၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
(၂၇ကြိမ်မြောက် ဆီးဂိမ်း မှ ပြန်ညွှန်းထားသည်)
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့မြန်မာနိုင်ငံနေပြည်တော်
ဆောင်ပုဒ်Green, Clean and Friendship
မြန်မာ: စိမ်းလန်းသန့်စင်တို့ချစ်ခင်
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၄၇၃၀
ကစားပွဲအမျိုးအစား၄၆၀ (၃၃မျိုး)[၁]
ဖွင့်ပွဲအခမ်းအနား၁၁ ဒီဇင်ဘာ ၂၀၁၃
ပိတ်ပွဲအခမ်းအနား၂၂ ဒီဇင်ဘာ ၂၀၁၃
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
Athlete's Oathစန္ဒီဦး
Torch Lighterဝေလင်းထွန်း
အခမ်းအနားကျင်းပရာ အားကစားကွင်းဝဏ္ဏသိဒ္ဓိ အားကစားကွင်း
ဝက်ဘ်ဆိုဒ်27th Southeast Asian Games
27th Southeast Asian Games
၂၀၁၁ ၂၀၁၅  >

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံ၊ ​နေပြည်​တော်မြို့၌ ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၂ရက်အထိကျင်းပသော ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၁၁၉၆၉ပွဲတော်များကို အိမ်ရှင်အဖြစ် ၂ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၃ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲ၏ ကနဦးနိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲပြီး​နောက် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ နှစ်ပေါင်း ၄၄နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံ (၁၁) နိုင်ငံမှ အားကစားသမားပေါင်း ၄,၇၃၀ ခန့်က အားကစားနည်း ၃၃မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်​ဆောက်ပြီးစီးသည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တွင် ကျင်းပခဲ့သည်။ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား ကျင်းပခွင့်ရရန် ဗီယက်နမ်ဖိလစ်ပိုင်ထိုင်းနိုင်ငံတို့ နှင့်အတူ ကျင်းပပြုလုပ်ခွင့်အား ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံသည့် ဒုတိယအကြိမ်မြောက် အားကစားပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသည့်အချိန်မှစ၍ ၄၄ နှစ်ကြာမှ နောက်ထပ် ထပ်မံ၍ လက်ခံကျင်းပခွင့်ရခဲ့သည်။

မြန်မာအိုလံပစ် ကော်မတီအား ၂၇ ကြိမ်မြောက်ပွဲတော်အား လက်ခံကျင်းပပြုလုပ်ရန်အတွက် အ​​ရှေ့​တောင်အာရှအားကစားအဖွဲ့ချုပ် (SEAGF)မှ ၃၁ မေလ ၂၀၁၀ ပြည့်နှစ်က ဂျာကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်အားလက်ခံ ကျင်းပခွင့်ပြုခြင်းကို အာရှအိုလံပစ်ကောင်စီ၏ တရားဝင်စာမျက်နှာတွင် ဇွန်လ ၇ ရက် ၂၀၁၀ပြည့်နှစ်ကကြေညာခဲ့သည့်။ မြန်မာနိုင်ငံသည် ဤပြိုင်ပွဲအား ကျွန်းဆွယ်အားကစားပွဲအမည်ဖြင့် ၁၉၆၁ နှင့် ၁၉၆၉ တို့တွင် ရန်ကုန်မြို့တော်တွင် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည့် တတိယကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည် ။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပွဲတော်အား မူလက စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ရန် ဖြစ်သော်လည်း အားကစားကွင်းများ တည်ဆောက်မှုများ မပြီးစီးသေးသည့် အတွက် မြန်မာနိုင်ငံအား လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကျင်းပရာမြို့[ပြင်ဆင်ရန်]

နေပြည်တော်တွင် အားကစားနည်းအများစုကျင်းပခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တွင်လည်း ကျင်းပခဲ့သည်။

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရန်ကုန်
ရန်ကုန်
မန္တလေး
မန္တလေး
နေပြည်တော်
နေပြည်တော်
ငွေဆောင်
ငွေဆောင်
ကျင်းပရာမြို့များ

အားကစားကွင်းများ[ပြင်ဆင်ရန်]

ဝဏ္ဏသိဒ္ဓိ မိုးလုံ​လေလုံအားကစားရုံ
ဇေယျာသီရိအားကစားကွင်း
သုဝဏ္ဏအားကစားကွင်း
မန္တလာသီရိအားကစားကွင်း
မြို့ အားကစားကွင်း အားကစားနည်း
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံစု
ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်
မိုးလုံ​လေလုံအားကစားရုံ (​အေ၊ဘီ၊စီ) ကြက်တောင်၊ ခြင်းလုံး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ဝူရှုး၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်
ဖူဆယ်ကွင်း ဖူဆယ်
လက်ဝှေ့ရုံ လက်ဝှေ့၊ မွေထိုင်း
ဘီလီယက်နှင့်စနူကာရုံ ဘီလီယက်နှင့်စနူကာ
ရေကူးကန် ဒိုင်ဗင်၊ ရေကူး
မြင်းစီးကွင်း မြင်းစီး
အားကစားရွာ ပီတန်း
မြားပစ်ကွင်း မြားပစ်
ဇေယျာသီရိ အားကစားရုံစု
ဇေယျာသီရိ အားကစားကွင်း ဘောလုံး(ကျား)
မိုးလုံ​လေလုံအားကစားရုံ (​အေ၊ဘီ၊စီ) ဘော်လီဘော၊ ဂျူဒို၊ ဗိုဗွီနမ်၊ ပန်ကြတ်ဆီလတ်၊ ဘတ်စကတ်
ရေကူးကန် ဝါတာပိုလို
အခြားကွင်းများ
Mount Pleasant စက်ဘီး -BMX၊cross country၊ downhill
ငလိုက်ဆည် ကနူးလှေ၊ လှေလှော်၊ ရိုးရာလှေ
လယ်ဝေး-ပျဉ်းမနား-တပ်ကုန်းလမ်း စက်ဘီး
တော်ဝင်မြန်မာ ​ဂေါက်ကွင်း ဂေါ့ဖ်
ဇမ္ဗူသီရိဟိုတယ် စစ်တုရင်
ရန်ကုန်
သုဝဏ္ဏကွင်း ဘောလုံး(ကျား)
သုဝဏ္ဏအားကစားရုံ နပန်း၊ကမ်ပို
သိမ်ဖြူကွင်း အလေးမ
သိမ်ဖြူဟော်ကီကွင်း ဟော်ကီ
မြောက်ဒဂုံ​သေနတ်ပစ်ကွင်း သေနတ်ပစ်
မြန်မာကွန်ဗန်းရှင်းစင်တာ ကိုယ်ကာယအလှပြ
မန္တလေး မန္တလာသီရိကွင်း ဘောလုံး(မ)
ငွေဆောင် ငွေဆောင်ကမ်းခြေ ရွက်လှေ

မီးရှုးတိုင်[ပြင်ဆင်ရန်]

မီးရှုးတိုင်ကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)ရှေ့မှ စတင်ထွန်းညှိခဲ့ပြီး ဖွင့်ပွဲကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပင်မမီးရှုးတိုင် အထိ ကီလိုမီတာ ၃၂၀ သယ်ဆောင်ခဲ့သည်။[၂]ဖွင့်ပွဲကျင်းပ​နေစဉ် ​ကွင်းအတွင်း လက်ဆင့်ကမ်းသယ်​ဆောင်သူများမှာ ​အောက်ပါအတိုင်းဖြစ်သည်။

အမည် အားကစားနည်း
ဦးသန့်စင် ပြေးခုန်ပစ်
ဒေါ်ဂျနီဖာတင်လေး ပြေးခုန်ပစ်
ဦးတင်အောင်(ဂိုး) ဘောလုံး
ဒေါ်သန်းသန်း ပြေးခုန်ပစ်
ဒေါ်ခင်ခင်ထွေး ပြေးခုန်ပစ်
ဦးမြင့်အောင် ကျွမ်းဘား
ဦးစောဆာလောလ ပြေးခုန်ပစ်
ဦးအေးမြင့်ကြူ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကော်မတီ ဥက္ကဋ္ဌ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
​ဝေလင်းထွန်း (ပင်မမီးရှူးတိုင်အားထွန်းညှိသူ) မြားပစ်

