From Wikipedia
| Google, Inc. | |
|---|---|
| Type | Public (NASDAQ: GOOG) (NASDAQ: GGEA) |
| Founded | Menlo Park, California (4 September 1998) |
| Founder | Sergey Brin Larry Page |
| Headquarters | Googleplex, Mountain View, California, Template:Country data U.S. United States |
| Area served | Worldwide |
| Key people | Dr. Eric E. Schmidt (Chairman) & (CEO) Sergey Brin (Technology President) Larry Page (Products President) |
| Industry | Internet, Computer software |
| Products | See list of Google products |
| Market Cap | Range during 2008 Q2: US$ 138.37 to 186.89 Billion |
| Revenue | Template:Profit55.97% US$ 16.593 Billion (2007)[၁] |
| Operating income | Template:Profit30.64% US$ 5.084 Billion (2007)[၁] |
| Net income | Template:Profit25.33% US$ 4.203 Billion (2007)[၁] |
| Total assets | Template:Increase US$ 25.335 Billion (2007)[၁] |
| Total equity | Template:Increase US$ 22.689 Billion (2007)[၁] |
| Employees | 19,604 (30 June 2008)[၂] |
| Website | Google.com |
Google ဆိုသည်မှာ အင်တာနက်တွင် ၀က်ဘ်ဆိုဒ်ရှာဖွေရေးနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းများကို ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေသော အမေရိကန်နိုင်ငံရှိ အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ တည်နေရာမှာ ကယ်လီဖိုးနီးယား ပြည်နယ် Mountain View တွင်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ၂၀၀၇ အထိ အချိန်ပြည့်အလုပ်သမား ၁၃၇၄၈ ဦး ရှိသည်ဟု သိရသည်။ Google ၏ဆောင်ပုဒ်မှာ ကမ္ဘာပေါ်ရှိသတင်းအချက်အလက်များကို စုစည်း၍ အားလုံးအသုံးချနိုင်ရန်နှင့် အကျိုးရှိအောင် သုံးနိုင်ရန် ("organize the world's information and make it universally accessible and useful.") ဟူ၍ ဖြစ်သည်။
Google ကိုစတင်တည်ထောင်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့ယူ ကျောင်းသားနှစ်ဦးဖြစ်သော Larry Page နှင့် Sergey Brin တို့မှ Google အား ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် ၁၉၉၆ ဇန်နဝါရီလ တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ Google ဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကကုမ္ပဏီ အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သက်မှတ်ခဲ့သည်။ အစကနဦး ၀က်ဘ်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ၀က်ဘ်ဆိုဒ်အခြေပြု အီလက်ထရောနစ် စာပို့စနစ်များ၊ အွန်လိုင်း မြေပုံလမ်းညွှန်များ ၊ ရုံးသုံး ဆော့ဖ်ဝဲလ်များနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ ကို လုပ်ကိုင်လျှက်ရှိသည်။
Contents |
[ပြင်ဆင်ရန်] သမိုင်းကြောင်း
ဂူဂယ် ပေါ်ပေါက်လာတဲ့ သမိုင်းတစ်လျှောက်မှာ မှတ်သား စရာလေးတွေ ရှိ်ခဲ့ပါတယ်။ တကယ်တော့ ဂူဂယ် ဆိုတာဟာ ၁၉၉၆ ဇန်နဝါရီလမှာ လာရီပေ့ချ် (Larry Page) နဲ့ ဆာဂျေး ဘရင်း (Sergey Brin) ဆိုတဲ့ စတန်းဖို့ဒ် တက္ကသိုလ်က ပီအိပ်ချ်ဒီ ကျောင်းသားလေး ၂ ယောက် တင်သွင်းခဲ့တဲ့ Search engine အကြောင်း ရေးသားထားတဲ့ စာတမ်းလေး တစ်စောင် ကနေပြီး စတင်ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ အစကတော့ သူတို့ရဲ့ search engine ကို BackRub လို့ အမည်ပေးခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆိုဒ်တစ်ခုရဲ့ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ မတိုင်မီကတည်းက ဒီ နည်းစံနစ်ကို သုံးထားတဲ့ Rankdex ဆိုတဲ့ search engine တစ်ခု ရှိနေနှင့် ပြီးသားပါ။ သူတို့ နှစ်ယောက်ဟာ သီးစစ်လုပ်ကြရင်း နဲ့ အခု ဂူဂယ် ဖြစ်လာမယ့် search engine အတွက် အခြေခံ အုတ်မြစ်တွေကို ခိုင်အောင် ချနိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ သူတို့ search engine ရဲ့ လိပ်စာဟာ စတန်းဖို့ဒ် ယူနီဗာစီတီရဲ့ subdomain တစ်ခုဖြစ်တဲ့ google.stanford.edu အနေနဲ့ စတင်ခဲ့တာပါ။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့ မှာမှ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက် မှာ Google Inc. ကို သူငယ်ချင်းတစ်ယောက်ရဲ့ ကားဂိုထောင်ထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်ဖို့ လိုအပ်တဲ့ ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ မတ်လ ရောက်တဲ့ အခါကျမှ ဆီလီကွန် တောင်ကြားမှာ ရှိတဲ့ Palo Alto မှာ ကုမ္ပဏီကို ပြောင်းရွှေ့ပြီး ကျကျနန အခြေချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ အဆောက်အဦးတွေကို Googleplex လို့ လူသိများလာခဲ့ပါတယ်။ ဂူဂယ်ဟာ သူ့ရဲ့ ရိုးစင်းတဲ့ ဒီဇိုင်းနဲ့ လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြပါတယ်။ ၂ဝဝဝခုနှစ် က စတင်ပြီး ဂူဂယ်မှာ search keywords တွေကို အခြေခံတဲ့ ကြော်ငြာများ စတင် ထည့်သွင်းလာပါတယ်။ ဂူဂယ် ဆိုတဲ့ နာမည် ဖြစ်လာပုံက တော့ googol (အဓိပ္ပါယ်က 10pow(100)) ဆိုတဲ့ စာလုံးကို google လို့ မှားပေါင်းရာက စလာခဲ့တာဖြစ်ပြီး Merriam Webster Collegiate Dictionary နဲ့ Oxford English Dictionary တွေမှာ google ရဲ့ အဓိပ္ပါယ်ကို “အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် search engine ကို အသုံးပြုခြင်း” လို့၂၀၀၆ မှ စတင်ပြီး ထည့်သွင်း ပေးခဲ့ပါတယ်။
[ပြင်ဆင်ရန်] Products and services
ဂူဂယ်ရဲ့ အဓိက ဆားဗစ်က Google web search engine ဖြစ်ပေမယ့် သူ့မှာ အခြား ထင်ရှား လူကြိုက်များတဲ့ ဆားဗစ်တွေ အတော်များများ ရှိပါသေးတယ်။
[ပြင်ဆင်ရန်] ကြော်ငြာလုပ်ငန်း
[ပြင်ဆင်ရန်] ဆော့ဖ်ဝဲများ
[ပြင်ဆင်ရန်] အင်တာပရိုက် ထုတ်ကုန်များ
[ပြင်ဆင်ရန်] Easter eggs and April Fool's Day jokes
Cite error: <ref> tags exist, but no <references/> tag was found