Business presentation graphics

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းနယ်ပယ်တစ်ရပ်တွင် ဂရပ်ဖစ်ပုံဖော်ချက်များ ဖန်တီးပေးရန် ဒီဇိုင်းပုံစံ ထုတ်ထားသော အထူးဂရပ်ဖစ် ပရိုဂရမ်များ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများသည် ဂရပ်ဖစ်ပစ္စည်း(တခါတရံတွင် ဇယားများ၊ ဂရပ်ဖစ်များကို ရည်ညွှန်းသည်) အနည်းအကျဉ်းမျှသာ လိုအပ်သည်ဟု ယင်းပရိုဂရမ်များက ယူဆထားကြသည်။ ဂရပ်ဖစ်ပုံများ( graph image)၊ text ဇယားများ(Text Table)၊ ဖွဲ့စည်းပုံဇယားများ (Organization chart) ၊ ကုန်စည်စီးဆင်းမှု ဂရပ်များ (Chart) စသည်တို့ဖြစ်သည်။ Business presentation graphic တွင် အချက်အလက်နှင့် ကိန်းဂဏန်းများအား မည်ကဲ့သို့ ဖော်ပြလိုသည်ကို သတ်မှတ်ပေးရသည်။ ကျန်သည့် အပိုင်းကို ဂရပ်ဖစ်ပရိုဂရမ်များက တာဝန်ယူပြီး သတ်မှတ်ထားသည့် ဂရပ်များ၊ ဇယားများရေးဆွဲပေးသည်။ ထို့နောက်တွင် မိမိအနေဖြင့် ကိုယ်ပိုင်အသုံးပြုရန် ဂရပ်များ၊ ဇယားများကို ပိုမိုကောင်းမွန်အောင် ဖန်တီးယူနိုင်သည်။ Business presentation graphics များစွာတွင် disk ပေါ်မှ ဖိုင်များကို အထူးဆောင်ရွက်မှုနယ်ပယ်ဆီသို့ ပို့ပေးပြီး ဆလိုက်ကားချပ်များ (slide) အဖြစ် ဖန်တီးယူနိုင်သည်။ မိမိအနေဖြင့် slide projector (ဆလိုက်ကားပြစက်) အသုံးပြုပြီး ဆလိုက်ပုံများကို ဖော်ပြပေးနိုင်သည်။ ဘက်စုံလူထုဆက်သွယ်ရေး PC များ ပေါ်လာသည့်အခါတွင် business presentation ပရိုဂရမ်များစွာသည် အသုံးပြုသူ၏ ဂရပ်ဖစ် ပုံဖော်ချက်များတွင် အသုံနှင့် လှုပ်ရှားမှုများကို ဖြည့်စွက်ပေးလာကြသည်။ ဤလုပ်ငန်းနယ်ပယ်တွင် လက်ရှိနည်းပညာမှာ အလျင်အမြန်တိုးတက်နေပါသည်။