ပြဿနာများ[ပြင်ဆင်ရန်]

မြန်မာအိုလံပစ်ကော်မတီအနေဖြင့် ဤပြိုင်ပွဲအတွက် အားကစားနည်း ၃၃မျိုး ကျင်းပခဲ့သည်။ ထိုအားကစားနည်းများတွင် ကျွမ်းဘား၊ တင်းနစ်၊ သဲသောင်ဘော်လီဘော စသည့် အိုလံပစ်အားကစားနည်းများကို ဖယ်ထုတ်ခဲ့သည်။၎င်းတို့အစား ခြင်းလုံး၊ စစ်တုရင်ကဲ့သို့သော ရိုးရာအားကစားနည်းများကို ထည့်သွင်းခဲ့သည်။ ထိုအချက်များကို မကျေနပ်၍ ဖိလစ်ပိုင်အနေဖြင့် ပြိုင်ပွဲကို သပိတ်မှောက်ကြရန် ဖိလစ်ပိုင်အားကစားကောင်စီအကြီးအကဲက ဖိလစ်ပိုင်အိုလံပစ်ကော်မတီသို့ ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် သမိုင်းတစ်လျှောက်အနည်းဆုံးသော အားကစားအဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။ စင်ကာပူ၊မလေးရှားနှင့် အခြားနိုင်ငံများကမူ အိမ်ရှင်အခွင့်အရေးသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲပြင်ဆင်မှုများကို ချီးမွမ်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံက ဖိလစ်ပိုင်အနေဖြင့် သပိတ်မှောက်ရန်ပြောခြင်းမှာ သိက္ခာမဲ့ကြောင်း ပြောခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် နယူးကလပ်ပွဲတော်ကို လက်ခံကျင်းပသည့်အခါ အားနစ်ကဲ့သို့သော ဖိလစ်ပိုင်ရိုးရာအားကစားနည်းများကို ထည့်သွင်းခဲ့သည်။[၃]

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၁၃အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ လူပုံစံနှင့်တူ​​သော မြန်မာပြည်၏ ​မြေပုံဖြစ်သည်။ မြန်မာပြည်၏မြေပုံအ​ပေါ်တွင် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ တံဆိပ်အမှတ်အသား ဖြစ်သည့် အဝိုင်းငယ် ၁၁ ခုဖြင့် ပေါင်းစပ်ထားသော ဘောလုံးပုံသည် ပြိုင်ပွဲဝင် အရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံအားကိုယ်စားပြုသည်။ တံဆိပ်တွင် အသုံးပြုထား​သောအဝါ၊ အစိမ်း နှင့်အနီရောင်တို့သည် မြန်မာနိုင်ငံ၏ အလံမှ အမျိုးသားအရောင်များအား ကိုယ်စားပြု ထားသည်။ အဝါရောင်စက်ဝန်းသည် တူညီခြင်းနှင့် ညီအစ်ကို အရင်းအခြာဖြစ်ခြင်းကို ရည်ညွန်းသည်။ အစိမ်းရောင်မှာ သဘာဝအလှတရားများကို မြတ်နိုးခြင်းနှင့် စိမ်းလန်းစီးပွားစနစ်တို့ကို ကိုယ်စားပြုသည်။ အနီရောင်မှာ မြန်မာတို့၏ ရဲရင့်ခြင်းနှင့် ကြိုးစားခြင်းတို့ကို ကိုယ်စားပြုသည်။

လာဘ်​ကောင်[ပြင်ဆင်ရန်]

