Baroque pop

ဝီကီပီးဒီးယား မှ

Baroque pop (baroque rock သို့မဟုတ် English baroque) သည် Chamber pop/ rock နှင့်အတူ အပြန်အလှန်အသုံးပြုထားခြင်းဖြစ်ပြီး pop rock ဂီတ၏မျိုးခွဲဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းမှ စတင်ခဲ့သည်ဟု သိရသည်။[၁]

Baroque သည် ၁၉၆၀ နောက်ပိုင်းတွင် အောင်မြင်မှုအမြင့်မားဆုံးရောက်ခဲ့သည်။ the Beach Boys, the moody Blues, the Beatles, the left Banke, the Fifth Estate, the Rolling Stones, Loveနှင့် Procol Harum အစရှိသော တီးဝိုင်းတို့ပါဝင်သည်။ Baroque pop ၏ mainstream ကျော်ကြားမှုသည် ၁၉၇၀ တွင် punk rock, discoနှင့် hard rock တို့လျော့နည်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အခြားမျိုးခွဲများအပေါ် သက်ရောက်စေခဲ့သည်။ ၁၉၉၀တွင် baroque သည် ပြန်လည်၍ ရှင်သန်လာခဲ့သည်။ Belle and Sebastian, Regina Spektor, the Divine Comedy တို့ပါဝင်သည်။

ဝေါဟာရ[ပြင်ဆင်ရန်]

Baroque rock ဟူသော ဝေါဟာရကို ၁၉၆၆တွင် ကြမ်းတမ်းစွာ အသုံးပြုလာခဲ့သည်။ "English baroque" သည် ဤပုံ၏ တီးခတ်ပုံအသုံးပြုထားသော Britpop နှင့် rock ဖော်ပြရာတွင် အသုံးပြုထားသည်။ Chamber pop (သို့) Chamber rock သည် Chamber ဂီတ၏ ကြိုးတူရိယာများကို အသုံးပြုထားသော ဂီတကို ရည်ညွန်းရာတွင် အသုံးပြုသည်။

Classical ဂီတတွင် Baroque ကို ၁၆၀၀ မှ ၁၇၅၀ ကြားရှိ ဥရောပ၏ art ဂီတကို ဖော်ပြရာတွင် အသုံးပြုသည်။ အထင်ရှားဆုံးတေးရေးဆရာများမှ J.S Bachနှင့် Antonio Vivaldi တို့ဖြစ်သည်။ baroque pop ၏တီးခတ်ပုံများ Baroque နောက်ပိုင်းကာလအပိုင်းအခြားနှင့် classical အစောပိုင်းကာလအပိုင်းအခြားနှင့် ဆက်စပ်နေပြီး ၁၆၉ ၀မှ ၁၇၆၀ အထိ ဥရောပဂီတကို ရှင်းလင်းဖော်ပြသည်။ ညီမျှသောစာပိုဒ်များ ကြည်လင်ရှင်းသန့်ခြင်းနှင့် အလှအပ ရိုးရှင်းသော တီးခတ်ပုံ modern orchestra အထိ အသုံးပြုထားသည်။ သူတို့၏ဂီတပုံစံနှင့် တီးခတ်ခြင်းများကို ဖော်ပြရန် သူတို့၏ နယ်နမိတ်ကို ဂရုမစိုက်စေဘဲ ကျော်ကြားသောဂီတကို အသုံးပြုထားသည်။

ဝိသေလက္ခဏာများ[ပြင်ဆင်ရန်]

ဤအမျိုးအစားသည် rock ဂီတထက်လျော့နည်းသည်။ စီးပွားရေးအရ လျော့နည်းသော်လည်း ဤအမျိုးအစားကို ရင့်သန်လာစေသည်။ Baroque pop သည် progressive rock မှ ခွဲခြားထားသည် ဖြစ်နိုင်ဖွယ်ရှိသည်။ classical တီးခတ်ပုံများကိုလည်း အသုံးပြုထားသည်။ ယေဘုယျအားဖြင့် Highly orchestral များနှင့် lush instrumentation ဖြင့်ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဖော်ပြသည်။ baroque pop ၏ဗဟိုအစိတ်အပိုင်းများမှာ တေးသွားများ၊ ခေတ်ဆန်သော ထုတ်လုပ်ခြင်းများနှင့် အရေးပါသော ဟာမိုနီများ ပါဝင်သည်။ baroque pop သည် ယေဘုယျအားဖြင့် စိတ်အားညှိုးငယ်ခြင်းနှင့် ပြဇတ်ဆန်သော ဂီတဖြစ်သည်။

