ဘီ (အက္ခရာ)
Wikipedia မှ
(B မှ ပြန်ညွှန်းထားသည်)
| အခြေခံ လက်တင်အက္ခရာ | |||||
|---|---|---|---|---|---|
| Aa | Bb | Cc | Dd | ||
| Ee | Ff | Gg | Hh | ||
| Ii | Jj | Kk | Ll | Mm | Nn |
| Oo | Pp | Rr | Ss | Tt | |
| Uu | Vv | Ww | Xx | Yy | Zz |
B သည် အင်္ဂလိပ်အက္ခရာတွင် ဒုတိယမြောက် အက္ခရာဖြစ်သည်။ နှုတ်ခမ်းနှစ်ခု ထိပြီး (bi/) Bee သံဖြင့် ဟူ၍ အသံထွက်ပြီး အများကိန်းအတွက် Bees ဟူ၍ အသံထွက်သည်။အလယ်ခေတ်( ဘီစီ ၁၀၅၀ ခန့်) အီဂျစ်တို့ ရေးဆွဲခဲ့သော အီဂျစ်အရုပ်စာသင်္ကေတမှ အိမ်ပုံစံကလေးမှ စတင်၍ ဖြစ်ပေါ်လာသည်ဟု ပြောနိုင်သည်။ အောက်ပါ ဇယားသည် ဖြစ်ပေါ်လာပုံနှင့် အသုံးပြုသော ဘာသာများတွင် ရေးသားထားပုံများ ဖြစ်ကြသည်။
| အီဂျစ်အရုပ်စာသင်္ကေတ တိုက်ပု |
Proto-Canaanite အိမ် |
Phoenician beth |
ဂရိအက္ခရာ Beta |
ဩပ်ရုစကမ်း B |
ရောမ B |
|---|---|---|---|---|---|
အသုံးပြုပုံ [ပြင်ဆင်ရန်]
Alternative representations of ဘီ (အက္ခရာ)
| NATO phonetic | မောရ်စ်၏ သင်္ကေတ |
| Bravo |
| အချက်ပြအလံ | Flag semaphore | မျက်မမြင် သင်္ကေတ |
- B ကို အဆင့်အတန်း၊ အုပ်စုဖွဲ့စည်းမှုများ သတ်မှတ်ရာတွင် ဒုတိယမြောက် အဖြစ်သတ်မှတ်ကြသည်။
- B# ဟူ၍ဂီတသင်္ကေတအတွက် သတ်မှတ်ထားသည်။
- ဆေးပညာရပ်တွင် သွေးအုပ်စုခွဲခြားရာ၌လည်း B သွေးအုပ်စု ဟူ၍ ရှိသည်။
- အနုမြူ ဓာတ်ရောင်ခြည်၌ Beta ရောင်ခြည်ကို βသင်္ကေတဖြင့် သတ်မှတ်ချက်ရှိသေးသည်။
- ဓာတုဗေဒ ပညာရပ်တွင် ဘိုရွန်( Boron ) ဓာတ်ကို B ဟုသတ်မှတ်ထားသည်။
- အိုင်တီလောကတွင် B ကို စာလုံးအားကြီး၍မည်းစေအောင် ပြုလုပ်နိုင်သည့် သင်္ကေတအနေဖြင့် အသုံးပြုသည်။
- အင်တာနက် အချက်ပြလှိုင်းများ၏ မြန်နှုန်းကိုလည်း B(b) သင်္ကေတဖြင့် ပြဆိုသည်။
- ထို့အပြင် "B" သင်္ကေတ အကြီးကို ကို ကွန်ပျူတာ၌ ယူနီကုဒ်အမှတ် U+0042 အဖြစ်အသုံးပြုပြီး "b"အသေးကို ယူနီကုဒ်အမှတ် U+0062 အဖြစ်အသုံးပြုထည့်သွင်းထားသည်။
ယနေ့ခေတ် မော်ဒန် စာလုံးစတိုလ်များတွင် ဘီကို ဤသို့ အမျိုးမျိုးရေးသားကြသည်။
ကိုးကား [ပြင်ဆင်ရန်]
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |