Java ဒြပ်မဲ့စက်(JVM)
Wikipedia မှ
Java ဒြပ်မဲ့စက် (Java virtual machine၊ Java VM၊ JVM) သည်၊ Java ဘိုက်ကုဒ်အဖြစ်ရေးသားထားသော အမိန့်ပေးစာသားများကို အလုပ်လုပ်စေနိုင်သော ဒြပ်မဲ့စက်(VM)တစ်မျိုး ဖြစ်၏။ API နှင့် အခြားသော အသုံးပြုကရိယာများကို စုစည်းပြီး Java အသုံးချပတ်ဝင်းကျင်(JRE) အဖြစ် ထုတ်ပြန်ထား၏။ အမျိုးမျိုးသော ပတ်ဝန်းကျင်သုံး Java ဒြပ်မဲ့စက်များကို ပြင်ဆင်ထားခြင်းအားဖြင့် Java ပရိုဂရမ်များသည် ပတ်ဝင်းကျင်အမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်းဖြစ်၏။