ဘီပီအေ

ဝီကီပီးဒီးယား မှ
(BPA မှ ပြန်ညွှန်းထားသည်)

ဘီပီအေ (Bisphenol A (BPA)) သည် သဘာဝဓာတ်များဖြင့်ရောနှောထားသည့် ဓာတုဗေဒဒြပ်(CH3)2C(C6H4OH)2ဖြစ်သည်။ ၎င်းအား ပလပ်စတစ်ပြုလုပ်ရာတွင် အသုံးပြုသည်။ ၎င်းကို နေ့စဒူဝ အသုံးပြုနေကြသည့် ပလပ်စတစ်ဗူးများတွင် တွေ့ရှနိုင်ပြီး၊ အများအားဖြင့် ပလပ်စတစ်အမျိုးအစား အဆင့် ၇ တွင်လည်း တွေ့ရှိနိုင်သည်။ အဆင့် ၇ သည် သက်မှတ်မထားသည့် ပလပ်စတစ်အမျိုးအစားများအားလုံးကို ရောနှောထားသောကြောင့်၊ အဆင့် ၇ တွင်ပင် အခြား ဘီပီအေ ကင်းဆင်သည့် ပလပ်စတစ်အမျိုးအစားများကိုလည်း အဆင့်၇ အဖြစ် လက်ရှိတွင် ဖော်ပြကြရသည်။ အဆင့်၇ သည် ပြန်လည်အသုံးပြုရန်အတွက် သက်မှတ်ထားသည့် နံပါတ်ဖြစ်သော်လည်း ဘီပီအေ ဒြပ်ပါသည့် ပလပ်စတစ်ဟုတ်မဟုတ်ကို ကုမ္ပဏီများဖော်ပြမှသာလျင် အသုံးပြုသူမှ သိရှိနိုင်ပေသည်။ ထို့ကြောင့် အစားအသောက်များ သိုလှောင်သည့် ပလပ်စတစ်များမှ အစားအသောက်နှင့် ၎င်းဒြပ်သည် ထိတွေ့စိမ့်ဝင်ကာ အသုံးပြုသူများ၏ ခန္ဓာကိုယ်ထဲသို့ လက်ဆင့်ကမ်း ကူးပြောင်းသည်။

ဘီပီအေ ကင်းစင်သည့် ရေဗူးအား တွေ့ရစဉ်

၎င်းကို အစားအသောက်အသုံးအဆောင် ပစ္စည်များတွင် အသုံးပြုကြရာတွင် ဟော်မုန်းဒြပ်ပုံစုံမျိုး ပါဝင်နေသည်ကို တွေ့ရှိနိုင်သော်လည်း ပါဝင်မှုနည်းပါးလွန်းခြင်းကြောင့်၊ လူကို ဒုက္ခမပေးနိုင် ပေးနိုင်ကို အငြင်းပွားလျက်ရှိသည်။ ၂၀၀၈ ခုနှစ်တွင် အစိုးရများမှ အန္တရာယ်ကင်းရှင်းမှုရှိမရှိကို စတင်မေးခွန်းထုတ်ခဲ့ကြပြီးနောက်ပိုင်း ကုမ္ပဏီကြီးတချို့မှ ပီလီကာဘိုနိတ် အသုံးပြုခြင်းကို ရှောင်ရှားလာခဲ့ကြသည်။ ၂၀၁၀ တွင် အမေရိကန် အစားသောက် နှင့် ဆေးဝါး ကြီးကြပ်ရေး (အက်ဖ်ဒီအေ) မှ ၎င်းဒြပ်သည် သန္ဓေသား၊ မွေးကင်းစ ကလေးများနှင့် ကလေးငယ်များကို အန္တရာယ်ပေးနိုင်မှု ကြီးထွားကြောင်း ထုတ်ပြန်ခဲ့သည်။[၁] ၂၀၁၀ စက်တင်ဘာလမှစ၍၊ ကနေဒါနိုင်ငံမှ ဘီပီအေသည် အဆိပ်ဒြပ်ဖြစ်ကြောင်း ပထမဦးဆုံးနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။[၂] ဥရောပသမဂ္ဂ၊ ကနေဒါ နှင့် လက်တလောတွင် အမေရိကန်နိုင်ငံတို့မှ ဘီပီအေအား ကလေးသုံး ပစ္စည်များနှင့် ရေဗူး များတွင် အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။[၃][၄] အထူးသဖြင့် ဘီပီအေဒြပ်သည် ကလေးများစို့သည့် ချိန်လိန်(သို့) နို့သီးခေါင်းများတွင်လည်း အသုံးပြုခဲ့ကြသည်။ ဂျပန်နိုင်ငံသည်လည်း ထိုနည်းတူ ဘီပီအေ အစား အခြားဒြပ်များကို အသုံးပြုခဲ့ကြပြီး၊ ကျောင်းကန်တင်တွင် ကျောင်းသားများသုံးဆောင်ကြသည့် ဇွန်း၊ပန်းကန်များအားလုံးကို ဘီပီအေ ကင်းစင်သည့် ပလပ်စတစ်အမျိုးအစားများ အစားထိုးအသုံးပြုခဲ့ပြီးနောက်ပိုင်း၊ ကျောင်းသားများ၏ သွေးစစ်ဆေးမှုတွင် ဘီပီအေ အဆိပ် ၅၀ရာနှုန်း လျှော့ကျသွားသည်ကို တွေ့ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Update on Bisphenol A for Use in Food Contact Applications: January 2010။ U.S. Food and Drug Administration (15 January 2010)။ 19 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2010 တွင် ပြန်စစ်ပြီး။
  2. Martin Mittelstaedt။ "Canada first to declare bisphenol A toxic"၊ Globe and Mail၊ 13 October 2010။ 19 July 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 2 January 2012။ 
  3. FDA Bans Chemical BPA From Sippy Cups And Baby Bottles : The Salt : NPR
  4. "EU to ban Bisphenol A in baby bottles in 2011"၊ 25 November 2010။ 2 February 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 13 February 2011။