery option was announced in an interview by SCEA Worldwide Studios President Shuhei Yoshida. PS Vita သည် ဂိမ်းကစားရန် မမ်မိုရီကဒ်တစ်ခု ထပ်ပေါင်းလိုအပ်သည်။ ထို့အတွက် အသုံးပြုသူများသည် ၎င်းတို့၏ အသုံးပြုမှုပေါ်မူတည်၍ မမ်မိုရီ ဆန့်ဝင်မှု ပမာဏကို ရွေးချယ်နိုင်သည်။
PlayStation Vita အတွက် ဆော့ဖ်ဝဲလ်များမှာ PSP ကဲ့သို့ UMD မဟုတ်တော့ပဲ flash memory card ဖြစ်သော "PlayStation Vita card" များဖြစ်သည်။ ကဒ်၏ အရွယ်အစားနှင့် ပုံသဏ္ဍန်သည် SD Card နှင့် ဆင်တူသည်။ အချို့သော ဆော့ဖ်ဝဲလ်နှင့် ဂိမ်းများသည် အသုံးပြုရန် စက်ထဲသို့ PlayStation Vita memory card ထည့်ထားရန် လိုအပ်လိမ့်မည်ဖြစ်သည်။[၉] ဂိမ်းကဒ်၏ ၅ ၁၀% သော ပမာဏသည် ဂိမ်းမှတ်သားရန် နှင့် Patch များအတွက်ဖြစ်သည်။ [၁၀]
PS Vita memory ကဒ်များသည် 4 GB မှ 32 GB; အထိ ထွက်ရှိထားပြီး Playstation ထုတ် memory cards များနှင့်သာ ကိုက်ညီမည်ဖြစ်သည်။
[ပြင်ဆင်ရန်] ဆော့ဖ်ဝဲလ်
[ပြင်ဆင်ရန်] ဆစ်စတမ် ဆော့ဖ်ဝဲလ်
PSVita သည် PSX DVR ၊ PSP နှင့် PlayStation 3 တို့နှင့် မတူပဲ XrossMediaBar interface ကို အသုံးမပြုထားပေ။ ၎င်းအစား touchscreen အခြေခံ လူမှုဆက်ဆံရေး features များပါဝင်သော UI dubbed LiveArea ကို အသုံးပြုထားသည်။ ထုတ်လုပ်ချိန်တွင် ပလေးစတေရှင် ဗီတာသည် Adobe Flash ပါဝင်မည် မဟုတ်ပေ။ သို့သော် HTML5 ၊ Cookies နှင့် Javascript များပါဝင်မည် ဖြစ်သည်။ [၁၁]
[ပြင်ဆင်ရန်] Games
ထုတ်လုပ်ပြီး ပီအက်ဗီတာဂိမ်း ၃၀ခန့် ရှိပြီး ၎င်းတို့ အထဲတွင် Uncharted: Golden Abyss] ၊ Lumines Electronic Symphony ၊ Rayman Origins ၊ Escape Plan ၊ FIFA Soccer ၊ Everybody's Golf Next / Hot Shots Golf: World Invitational နှင့် WipEout 2048 တို့ ပါဝင်သည်။ [၁၂]
ထို့အပြင် ထုတ်လုပ်ပြီး PS3 ဂိမ်းများကို တက်ကနော်လော်ဂျီသုံးပြီး အကြမ်းများ အဖြစ်ထုတ်လုပ်မှုများလည်းရှိသည။ ယင်းဂိမ်းများတွင် Metal Gear Solid 4: Guns of the Patriots ၊ Yakuza: Dead Souls နှင့် Lost Planet 2 တို့ပါဝင်သည်။ [၁၃] PSP ဖြင့် မတူပဲ PlayStation Vita သည် ဂိမ်းများအတွက် Trophy Feature ပါဝင်မည်ဖြစ်သည်။ [၁၄][၁၅]
ဗီတာသည် ပလေးစတေရှင် စတိုးမှ ဗီဒီယိုနှင့် ရုပ်ပြကာတွန်းများ၊ PSOne Classics ဂိမ်းများ၊ PSP ဒေါင်းလုပ်ဂိမ်းများနှင့်လည်း ကိုက်ညီမည်ဖြစ်သည်။ [၁၅]
[ပြင်ဆင်ရန်] အက်ပလီကေးရှင်းများ
လူမှုဆက်ဆံရေး အက်ပ် များဖြစ်သော Facebook ၊ Skype ၊ Netflix ၊ Twitter နှင့် foursquare များသည် PS Vita အတွက် Playstation Store မှ အခမဲ့ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ [၁၆]
[ပြင်ဆင်ရန်] Layout
[ပြင်ဆင်ရန်] Features
[ပြင်ဆင်ရန်] ကင်မရာ
စက်တွင် VGA mode တွင် 640x480 480p resolution၊ 1.3 megapixel ကင်မရာနှစ်လုံး (အရှေ့ နှင့် အနောက်) ပါဝင်သည်။ [၁၇]
[ပြင်ဆင်ရန်] တွဲဖက်အသုံးအဆောင်များ
တွဲဖက်အသုံးအဆောင်များသည် ဗီတာထုတ်ချိန်မှ စ၍ရောင်းချခဲ့ပြီး ၎င်းတို့မှာ စက်အတွက် အဖုံး၊ ဂိမ်းကဒ်များ၊ မိုက်ပါသောနားကျပ်များနှင့် ဖန်သားပြင် ကာကွယ် ပလပ်စတစ်ပြား၊ မမ်မိုရီကဒ်များဖြစ်သည်။ [၁၈]
[ပြင်ဆင်ရန်] Sales
| Date (YYYY-MM-DD) |
ဂျပန် | မြောက် အမေရိက |
ဥရောပ | အခြား | စုစုပေါင်း |
|---|---|---|---|---|---|
| ၂၀၁၁-၁၂-၃၁ | ၄၀၀၀၀၀+ | N/A | N/A | N/A | ၄၀၀၀၀၀+ |
| ၂၀၁၂-၀၃-၃၁ | TBA | TBA | TBA | TBA | TBA |
ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၁၁ခုနှစ်တွင် PlayStation Vita ကို ဂျပန်နိုင်ငံ ၌ ထုတ်လုပ်ပြီး နှစ်ရက်အတွင်း ၃၂၅ ၀၀၀ ခုရောင်းချပြီးဖြစ်သည်။ ရောင်းချရမှုသည် တစ်ပတ်အကြာတွင် ၇၄၀၀၀ခုသာ ရောင်းခဲ့ရပြီး ၇၈%ကျဆင်းသွားသည် [၁၉] PlayStation Vita ရောင်းချမှုသည် ဆက်တိုက်ကျဆင်းသွားပြီး ကိုးပတ်မြောက်တွင် အခု ၁၄၀၀၀သာရောင်းချခဲ့ရသည်။ [၂၀]
[ပြင်ဆင်ရန်] References
- ↑ NGP becomes PlayStation Vita. Eurogamer (2011-06-07). Retrieved on 2011-06-07။
- ↑ TGS: Sony Reveals Vita's Release Date – PSP News at IGN. Psp.ign.com (2011-09-14). Retrieved on 2011-09-14။
- ↑ Get Your Hands on PS Vita Early with the First Edition Bundle - Playstation Blog. PlayStation Blog. Sony (October 27, 2011). Retrieved on October 27, 2011။
- ↑ Sony Next Generation Portable (NGP) GDC panel – Gallery. Joystick (March 3, 2011). Retrieved on March 5, 2011။
- ↑ Oli Welsh (January 27, 2011). Andrew House talks Sony NGP price, 3G version, more. Eurogamer. Retrieved on February 19, 2011။
- ↑ Martijn Müller (February 18, 2011). Prijs en release periode Next Generation Portable. NG-Gamer. Retrieved on February 18, 2011။
- ↑ E3: Embedded battery, no video out for PlayStation Vita. Destructiod (June 13, 2011). Retrieved on June 9, 2011။
- ↑ PLAYSTATIONVITA. Sony Computer Entertainment (September 2011). Retrieved on December 17, 2011။
- ↑ Sony Computer Entertainment (January 27, 2011). SONY COMPUTER ENTERTAINMENT ANNOUNCES ITS NEXT GENERATION PORTABLE ENTERTAINMENT SYSTEM. Sony Computer Entertainment. Retrieved on March 5, 2011။
- ↑ Christopher Grant (March 3, 2011). NGP games will come on 2GB and 4GB cards (with higher capacity game cards being released in the future), with room for save data, patches. Joystiq. Retrieved on March 5, 2011။
- ↑ http://uk.ign.com/articles/2011/10/26/vita-browser-won%E2%80%99t-support-flash
- ↑ Luke Plunkett (January 26, 2011). Uncharted Leads The PSP2's First Game Lineup. Kotaku. Gawker Media. Retrieved on January 25, 2011။
- ↑ Michael McWhertor (January 27, 2011). Metal Gear Solid 4, Lost Planet, Yakuza Shown In PSP2 Form. Kotaku. Gawker Media. Retrieved on January 25, 2011။
- ↑ Sony's NGP Uses Flash Media, Proprietary Memory Cards, And Trophy Support. Game Informer.
- ↑ ၁၅.၀ ၁၅.၁ Jeff Rubenstein (January 27, 2011). Next Generation Portable (NGP): All the early details. PlayStation Blog. Sony Computer Entertainment. Retrieved on January 29, 2011။
- ↑ PlayStation News – PS Vita introduces... your favourite social networks. nz.playstation.com (2009-07-21). Retrieved on 2011-09-14။
- ↑ http://n4g.com/news/829344/sony-reveal-ps-vita-camera-specs Sony reveal PS Vita camera specs
- ↑ PlayStation Vita Essential Accessories - Pre Order Official PS Vita Accessories. Playstation.
- ↑ PlayStation Vita sales see 78% drop during Christmas week. VentureBeat (December 28, 2011). Retrieved on December 29, 2011။
- ↑ Underwhelming Sales Figures for PS Vita--In Japan, it Only Does Dead Last. crunchyroll (February 16, 2012). Retrieved on February 16, 2012။