မူရင်း–၁၉၆၀ အစောပိုင်းမှ အလယ်[ပြင်ဆင်ရန်]

Baroque ၏မူလအစကို အတိအကျသတ်မှတ်ရန် ခက်ခဲစေသည်။ ၁၉၆၀ အစောပိုင်းတွင် Burt Bacharach သည် သမားရိုးကျမဟုတ်သော တီးခတ်ပုံများဖြင့် စမ်းသပ်လေ့လာခဲ့သည်။ Walk On Bq (၁၉၆၃) သီချင်းကဲ့သို့ Flugehorn သုံးထားသည်။ Phil Spector ၏ Wall of sound ကဲ့သို့ကွဲပြားသော တီးခတ်ပုံများကို သုံးထားသည်။ classical ဂီတနှင့်ဆက်စပ်နေသည်။ ဗြိတိန်အုပ်စု the Zombies သူတို့၏ She’s Not there single ကို ၁၉၆၄တွင် ဖြန့်ချိခဲ့ပြီး မျိုးခွဲ၏ ဥပမာအဖြစ် ကိုးကားခဲ့သည်။ သို့သော်လည်း ထိုသီချင်းသည် baroque ၏စည်းဝါးကိုက်သော အရည်အသွေးများစွာ ပါရှိသည်။ classical တီးခတ်ပုံအတိုင်းအသုံးမပြုထားပါပေ၊

၁၉၆၅တွင် Brian Wilson သည် the Beach Boy ၏ Today album တွင် baroque နှင့် symphone အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည်။ Summer Days(And Summer Nights!)album တွင် စန္ဒရားတစ်မျိုးနှင့် ဗျတ်စောင်းနှင့် တီးခတ်ထားသည်။ The Byrd တီးဝိုင်း၏ ပထမဆုံး single Mr.Tambourine Man (၁၉၆၅)သည် ဖွင့်ဖွင့်ချင်းတွင် Roger McGuinn နှင့် guitar မိတ်ဆက်သံနှင့် ထူးခြားခဲ့သည်။ the Beatle သည် Georg Martin ၏ classical ဂီတစွမ်းရည်နှင့် အကျိုးပြုခဲ့သည်။ သူသည် tempo တစ်ဝက်ဖြင့် piano solo ဖြင့် string quartet ကို အသုံးပြု၍ Yesterday နှင့် In My Life တို့ကို မှတ်တမ်းတင်ခဲ့သည်။

Zombies တီးဝိုင်းသည် New York မှဂီတသမား Michale Brownကို the left Banke တီးဝိုင်းဖွဲ့စည်းရန် လှုံဆော်စေခဲ့သည်။ သူ၏ ၁၉၆၆ single တွင် Walk Away Rence သည် စန္ဒရားတစ်မျိုးနှင့် String quarter ကို အသုံးပြုထားသည်။ အမှတ်ရစရာ baroque pop single ဖြစ်သည်။ ဗြိတိန် the Yardbirds မှ Jeff Beck သည် ထုံးစံအတိုင်းမဟုတ်သော ဂီတအရသာကို သူတို့၏ Gregorian chant နှင့် ကမ္ဘာဂီတလွှမ်းမိုးမှု တစ်လျှောက်တွင် မျိုးခွဲထဲမှ ပြောင်းလဲသော အလုပ်သည် baroque တီထွင် ဖွဲ့စည်းခြင်းကို ပြီးမြောက်စေလုပ်မည်။ Beach Boy ၏ Pel Sounds (၁၉၆၆)နှင့် God Only Knows နှင့် Caroline, No တို့ပြဇတ်စာသားများနှင့် စီစဉ်ထားသည်။ single Wouldn’t it Be Nice သည် သူတို့၏အရင်အလုပ်ထက် တိုးမြှင့်တီးခတ်ထားခြင်းဖြစ်သည်။ Pet Sound ကို တုံ့ပြန်သောအားဖြင့် baroque တီးခတ်ခြင်းသီချင်းများမှာ For No One နှင့် Eleano Rigby တို့ဖြစ်သည်။

၁၉၆၀နောက်ပိုင်း[ပြင်ဆင်ရန်]

