OS X Mountain Lion

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
OS X Mountain Lion
MountainLionHero.png
10 8 composite.jpeg
OS X ဗားရှင်း ၁၀.၈ Mountain Lion ကို ပုံရိပ်ဖမ်းထားသောစာမျက်နှာ (Screen Shot)
Developer
Apple Inc.
ဝက်ဘ်ဆိုဒ် Apple.Inc
Source model Closed source
လိုင်ဆင် APSL နှင့် Apple EULA
Kernel အမျိုးအစား Hybrid
Update method အမ်အေစီ အက်ပ်စတိုး
Platform support x86-64
Preceded by Mac OS X v10.7 Lion
Support status
ပြုလုပ်နေဆဲ

OS X Mountain Lion (အိုအက်စ် ထန်း မောင်တိန် လိုင်းယန်း) (ဗားရှင်း ၁၀.၈) သည် Mac OS X ၏ ကိုးခုမြောက်ဖြစ်လာမည့် ထုတ်လုပ်မှုဖြစ်ပြီး အက်ပဲလ် ကုမ္ပဏီမှ ထုတ်လုပ်သော မက်ကင်တို့ရှ် (Macintosh) ကွန်ပြူတာ၏ စားပွဲတင်ကွန်ပြူတာနှင့် ဆာဗာ အိုပရေးတင်း စစ်စတမ်သစ်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် OS X Mountain Lion ကို ၂၀၁၂ခုနှစ် နွေရာသီ (အနောက်နိုင်ငံ) တွင် ထုတ်လုပ်မည်ဟု စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ၎င်းသည် iOS မှထပ်ဆောင်း feature များပါဝင်လာမည်ဖြစ်ပြီး ၎င်းတို့မှ အချို့သည် OS X Lion ကတည်းက မိတ်ဆက်ပြီးဖြစ်သည်။

မာတိကာ

သမိုင်းကြောင်း [ပြင်​ဆင်​ရန်​]

အက်ပဲလ်မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ရက်နေ့၌ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် OS X Mountain Lion ကို Mac OS X 10.7 Lion ၏ ဆက်ခံမည့် ဗားရှင်းဟု ကြေညာခဲ့သည်။ ၎င်းသည် လက်ရှိတွင် စမ်းသပ်ဆဲဖြစ်ပြီး အက်ပဲလ်မှ စမ်းသပ်ဗားရှင်းအား အက်ပဲလ် အခကြေးငွေပေး Developer (နည်းပညာချဲ့ထွင်သူ) များသို့ အခမဲ့ ဒေါင်းလုပ်ခွင့်ပေးထားသည်။

စစ်စတမ် ကိုက်ညီမှုရှိရမည်များ [ပြင်​ဆင်​ရန်​]

ဒီပလိုပါ နမူနာ ၁ အရ Mountain Lion သည် Lion ကဲ့သို့ တူညီသည့် ဟက်ဒ်ဝဲလ်များစွာနှင့် ကိုက်ညီသည်။

  • x86-64 CPU (Intel Core 2 Duo၊ i3၊ i5၊ i7 (သို့) Xeon ပရိဆက်ဆာများ ပါရှိသည့် မက်ခ်များ)[၁]
  • EFI64 အခြေခံ စနစ် (iMac (၂၀၀၇ နှောင်းပိုင်း သို့ ပိုသစ်သော)၊ Mac mini (၂၀၀၉ အစောပိုင်း သို့ ပိုသစ်သော)၊ Mac Pro (၂၀၀၈ အစောပိုင်း သို့ ပိုသစ်သော)၊ MacBook (၂၀၀၈ နှောင်းပိုင်း သို့ ပိုသစ်သော)၊ Xserve (၂၀၀၉ အစောပိုင်း သို့ ပိုသစ်သော)၊ MacBook Pro (၂၀၀၇ အလယ် သို့ ပိုသစ်သော)၊ MacBook Air (၂၀၀၈ နှောင်းပိုင်း သို့ ပိုသစ်သော))
  • လွတ်နေရမည့် ဟာ့ဒ်ဒရိုက်ဗ်နေရာ အနည်းဆုံး ၈ ဂစ်ဘ် [၂]
  • OS X Mountain Lion သည် ATI's Mobility Radeon X1600 သို့ Radeon X1900၊ Intel's GMA 950 သို့ GMA X3100၊ သို့ NVIDIA's GeForce 7300 graphics processors များနှင့် မကိုက်ညီတော့ပေ။[၃]

အသစ် (သို့) ပြောင်းလဲသွားသော feature များ [ပြင်​ဆင်​ရန်​]

  • ပိုနက်ရှိုင်းသော iCloud integration။
  • iWork တွင်းရှိ ဒေါ့ကူမန့်များကို iCloud ဖြင့် အလိုအလျှောက်ပြောင်းလဲပေးခြင်း။
  • Messages သည် iChat အစားပါဝင်လာမည်ဖြစ်ပြီး iMessage ပါသုံးလို့ရသည်။[၄]
  • Reminders –Calendar မှ ခွဲထွက်သွားသော လုပ်ရန်စာရင်း အက်ပ်၊ အိုင်အိုအက်စ်တွင်လည်း ပါဝင်သည်။ [၅]
  • Notes – အိုင်အိုအက်စ်တွင် ပါဝင်၍ သီးသန့် အက်ပ်အနေဖြင့် မေးလ်မှ ခွဲထွက်သွားသည်။[၆]
  • Share Sheets – Safari နှင့် အခြား အက်ပလီကေးရှင်းများတွင် "Share" ခလုတ်နှင့် dialog box ပါဝင်သည်။ [၇]
  • Game Center – အိုင်အိုအက်စ်မှ ယူ၍ ထည့်သွင်းသည်။ [၈]
  • AirPlay Mirroring – [၉]
  • Gatekeeper[၁၀]
  • တွစ်တာ[၁၁]
  • Notification Center – အိုင်အိုအက်စ် ၅ တွင် မိတ်ဆက်ခဲ့သည် နှင့် တူညီသော ဒက်စတော့ ဗားရှင်း၊ ပေါ်ပေါ်လာသော အက်ပလီကေးရှင်းများ အား မျက်နှာပြင်ထောင့်တွင် တစ်စုတည်း ဖြစ်သွားမည်ဖြစ်ပြီး ၎င်း၏ အလယ်ကို စကရင် ညာဘက်မှ ဆွဲမည်ဖြစ်သည်။ [၁၂]
  • More Chinese features – တရုတ်ပြည်မှ သုံးသူများအတွက် များစွာသော ထပ်ဆောင်း feature များ။ {cn|date=February 2012}}


နာမည်ပြောင်းလိုက်သော အပလီကေးရှင်းများ [ပြင်​ဆင်​ရန်​]

  • iCal သည် "Calendar" ဟု ပြောင်းသွားမည်။[၁၃]
  • Address Book သည် "Contacts" ဟုပြောင်းသွားမည်။
  • iChat သည် ပိုမိုကောင်းမွန်၍ Messages ဟု နာမည်ပြောင်းသွားမည်။[၄] (see above)

ဖြုတ်လိုက်သော feature များ [ပြင်​ဆင်​ရန်​]

  • Mail နှင့် Safari တို့မှ RSS သည် မပါဝင်တော့ပေ။ [၁၄]
  • Software Update သည် Mac App Store သို့ ပေါင်းစပ်သွားမည်။ [၁၅]
  • X11.app – အသုံးပြုသည်များသည် open source XQuartz project ကိုသာ ဦးတည်သွားမည်။[၁၆]

References [ပြင်​ဆင်​ရန်​]

  1. Mac OS X Lion Roundup: Recovery Partitions, TRIM Support, Core 2 Duo Minimum, Focus on Security. Mac Rumors (February 25, 2011). Retrieved on June 7, 2011
  2. Apple – OS X Lion – Technical specifications. Apple. Retrieved on August 15, 2011
  3. OS X Mountain Lion Drops Support for Many 2006-2008 Macs with Integrated Graphics - MacRumors.com
  4. ၄.၀ ၄.၁ OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-22
  5. "Mountain Lion: Hands on with Contacts and Calendar", Macworld, 16 February 2012. Retrieved on 2012-02-17. 
  6. OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-22
  7. OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-22
  8. OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-22
  9. OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-22
  10. Sieger, MG. "Surprise! OS X Mountain Lion Roars Into Existence (For Developers Today, Everyone This Summer)", TechCrunch, 16 February 2012. Retrieved on 2012-02-16. 
  11. OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-17
  12. OS X Mountain Lion - Inspired by iPad. Made for the Mac.. Apple.com. Apple Inc.. Retrieved on 2012-02-22
  13. Gruber, John. Mountain Lion. Daring Fireball. Retrieved on 16 February 2012
  14. Frakes, Dan (February 19, 2012). Mountain Lion: Hands on with Mail. Macworld. Retrieved on February 23, 2012
  15. Slivka, Eric (February 16, 2012). Software Update to Move Inside Mac App Store in OS X Mountain Lion. MacRumors. Retrieved on February 23, 2012
  16. Slivka, Eric (February 17, 2012). Apple Removes X11 in OS X Mountain Lion, Shifts Support to Open Source XQuartz. MacRumors. Retrieved on February 23, 2012