၄ချက်ခုတ် အင်ဂျင်

ဝီကီပီးဒီးယား မှ
ဓာတ်ဆီသုံး အင်ဂျင်တွင် အသုံးပြုသော ၄ချက်ခုတ် စက်ဝိုင်း။ ညာဘက် အပြာရောင်ခြမ်းသည် အင်တိတ်ဖြစ်ပြီး ဘယ်ဘက် အဝါရောင်ခြမ်းသည် အိတ်ဇော့ ဖြစ်သည်။ စလင်ဒါ၏ နံရံသည် ပါးလွှာပြီး အအေးခံသည့် အရည်များရှိသည်။
မင်နီဆိုးတာပြည်နယ် ပြပွဲတွင် သရုပ်ပြထားသော အိုတိုအင်ဂျင်

၄ ချက်ခုတ် အင်ဂျင်ဆိုသည်မှာ အတွင်းတွင် ပေါက်ကွဲသော အင်ဂျင် တစ်မျိုးဖြစ်ပြီး ၎င်းတွင် ပစ်စတင်သည် ကွဲပြားခြားနားသော ရွေ့လျားမှု ၄ ခုကို ပြုလုပ်လေ့ ရှိသည်။ ၎င်းတို့မှာ အင်တိတ် (intake) ခေါ် လောင်စာဆီကို လက်ခံယူခြင်း၊ ကွန်ပရက်ရှင်း (compression) ခေါ် လောင်စာဆီကို သိပ်သည်းအောင် ဖိနှိပ်ခြင်း၊ ပါဝါ (power) ခေါ် စွမ်းအင် ထုတ်ပေးခြင်း နှင့် အိတ်ဇော့ (exhaust) ခေါ် လောင်ကျွမ်းပြီးသော ဓာတ်ငွေ့များကို ထုတ်လွှတ်ခြင်းတို့ ဖြစ်ကြသည်။ ထို ၄ ချက်သည် အင်ဂျင် ကရိုင်းရှပ် နှစ်ပတ်လည်သည့် အတွင်းတွင် ဖြစ်ပေါ်ပြီး သာမိုဒိုင်းနမစ် စက်ဝိုင်း တစ်ခုကို ဖြစ်ပေါ်စေသည်။