Final Fantasy X

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Final Fantasy X

ဖန်တီးသူ Square
ထုတ်ဝေသူ JPN Square
NA Square EA
AUS SCE Australia
EU SCEE
ဒါရိုက်တာ Yoshinori Kitase
ပရိုဂျူဆာ Yoshinori Kitase
ဂိမ်းအနုပညာရှင် Yusuke Naora
ရေးသားသူ
  • Kazushige Nojima
  • Daisuke Watanabe
  • Motomu Toriyama
တေးရေး
  • Nobuo Uematsu
  • Masashi Hamauzu
  • Junya Nakano
စီးရီးများ Final Fantasy
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲ
ဂိမ်းအမျိုးအစား Role-playing
Mode(s) Single-player
ဖြန့်ချီခြင်း

Final Fantasy X (ファイナルファンタジーX ၊ Fainaru Fantajī Ten) သည် Square (ယခု Square Enix) မှ Final Fantasy ဂိမ်းများတွင် တစ်ဆယ်ခုမြောက်အနေဖြင့် ရေးသားထုတ်ဝေသော role-playing ဗွီဒီယိုဂိမ်း တစ်ခု ဖြစ်သည်။ ၂၀၀၁ခုနှစ်တွင် ဆိုနီပလေးစတေရှင် ၂ အတွက် မူလက ထုတ်ဝေခဲ့သော်လည်း ၂၀၁၄ခုနှစ် မတ်လ ၁၈တွင် Final Fantasy X|X-2 HD Remaster အမည်ဖြင့် ပလေးစတေရှင် ၃ နှင့် ဗီတာ အတွက် ပိုမိုကြည်လင်ကောင်းမွန်သော ရုပ်ထွက်မြင့်အနေဖြင့် ပြန်လည်ထုတ်ဝေခဲ့သည်။ ၂၀၁၅ နွေဦးတွင် ယင်းဂိမ်းကိုပင်လျှင် ပလေးစတေရှင် ၄ အတွက် ပြန်လည်ထုတ်ဝေပါဦးမည်။ Final Fantasy ဂိမ်းများတွင် ဂိမ်းတစ်ခုလုံးကြိုတင်ဆွဲထားသောနောက်ခံများအသုံးပြုခြင်းမှ သုံးဘက်မြင်နယ်မြေအပြည့်အဝအသုံးပြုခြင်းသို့ ကူးပြောင်းထားသည့် ဂိမ်းဟု မှတ်ထားကြသည်။ Final Fantasy X သည် Active Time Battle (ATB) တိုက်ခိုက်မှုစနစ်မှ Conditional Turn-Based Battle တိုက်ခိုက်မှုစနစ်သို့ ပြောင်းလဲထားပြီး စက်ဝန်းကွက် ဟုခေါ်သော ဇာတ်ကောင်များအဆင့်မြှင့်တင်မှုစနစ်သစ်ကို အသုံးပြုထားသည်။

ဂိမ်း၏ဇာတ်လမ်းသည် စပီရာဟု ခေါ်သည့် စိတ်ကူးယဉ်ကမ္ဘာတွင် ဇာတ်အိမ်တည်ထားပြီး ဆင်န် ဟု ခေါ်တွင်သည့် ဆိုးရွား ကြမ်းတမ်းသည့် သတ္တဝါဆိုးကို နှိမ်နင်းရန် စွန့်စားသူများအဖွဲ့နှင့် သူတို့၏ရှာဖွေရေးအပေါ် ဗဟိုပြုထားသည်။ ကစားသူမှ ကိုင်တွယ်ရသော ဇာတ်ကောင်သည် ဇာတိမြို့ ဇဏာကန်ဒ်ကို ဆင်န် ဖျက်ဆီးထားပြီးနောက် စပီရာကမ္ဘာထဲတွင် မိမိ မည်သူဆိုတာကို သိရှိသွားသော ဘလစ်ဇ်ဘော အကျော်အမော် တီးဒပ်စ် ဖြစ်သည်။ စပီရာသို့ ရောက်ပြီးမကြာမီ တီးဒပ်စ်က ဆင်န်သတ္တဝါဆိုးကို ချေမှုန်းရန် ဘုရားဖူးခရီးစဉ် စတင်နေသော တမန် ယူနာနှင့် ပူးပေါင်းလိုက်သည်။

Final Fantasy X ဖန်တီးမှုကို ရသုံးမှန်းငွေ အမေရိကန် ဒေါ်လာ ၃၂.၃ သန်းကျော်နှင့် လူပေါင်း ၁၀၀ ကျော်ပါသော အဖွဲ့က ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့သည်။ မဆရှိ ဟမအုဇု နှင့် ဂျွန်ယ နကနို တို့သည် နိုဘူအို အုအဲမဆု၏ တေးရေးအဖွဲ့ဝင်များအဖြစ် လက်မှတ်ထိုးခဲ့ပြီး ဂိမ်းများတွင် ယင်းဂိမ်းသည် အုအဲမဆု တစ်ဦးတည်းမှ သီကုံးရေးသားထားခြင်းမဟုတ်သော ပထမဆုံးဂိမ်း ဖြစ်ခဲ့သည်။ ကမ္ဘာအဝှမ်း ယူနစ်ပေါင်း ၆.၆ သန်းကျော် ရောင်းချနိုင်ခဲ့သော Final Fantasy X သည် ဝေဖန်မှုနှင့် စီးပွားရေး နှစ်ခုလုံးတွင် အောင်မြင်မှု ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ် မတ်လ ၃ရက်နေ့တွင် Final Fantasy X-2 ထွက်ရှိခဲ့ပြီး ယင်းဂိမ်းသည် ပထမဂိမ်း၏ အဆက်ဖြစ်သော ပထမဆုံး Final Fantasy ဂိမ်း ဖြစ်ခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Spencer (2013-11-18)။ Final Fantasy X/X-2 HD Remaster Comes To North America In March။ Siliconera။ 2013-11-18 တွင် ပြန်စစ်ပြီး။
  2. Sam (2013-11-19)။ Namco Bandai Games Australia Confirm Release Date of Final Fantasy X/X-2 HD Remaster in Australia, New Zealand and Other PAL Territories။ Otaku Study။ 2013-11-19 တွင် ပြန်စစ်ပြီး။
  3. Kubba, Sinan (2013-11-18)။ Final Fantasy X/X-2 HD Remaster pushed back to March 2014။ Joystiq။ 2013-11-18 တွင် ပြန်စစ်ပြီး။
  4. Luke Karmali (11 December 2014)။ Yes, Final Fantasy X / X-2 HD coming to PlayStation 4,။ IGN.com။ 2014-12-11 တွင် ပြန်စစ်ပြီး။