KDE
| K Desktop Environment | |
A screenshot of KDE 3.5.7 showing the default desktop |
|
| Developer | The KDE TEAM |
| နောက်ဆုံး Version: | 3.5.7 |
| ထုတ်ဝေသောနေ့ | ၁၇ ၊ ၁၀ ၊ ၂၀၀၇ |
| Operating System | Cross-platform |
| ဘာသာစကား | Multilingual (80 different languages.) |
| အမျိုးအစား | Desktop environment |
| License | GNU General Public License and others |
| Website | kde.org |
KDE (K Desktop Environment) ဟာ Free Software Project တစ်ခုဖြစ်ပြီး Desktop Environment ကိုလွယ်ကူစွာ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ KDE ကို Linux OS များရဲ့ Desktop ပိုင်းမှာ အသုံးပြုပါတယ်။ Project ရဲ့ goal ကတော့ နေ့စဉ်အသုံးပြုနေရတဲ့ basic desktop function တွေနဲ့ application တွေကို ကောင်းစွာအသုုံးချနိုင်ပြီး developer များအတွက် tool နှင့် documentation များဖြင့် system အတွက် stand-alone applications များရေးသားနိုင်ရန်ဖြစ်သည်။ KDE technology ကို အခြေခံပြီး standalone applications များရှိပါသည်။ KOffice,KDevelop,Amarok,K3b နှင့် အခြား project များ များစွာရှိသေးသည်။
History [ပြင်ဆင်ရန်]
KDE ကို 1996 တွင် Eberhard Karis University Of Tübingen ၏ ကျောင်းသားတစ်ဦးဖြစ်သူ Matthias Ettrich ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်တွင် သူသည် UNIX desktop နဲ့ပတ်သက်ပြီး စိတ်သောက ရောက်ရသူတစ်ဦးပါ။ သူက applications အတွက်မဟုတ်ပဲ look and feel ဖြစ်ရမယ်။ နောက်ပြီး ကောင်းစွာ အလုပ်လုပ်နိုင်ရမယ့် desktop environment တစ်ခုကို စတင်ခဲ့ပါတယ်။ သူက desktop တွေကို လွယ်လွယ်ကူကူ အသုံးပြုချင်တယ်။ အဲဒီအချိန်က desktop applications တွေကို သူ့ရဲ့ girlfriend က အသုံးမပြုနိုင်တာကြောင့် သူစတင်ဖို့ အကြောင်းရင်း တစ်ရပ်ဖြစ်လာပါတယ်။ Usenet ကလည်း သူရဲ့ KDE project ကို အရမ်းစိတ်ဝင်စားခဲ့တာကြောင့် KDE project က မွေးဖွားလာခဲ့ပါတယ်။ KDE ဟာ X11-based user environment ဖြစ်ပြီး HP,IBM , Sun တို့ဟာ Motif graphical widget toolkit ကို အခြေခံကာအသုံးပြုပြီး X/Open Company နဲ့အတူ interface များကို တိုးတက်အောင်ပြုလုပ်ခဲ့ပါတယ်။