AC-130
Wikipedia မှ
Lockheed နှင့် Boeing ကုမ္ပဏီတို့က ပူးပေါင်း ထုတ်လုပ်ထားသော ဤလေယာဉ်သည် C-130 Hercules လေယာဉ်ကို မြေပြင် တိုက်ခိုက်ရေး လေယာဉ်အဖြစ် ပြုပြင် ပြောင်းလဲထားခြင်း ဖြစ်သည်။ ၄င်းတို့ကို မြေပြင်တိုက်ခိုက်ရေး လုပ်ငန်းများ ၊ လေကြောင်း ပစ်ကူပေးခြင်းများတွင် အသုံးပြုသည်။
အခြေခံ အချက်အလက်များ [ပြင်ဆင်ရန်]
- လေယာဉ်သား (၁၃) ဦး
- အရာရှိ (၅) ဦး [လေယာဉ်မှူး ၊ တွဲဘက်လေယာဉ်မှူး ၊ လေကြောင်းလမ်းပြ ၊ လက်နက်အရာရှိ ၊ အီလက်ထရောနစ် စစ်ဆင်ရေး အရာရှိ]
- အခြားအဆင့် (၈) ဦး [ လေကြောင်း အင်ဂျင်နီယာ ၊ ပစ်မှတ် စောင့်ကြည့်ရေးမှူး ၊ အနီအောက်ရောင်ချည် ပစ်မှတ် ရှာဖွေရေးမှူး ၊ လက်နက် တာဝန်ခံ ၊ သေနတ်သမား (၄) ဦး]
- လေယာဉ်အရှည် = (၂၉.၈ မီတာ)
- တောင်ပံအလျား = (၄၀.၄ မီတာ)
- လေယာဉ်အမြင့် = ၉၁၁.၇ မီတာ)
- အင်ဂျင် = Allison T56-A-15 turboprop အင်ဂျင် (၄) လုံး