ရွှေရိုးနှင့် မမိုး

၂၀၁၃အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ မြန်မာတို့၏ ရိုးရာ ကံကောင်းခြင်း နိမိတ်ဆောင်သော ဇီးကွက်ဖိုနှင့် ဇီးကွက်မ တစ်စုံဖြစ်သည်။ ဇီးကွက်အဖိုမှာ ​ရွှေရိုးဖြစ်ကာ အမမှာ မမိုးဖြစ်သည်။ ဇီးကွက် ရုပ်၏ အဓိပ္ပာယ်မှာ အသိဉာဏ်ကြီးခြင်း ၊ တည်ငြိမ်ခြင်းနှင့် မျှတခြင်း ဂုဏ်အင်္ဂါရပ်နှင့် လျှော်ညီသည်ဟု ကမ္ဘာမှ ယူဆထားသကဲ့သို့ မြန်မာမှလည်း မင်္ဂလာရှိခြင်းနှင့် ကံကောင်းခြင်းများကို ယူဆောင်လာသည်ဟု ယူဆကြသည်။

သီချင်း[ပြင်ဆင်ရန်]

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ သီချင်းမှာ ရောင်စုံဥယျာဉ်ဖြစ်သည်။ တေးရေးလင်းထက်က ရေးသားကာ အဆိုတော် ထူးအယ်လ်လင်းနှင့် ဆုန်သင်းပါရ်တို့က အဓိကသီဆိုထားပြီး ဂီတမိတ်မှ ကျောင်းသား၊ကျောင်းသူများမှ ပံ့ပိုးသီဆိုထားကြသည်။ တေးသီချင်းအတွက် ပြိုင်ပွဲကျင်းပခဲ့ပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တေးသီချင်းရွေးချယ်ပြီး ဆုပေးပွဲကို ၂၀၁၃ခုနှစ် စက်တင်ဘာ ၂၁ရက်နေ့က ကျင်းပခဲ့သည်။ ထို့အပြင် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ခံထားရသည့် သီချင်း ၅ပုဒ်နှင့် အခြားသီချင်းများကိုလည်း စုစည်းကာ We Love SEA Gamesအမည်ဖြင့် ပြိုင်ပွဲအကြို လှုံ့​ဆော်​ရေးတေးအယ်လ်ဘမ်ဖြန့်ချိခဲ့သည်။[၄]

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ညနေ ၅ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များမှ အကြိုဖျော်ဖြေခဲ့ကြသည်။ ညနေ ၆ နာရီ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ရောက်ရှိလာချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ကျောင်းသား ၁၅၀၀ ၏ သရုပ်ဖော်မှုဖြင့် အမှတ်စဉ်ရေတွက်ကာ ဖွင့်ပွဲကို စတင်ခဲ့သည်။ ထို့နောက် မြန်မာ့ဆိုင်းဝိုင်း၊ ပတ္တလား၊ စောင်းတို့ဖြင့် တီးခတ်ဖျော်ဖြေပြီးသည်နှင့် အားကစားသမားများ ချီတက်လာကြသည်။ ထို့နောက် အားကစားဝန်ကြီး ဦးတင့်ဆန်း အမှာစကားပြောကြားပြီး၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်လှစ်ကြောင်းကို ဆီးဂိမ်းကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ရောင်စုံမီးရူးမီးပန်းများ ဖောက်ကာ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ အားကစားနှင့်ဒိုင်လူကြီး အဓိဌာန်တို့ ရွတ်ဆိုပြီးနောက် ဆီးဂိမ်းမီးရူးတိုင် ထွန်းညှိခြင်းကို နိုင်ငံဂုဏ်ကို ဆောင်ခဲ့သော အားကစားသမားဟောင်း ၆ ဦး၊ ယဉ်ကျေးမှုဝန်ကြီးနှင့် မြားပစ်အားကစားသမားတို့မှ ထွန်းညှိခဲ့သည်။ ထို့​နောက် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် မဟာပုဂံပွဲဦးအလင်္ကာရွှေနိုင်ငံက ကြိုနေမယ်အနာဂတ်ကမ္ဘာ​မြေမျိုးဆက်သစ်တို့အားမာန်နှင့် သွေးချင်းတို့ဌာနေ မြန်မာပြည် တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။ နိုင်ငံ​တော်သမ္မတနှင့်ဇနီးတို့ပြန်လည်ထွက်ခွာပြီး​နောက် အနုပညာရှင်များကဆက်လက်​ဖျော်​ဖြေခဲ့သည်။ ကြီးမားလှသော LED စတိတ်၊ Carpet စတိတ်(ကွင်းအလယ်ရှိပိတ်သားအဖြူကို ပရိုဂျက်တာနှင့်ထိုး၍ပုံဖော်ခြင်း)၊ မီးစလိုက်များနှင့် မီးရှုးပန်းများ၊ များပြားလှသော လူဦးရေများဖြင့် တင်ဆက်မှု၊ မြန်မာပြည်မြေပုံတင်ဆက်မှုများသည် မြန်မာပြည်သမိုင်း၌ အကြီးကျယ်ဆုံးသော ဖျော်ဖြေပွဲဖြစ်လာစေသည်။ ထို့အပြင် ၁၉၆၉ ခုနှစ်မှ စတင်ပြီး ကျင်းပခဲ့သော အခမ်းအနားများအနက် အကြီးအကျယ် အခမ်းနားဆုံး ပွဲတော်တစ်ခုအဖြစ် သတ်မှတ်စံချိန်တင်နိုင်ခဲ့သည်။[၅]

