အမ် (အက္ခရာ)

ဝီကီပီးဒီးယား မှ
(M မှ ပြန်ညွှန်းထားသည်)
M
M
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz

M သည် လက်တင်ဘာသာ၊ အင်္ဂလိပ်အက္ခရာစဉ်တွင် ၁၃ လုံးမြောက် အက္ခရာဖြစ်၍ (/ˈɛm/; အမည်-em)[၁]ဟု အသံထွက်ပါသည်။

သမိုင်း[ပြင်ဆင်ရန်]

M ဆိုသည့် အင်္ဂလိပ်စကားလုံးအား ဂရိ မြူ (Greek Mu) မှတဆင့် ဖိုးနီးရှန်းန် မမ်(Phoenician Mem) မှ ရရှိခဲ့ကြသည်။ စီမီတစ် မမ်(Semitic Mem)၏ မူလသည် ရေပုံမှဖြစ်လာသည်မှာ သေချာသလောက်ရှိသည်။ အီဂျစ်ခေတ်တွင် စီမီတစ်လူများ အလုပ်လုပ်နေသည်ကို သိပြီးဖြစ်သည်။ ၎င်းတို့သည် ၂၀၀၀ ဘီစီခန့်တွင် ရေအတွက်အီဂျစ်စာလုံး(n-t)ကြောင့် နှာသံပါသွားရင်းဗျည်းတစ်ခုအတွက် ရေပုံ အရုပ်စာကို ပထမဆုံး ငှားယူအသုံးပြုခဲ့ကြသည်။ ဤတူသောသင်္ကေတသည် စီမီတစ်ဘာသာတွင် /m/ အတွက် အသုံးပြုဖို့ရန်ဖြစ်လာခဲ့သည်မှာ ၎င်းတို့၏စာလုံးတွင် ရေအတွက် ၎င်းစာလုံးအသံထွက်သောကြောင့်ဖြစ်သည်။ ခေတ်သစ်ဘာသာစကားများကဲ့သို့သော စံနှုန်းထားသည့်ဘာသာစကားများတွင် အက္ခရာ <m>သည် နှုတ်ခမ်းဗျည်းအက္ခရာအသံ (m)ကို ကိုယ်စားပြုသည်။ အောက်စဖိုဒ်အင်္ဂလိပ်အဘိဓာန်(ပထမတည်းဖြတ်မှု)တွင် ပြောဆိုသည်မှာ (m)သည် နောက်၌ ism နှင့် spasm ကဲ့သို့ စကားလုံးများအတွင်း သရအက္ခရာတစ်ခုဖြစ်သည်ဟု ဖြစ်သည်။ ခေတ်သစ်ဘာသာဗေဒများတွင်မူ ဝဏ္ဏဗျည်းသံတစ်ခုကဲ့သို့ ဖော်ပြခြင်း ခံရသည်။-IPA [m]

အီဂျစ်အရုပ်စာသင်္ကေတ
"N"
Proto-Semitic
M
ဖိုးနီးရှန်းန်
mem
ဩပ်ရုစကမ်
M
ဂရိ
mu
n
Roman M

အသုံးပြုပုံ[ပြင်ဆင်ရန်]

  • ယူနီကုဒ်တွင် အက္ခရာကြီး Mသည် ကုဒ်အမှတ် U+004D ဖြစ်၍ အက္ခရာသေးသည် ကုဒ်အမှတ် U+006D အဖြစ်တည်ရှိသည်။
  • ASCII ကုဒ်တွင် အက္ခရာကြီး Mသည် ၇၇ ဖြစ်၍ အက္ခရာကြီး Mသည် ၁၀၉ သို့မဟုတ် ဘိုင်နရီ ၀၁၀၀၁၁၀၁ နှင့် ၀၁၁၀၁၁၀၁ စသဖြင့် လိုက်ရောညီထွေ တည်ရှိနေကြသည်။
  • EBCDIC ကုဒ်အတွက် M အကြီးသည် ၂၁၂ ဖြစ်၍ အသေးသည် ၁၄၈ ဖြစ်ပြန်သည်။
  • HTML နှင့် XMLတို့တွင် ဂဏန်းဆိုင်ရာရုပ်လက္ခဏာညွှန်းဆိုမှုသည် are "M" နှင့် "m" ဖြစ်ကြပြီးလျှင် အက္ခရာအကြီးနှင့် အသေးပုံစံ အသီးသီး ရှိကြသည်။
အမ် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
Mike ––
⠍
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ

ကိုးကား[ပြင်ဆင်ရန်]

  1. "M" Oxford English Dictionary, 2nd edition (1989); Merriam-Webster's Third New International Dictionary of the English Language, Unabridged (1993); "em," op. cit.