ကေ (အက္ခရာ)

ဝီကီပီးဒီးယား မှ
(K မှ ပြန်ညွှန်းထားသည်)
K
K
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz

K သည် ဧကဒဿမ( ၁၁ လုံး ) မြောက်သော အင်္ဂလိပ်အက္ခရာ တစ်ခုဖြစ်သည်။ ဤအက္ခရာသည် လက်ဖဝါးဖွင့်ထားသည့် ပုံစံ စီမီတစ်ဘာသာ Kap မှ လာသည့် ဂရိအက္ခရာ kppa မှ ဆင်းသက်လာသည်။ ဤအလှည့်အပြောင်းသည် အီဂျစ်ဘာသာရှိ D ကိုယ်စားပြုနေသော လက်ဖဝါး အတွက် ရေးသားထားသော ပုံစံကို စီမီတစ်ဘာသာမှ မွေးစားထားခြင်း ဖြစ်နိုင်သည်။ စီမီတစ်များသည် K ၏ အသံတန်ဖိုးကို သိသာစွာ ခွဲခြားပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ဘာသာတွင် လက်ဖဝါးအတွက် ထိုအသံထွက်ဖြင့် စတင်ထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့ခေတ် အင်္ဂလပ်ဘာသာတွင်မူ K သည် O.K (သို့မဟုတ်) Okay ဟူသော အသံဖြင့် အသုံးတည့်နေကြလေပြီး ဖြစ်သည်။

ရှေးဟောင်း လက်တင်ကျောက်စာများတွင် C၊ K ၊ Q တို့ကို K နှင့် G (ထိုအရာများသည် ရေးသားရာတွင် မတူချေ။) တို့၏ အသံများအား ကိုယ်စားပြုရန် အတွက် အသုံးပြုခဲ့ကြသည်။ ပြည့်စုံသော အသံထွက်များ မဖြစ်ပေါ်လာမှီ Q သည် k သို့မဟုတ် g တို့၏ အသံထွက်များ ရေးသားရန် အသုံးပြုခဲ့ကြသည်။ C ၏ အသုံးပြုမှုကို K နှင့် Q တို့၏ အသုံးပြုမှုများ၏ နေရာများတွင် အစားထိုး အသုံးပြုခဲ့ကြသဖြင့် K ၏ အသုံးပြုမှုသည် အချို့သော စာပိုဒ်များတွင်သာ ရှိတော့သည်။ ဥပမာအနေဖြင့် Kalendae မှ Calends ကဲ့သို့သော စာလုံးများဖြစ်သည်။

အသုံးပြုမှု[ပြင်ဆင်ရန်]

အီဂျစ်အရုပ်စာသင်္ကေတ
အရေးအသား
D
Proto-Semitic
K
ဖိုနီးရှန်း
kaph
ဩရိုစကမ်
K
ဂရိ
Kappa
d
ကေ (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
Kilo –·–
⠅
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ

အောက်ပါတို့မှာ ယနေ့ခေတ်တွင် K အားအသုံးပြုမှုများ၏ အချို့ဖြစ်သည်။

  • K သည် ဗီတာမင်ဓာတ်၏ အမည်တစ်ခုဖြစ်သည်။
  • အပြည်ပြည်ဆိုင်ရာ တိုင်းတာရေးစနစ်တွင် o K သည် ကယ်ဗင်(Kelvin) အတွက် သင်္ကေတတစ်ခုဖြစ်သည်။
  • ထို့ပြင် အတိုင်းအတာ တစ်ခုဖြစ်သော ကီလို(Kilo) ၏အတိုကောက်အား K ဖြင့် ဖော်ပြပေးသည်။
  • ဓာတုဗေဒဘာသာရပ်တွင် K သည် ပိုတက်ဆီယမ်(Potassium)၏ သင်္ကေတ ဖြစ်သည်။
  • ဇီဝ-ဓာတု ပညာရပ်တွင် K သည် လိုင်းစင်း(Lysine)၏ သင်္ကေတ တစ်ခုဖြစ်သေးသည်။
  • ဆေးပညာရပ်တွင် K သည် ကင်ဆာ(Cancer) ရောဂါအတွက် ဖော်ပြပေးသော သင်္ကေတတစ်ခုဖြစ်သည်။
  • အရောင်စနစ်တွင် CMYK ဟူ၍ ရှိလေရာ K သည် အနက်ရောင်အား ကိုယ်စားပြုသည်။
  • ဖဲကစားရာတွင် K သည် ဘုရင် (King) အား ကိုယ်စားပြုသည်။
  • အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းရှိ မှတ်ပုံတင်ဌာနတွင် K သည် ကမ္ဘောဒီးယားနိုင်ငံ (ကန်ပူချီ-Kampuchea) အား ကိုယ်စားပြုသော အက္ခရာဖြစ်သည်။
  • NATO အက္ခရာတွင် K အား ကီလို(Kilo) ဟုခေါ်သည်။
  • ဂရိအက္ခရာတွင် K နှင့် k သည် K k နှင့် ညီမျှသည်။

ကိုးကား[ပြင်ဆင်ရန်]