ဖွင့်ပွဲအခမ်းအနား

[၁][၆]

ပိတ်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

၂၇ ကြိမ်မြာက် ဆီးဂိမ်းပိတ်ပွဲ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များမှ အကြိုဖျော်ဖြေခဲ့ကြသည်။ ညနေ ၆ နာရီ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ရောက်ရှိလာချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ကျောင်းသား ၁၅၀၀ ၏ သရုပ်ဖော်မှုဖြင့် "We Can Do"စာသားကို ပုံဖော်ကာ ပိတ်ပွဲကို စတင်ခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် အားမာန်ဝင့်ချီရှေ့သို့ချီ၊ တို့မြန်မာခြင်းလုံး၊ ဆင်ရတနာအက၊ ရောင်စုံပန်းများ၏မြစ်ကြေးမှုံ၊ ထာဝရမြန်မာတို့နှင့် စတင်ခဲ့သည်။ ထို့နောက် အားကစားနည်းတစ်မျိုးစီလိုက် အားကစားကွင်းသို့ ဝင်ရောက်လာကာ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ ပြိုင်ပွဲဆိုင်ရာများ ရှင်းလင်းတင်ပြပြီး၂၇ ကြိမ်မြောက် ဆီးဂိမ်းပိတ်သိမ်းကြောင်းကို ဆီးဂိမ်းကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ရောင်စုံမီးရူးမီးပန်းများ ဖောက်ကာ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံကို အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အလံကို လွှဲပြောင်းပေးခဲ့ပြီး စင်ကာပူနိုင်ငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် ပြန်ဆုံမယ် အစီအစဉ်ဖြင့် ပိတ်ပွဲအခမ်းအနားပြီးဆုံးခဲ့သည်။[၇]

ပါဝင်သည့်နိုင်ငံများ[ပြင်ဆင်ရန်]

အားကစားနည်းများ[ပြင်ဆင်ရန်]

မြန်မာဆီးဂိမ်းတွင် အားကစားနည်းပေါင်း ၃၃ မျိုး ထည့်သွင်းကျင်းပခဲ့သည်။[၁]

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ဘက်စကတ်​ဘော
  • ဘီလိယက်နှင့် စနူကာ
  • ကိုယ်ကာယအလှပြ
  • လက်​ဝှေ့
  • ကနူး​လှေ
  • စစ်တုရင်
  • ခြင်းလုံး
  • စက်ဘီးစီး
  • မြင်းစီး
  • ​ဘောလုံး
    • ဖူဆယ်​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ​ဟော်ကီ
  • ဂျူဒို
  • ကရာ​တေး
  • ကမ်ပို
  • ​မွေထိုင်း
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • ​လှေ​လှော်
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • ရိုးရာ​လှေ
  • ​ဘော်လီ​ဘော
    • ရုံတွင်း
  • ဗိုဗီနမ်
  • အ​လေးမ
  • နပန်း
  • ဝူရှုး

ပြက္ခဒိန်[ပြင်ဆင်ရန်]

OC ဖွင့်ပွဲအခမ်းအနား ပြိုင်ပွဲရက်များ 1 ရွှေတံဆိပ် ချီးမြှင့်ပွဲများ CC ပိတ်ပွဲအခမ်းအနား
ဒီဇင်ဘာ
ဗုဒ္ဓဟူး

ကြာ/တေး

သောကြာ

စနေ

တနင်္ဂနွေ

တနင်္လာ
၁၀
အင်္ဂါ
၁၁
ဗုဒ္ဓဟူး
၁၂
ကြာ/တေး
၁၃
သောကြာ
၁၄
စနေ
၁၅
တနင်္ဂနွေ
၁၆
တနင်္လာ
၁၇
အင်္ဂါ
၁၈
ဗုဒ္ဓဟူး
၁၉
ကြာ/တေး
၂၀
သောကြာ
၂၁
စနေ
၂၂
တနင်္ဂနွေ
ရွှေတံဆိပ်
Ceremonies OC CC N/A
ရေပိုင်းဆိုင်ရာအားကစားနည်း-ဒိုင်ဗင်
ရေပိုင်းဆိုင်ရာအားကစားနည်း - ရေကူး ၃၂
ရေပိုင်းဆိုင်ရာအားကစားနည်း - ဝါတာပိုလို 1
မြားပစ် ၁၀
ပြေးခုန်ပစ် ၁၂ ၄၆
ကြက်တောင်
ဘတ်စကက်ဘော 2
ဘိလိယက်နှင့်စနူကာ ၁၂
ကိုယ်ကာယအလှပြ 5
လက်ဝှေ့ ၁၄ ၁၄
ကနူးလှေ ၁၆
စစ်တုရင် ၁၈
ခြင်းလုံး
စက်ဘီးစီး ၁၃
မြင်းစီး
ဘောလုံး
ဂေါက်သီးရိုက်
ဟော်ကီ
ဂျူဒို ၁၈
ကရာတေး ၁၇
ကမ်ပို ၁၈
မွေထိုင်း ၁၄ ၁၄
ပန်ကြပ်ဆီလပ် ၁၀ ၁၅
ပီတန်း ၁၁
လှေလှော်
ရွက်လှေ ၁၂ ၁၃
ပိုက်ကျော်ခြင်း ၁၀
သေနတ်ပစ် ၁၂
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို ၂၁
ရိုးရာလှေ ၁၇
ဘော်လီဘော
ဗိုဗီနမ် ၁၈
အလေးမ ၁၁
နပန်း ၂၁
ဝူရှူး ၂၃
နေ့စဉ်ချီးမြှင့်သောရွှေတံဆိပ်ဆု ၁၆ ၁၉ ၂၁ ၄၂ ၄၉ ၄၃ ၃၆ ၂၉ ၄၂ ၄၄ ၄၆ ၅၃ ၄၆၀
ထပ်တိုး
ဒီဇင်ဘာ
ဗုဒ္ဓဟူး

ကြာ/တေး

သောကြာ

စနေ

တနင်္ဂနွေ

တနင်္လာ
၁၀
အင်္ဂါ
၁၁
ဗုဒ္ဓဟူး
၁၂
ကြာ/တေး
၁၃
သောကြာ
၁၄
စနေ
၁၅
တနင်္ဂနွေ
၁၆
တနင်္လာ
၁၇
အင်္ဂါ
၁၈
ဗုဒ္ဓဟူး
၁၉
ကြာ/တေး
၂၀
သောကြာ
၂၁
စနေ
၂၂
တနင်္ဂနွေ
စုစုပေါင်း

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွေတံဆိပ် ၄၆၀ခု၊ ငွေတံဆိပ် ၄၆၀ခု၊ ကြေးတံဆိပ် ၆၁၁ခု စုစုပေါင်းဆုတံဆိပ် ၁၅၃၁ ခုချီးမြှင့်ခဲ့သည်။[၇][၈][၉][၁၀]