၁၉၆၆တွင် Baroque ဂီတသည် ကျော်ကြားမှုထိပ်ဆုံးသို့ ရောက်ခဲ့သည်။ ထိုအချိန်အတွင်းတွင် Psychedelic ဂီတသည်လည်း ထိပ်ဆုံးသို့ ရောက်ခဲ့သည်။ Classical လွှမ်းမိုးမှုကို the Beatles တီးဝိုင်း ၁၉၆၇ album Sgt.Pepper’s Lonely Hearts club Band မှ "A Day in the life" နှင့် "She’s Leaving Home" နှင့် White Album (၁၉၆၈)မှ "Piggies" သီချင်းတို့တွင် တွေ့နိုင်သည်။[၂][၃] Arthur Lee ဦးဆောင်မြောက် album Da Capo (၁၉၆၇) တွင် baroque လွှမ်းမိုးမှုကို တွေ့ရသည်။ သို့သော် proto-punk မှတ်တမ်းတင်ခဲ့သည်။ သူတို့၏ တတိယမြောက် album Forever Changes (၁၉၆၇)မှ "Andmoreagain" နှင့် "Alone Again Or" တို့ပို၍ညင်သာပြီး တူရိယာမျိုးစုံဖြင့် တီးခတ်ထားသည်ကို တွေ့ရသည်။[၄]

The Moody Blue ၏ Day of Future Passed (၁၉၆၇)၊ the Zombies ၏ Odessey and Oracle (၁၉၆၈)၊ the Kinks ၏ Are the Village Green Preservation Society (၁၉၆၈)နှင့် Bee Gee ၏ Odessa (၁၉၆၉)နှင့် Honeybus ၏ "I Can’t Let Maggie Go" (၁၉၆၈)single သီချင်းတို့တွင် လွှမ်းမိုးခဲ့သည်ကို နားထောင်နိုင်သည်။ Procol Harum ၏တီးဝိုင်း၏ A Whiter Shade of Pale (၁၉၆၇)တွင် progressive rock နှင့် baroque ပုံစံတို့နှင့် အကျွမ်းဝင်စေခဲ့သည်။ Bach ၏ Sleepers, Wake! နှင့် Air on the G String တို့တွင်လည်း လွှမ်းမိုးခဲ့သည်။ ထိုကာလအပိုင်းအခြား၌ သူတို့၏ album များသို့ Baroque နှင့် Classical တို့ပေါင်းစပ်ထားသည့် အနုပညာရှင်များမှာ Judy Collins ၏ in My Life (၁၉၆၆) နှင့် Wildflowers (၁၉၆၇) နှင့် Joan Baez ၏ Joan(၁၉၆၇)နှင့် Baptism (၁၉၆၈) တို့မှာ အမှတ်ရဖွယ်ရာများဖြစ်သည်။

ကျဆင်းခြင်းနှင့် ပြန်လည်ရှင်သန်ခြင်း[ပြင်ဆင်ရန်]

၁၉၇၀ တွင် punk,disco, heavy metalနှင့် electronic music တို့ လွှမ်းမိုးနေသကဲ့သို့ Baroque pop နှင့် rock သည်လည်းကျဆင်းလာခဲ့သည်။ သို့သော် ၁၉၈၀ အတောအတွင်းတွင် R.E.M တီးဝိုင်းကြောင့် ပြန်လည်ရှင်သန်လာခဲ့သည်။[၅] Modern baroque pop ၏ ထူးခြားသည့်မှာ orchestral arrangements နှင့် classical style တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံမှာ traditional pop တီးခတ်ပုံကို လုံးဝပစ်ပယ်ထားသည်။ အတိတ်ဆယ်စုနှစ်စုမှ baroque အနုပညာရှင်များသည် များပြားစွာသော ကွဲပြားသော အမျိုးအစားများ၏ အောက်တွင် ခွဲခြားနိုင်သည်။ indie rock, alternative rock, folk, Americana, Britpop, psychedelia နှင့် dream pop တို့ပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Baroque Pop" Archived 20 May 2012 at the Wayback Machine., Allmusic, retrieved 13 November 2011.
  2. Andrew Jones, Plunderphonics, 'pataphysics & pop mechanics: an introduction to musique, ISBN 978-0-946719-15-0, p. 214.
  3. Pollack၊ Alan W. (1998)။ Notes on "Piggies"
  4. "Forever Changes"All Music, retrieved 5 August 2011.
  5. Hogan၊ Peter (1995)။ Complete Guide to the Music of R.E.M.။ Omnibus Pr။ p. 64။