ချီးမြှင့်ခဲ့​သော ဆုတံဆိပ်များ
Key

  *   အိမ်ရှင်

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း ၁၀၈ ၉၄ ၈၂ ၂၈၄
 မြန်မာ* ၈၄ ၆၃ ၈၄ ၂၃၁
 ဗီယက်နမ် ၇၄ ၈၅ ၈၆ ၂၄၅
 အင်ဒိုနီးရှား ၆၄ ၈၄ ၁၁၀ ၂၅၈
 မလေးရှား ၄၃ ၃၈ ၇၉ ၁၆၀
 စင်ကာပူ ၃၅ ၂၈ ၄၅ ၁၀၈
 ဖိလစ်ပိုင် ၂၉ ၃၅ ၃၇ ၁၀၁
 လာအို ၁၃ ၁၇ ၄၉ ၇၉
 ကမ္ဘောဒီးယား ၁၁ ၂၈ ၄၇
၁၀  အရှေ့တီမော ၁၀
၁၁  ဘရူနိုင်း
Total (11 NOCs) ၄၆၁ ၄၅၉ ၆၁၁ ၁၅၃၁
ရင်းမြစ်: Source Archived 5 April 2016 at the Wayback Machine.
ဆုတံဆိပ်ပြောင်းလဲခြင်း

မြန်မာရွေတံဆိပ်ဆုရှင် စောမာလာနွယ်(ပြေးခုန်ပစ်)၊ မင်းဇော်ဦး(ကာယဗလ)၊ အင်ဒိုနီးရှား ရေကူး ရွှေနှင့် ငွေတံဆိပ်ဆုရှင် တို့သည် တားမြစ်ဆေးကြောင့် ဆုတံဆိပ်ရုပ်သိမ်းခံရသည်။[၁၁][၁၂][၁၃][၁၄]

ရုပ်သိမ်းခံရသည့်နှစ် အားကစားနည်း ပွဲစဉ် နိုင်ငံ ​ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း
၂၀၁၃ ​ပြေးခုန်ပစ် Women's 20 kilometres walk  မြန်မာ –1 +1 –1 –1
 ဗီယက်နမ် +1 −1 0
 ထိုင်း +1 +1
၂၀၁၃ ကိုယ်ကာယအလှပြ 80 kg  မြန်မာ –1 –1
 ထိုင်း +1 −1 0
 အင်ဒိုနီးရှား +1 −1 0
 မလေးရှား +1 +1
၂၀၁၄ ​ရေကူး Men's 100 metre breaststroke  အင်ဒိုနီးရှား −1 –1
 ဖိလစ်ပိုင် +1 −1 0
 ထိုင်း +1 +1
၂၀၁၄ ​ရေကူး Men's 4 × 100 metre medley relay  အင်ဒိုနီးရှား –1 –1
 စင်ကာပူ +1 −1 0
 ထိုင်း +1 −1 0
 မလေးရှား +1 +1

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပြီ
  2. The 27th SEA Games to open in Myanmar | Shanghai Daily။ 29 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
  3. ဆီးဂိမ်း ကစားနည်း အပြောင်းအလဲများ အတွက် ဝေဖန်ခံနေရတဲ့ မြန်မာ
  4. ရောင်စုံဥယျာဉ်ကို ဆီးဂိမ်းသီချင်းအဖြစ်ရွေးချယ်။ 25 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2021 တွင် ပြန်စစ်ပြီး။
  5. 27th SEA Games - Myanmar 2013
  6. နေပြည်တော်က ဆီးဂိမ်းစ် ဖွင့်ပွဲ
  7. ၇.၀ ၇.၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြီးဆုံး
  8. OCA။ 5 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
  9. In Athletics Men's 1500m FINAL has 2 Golds Medal.
  10. No Silver Medal in Athletics : Men's 1500m.
  11. hafiy found guilty doping by Asia sports medical body
  12. Schooling gets his 6th gold for 2013 SEA Games
  13. SEA Games: Three guilty of doping at Myanmar Games။ 6 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
  14. FINA Announces Two Indonesian Swimmers Banned for Two Years for Doping
ယခင်က
၂၀၁၁
ဂျာကာတာ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၃
​နေပြည်​တော်
ဆက်ခံသူ
၂၀၁၅
စင်ကာပူ