၂၀၁၁ အီဂျစ် လူထုဆန္ဒပြပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၂၀၁၁ ခုနှစ် အီဂျစ် လူထုဆန္ဒပြပွဲ

ဇန္နဝါရီ ၂၅ ရက်နေ့၌ ချီတက်လာသော ဆန္ဒပြသူ လူထု
နေရာ အီဂျစ်နိုင်ငံ၏ အလံတော် အီဂျစ်
နေ့ရက် ၂၀၁၁ ဇန္နဝါရီ ၂၅ – ဖြစ်ပွားဆဲ
ထူးခြားချက် ဆန္ဒပြမှု၊ အဓိကရုဏ်း၊ လုယက်မှု၊ သပိတ်မှောက်မှု
သေဆုံးသူဦးရေ ၃၆၅ - [၁][၂] ဆန္ဒပြသူ ၁၃၅ ဦး၊[၃][၄] ရဲသား ၁၂ ဦး၊[၅][၆][၇] ထောင်ပြေး ၁၂ ဦးနှင့် ထောင်မှူး ၁ ဦး ပါဝင်သည်။[၈][၉]
ဒဏ်ရာရသူဦးရေ ၃၀၀၀ ကျော်[၁၀]
ဖမ်းဆီးခံရသူဦးရေ ၁၀၀၀ ကျော်[၁၁]

၂၀၁၁ ခုနှစ် အီဂျစ် လူထုဆန္ဒပြပွဲသည် ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားသည့် လူထုလှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ [၁၂][၁၃] ထိုနေ့သည်လည်း အီဂျစ်နိုင်ငံ၏ရဲသားများနေ့ ဖြစ်သည်။ ဆန္ဒပြမှု စတင်ခဲ့ပြီး ၁၈ ရက်မြောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အီဂျစ်နိုင်ငံအား နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့သည့် သမ္မတ ဟိုစ်နီ မူဘာရတ် (Hosni Mubarak) ရာထူးမှ နှုတ်ထွက်ခဲ့သည်။

ဆန္ဒပြပွဲသည် အဓိကအားဖြင့် မြို့တော် ကိုင်ရိုမြို့၊ အယ်လက်ဇန္ဒရီးယားမြို့ (Alexandria) နှင့် ဆူးအက်မြို့ (Suez) တို့တွင် လူထု ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြရာမှ စတင်ခဲ့သည်။[၁၄] ပြီးခဲ့သည့် နှစ်များအတွင်း အီဂျစ်နိုင်ငံ၌ ဆန္ဒပြပွဲများ မကြာမကြာ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဆန္ဒပြပွဲသည် ‘၁၉၇၇ ခုနှစ် ပေါင်မုန့် ဆူပူမှု’ (1977 Bread Riots) နောက်ပိုင်း လူတန်းစားမရွေး၊ ဘာသာမရွေး ပါဝင်သည့် အတိုင်းအတာ အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်သည်။[၁၅]

ဆန္ဒပြပွဲများသည် တူနီးရှား လူထုအုံကြွမှု ဖြစ်ပွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်ခဲ့သည်။ အီဂျစ်ဆန္ဒပြပွဲသည်လည်း တူနီးရှား တော်လှန်ရေးနောက် ဆက်တိုက်ဖြစ်ပွားသည့် အာရပ်ကမ္ဘာ ဆန္ဒပြပွဲများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အီဂျစ်ဆန္ဒပြသူများ၏ မကျေနပ်ချက်များမှာ ရဲများ၏ အကြမ်းဖက်မှု၊ အရေးပေါ် ဥပဒေ၊ ရွေးကောက်ပွဲ တရားမျှတမှုမရှိခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိခြင်း၊ အဂတိလိုက်စားမှုစသည့် တရားရေး၊ နိုင်ငံရေး ပြဿနာများအပြင် ကုန်ဈေးနှုန်းမြင့်မားခြင်း၊ လုပ်အားခ နည်းပါးခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်း စသည့် စီးပွားရေး ပြဿနာများလည်း ပါဝင်သည်။ ဆန္ဒပြသူများသည် တရားမျှတမှုနှင့် လွတ်လပ်မှု အခွင့်အရေးပေးရန်၊ ဟိုစ်နီ မူဘာရတ် သမ္မတ ရာထူးမှ နှုတ်ထွက်ရန်၊ အီဂျစ်ပြည်သူကို ကိုယ်စားပြုသည့် အစိုးရသစ် ဖွဲ့စည်းရန် တောင်းဆိုထားသည်။

အီဂျစ်အစိုးရသည် စောစောပိုင်းတွင် မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများ၊ ကျိုင်းတုတ်များသုံးကာ ဆန္ဒပြမှုကို ထိန်းချုပ်နိုင်ရန် သို့မဟုတ် ဖြိုခွဲနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အချို့အရေးအခင်းများတွင် ကျည်အစစ်များကို အသုံးပြုခဲ့သောကြောင့် သေဆုံးမှုများ ရှိခဲ့သည်။[၁၆][၁၇][၁၈] ဇန္နဝါရီလ ၂၉ ရက်နေ့အထိ ဆန္ဒပြသူ အနည်းဆုံး ၁၀၅ ဦးသေဆုံးခဲ့ပြီး ရဲသား ၇၅၀ နှင့် ဆန္ဒပြသူ ၁၅၀၀ ခန့် ဒဏ်ရာရခဲ့သည်။ ကုလသမဂ္ဂမှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ဆန္ဒပြမှုအတွင်း လူ ၃၀၀ အသက်ဆုံးရှုံးကာ ၃၀၀၀ ကျော် ဒဏ်ရာရရှိပြီး ရာနှင့်ချီ အဖမ်းခံရသည်ဟု သိရသည်။[၃][၄] အချို့ကဆိုလျှင် မြို့တော် ကိုင်ရိုအား စစ်မြေပြင်ဟုပင် ဖော်ပြကြသည်။[၁၉] ဆိပ်ကမ်းမြို့ ဆူးအက်မြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အီဂျစ်အစိုးရသည် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ဆန္ဒပြသူများက လိုက်နာခဲ့ခြင်း မရှိသလို ရဲဘက်မှလည်း တင်းတင်းကျပ်ကျပ် အရေးယူခဲ့ခြင်း မရှိပေ။[၁၇] ထိုနောက်တွင် မူဘာရတ် အစိုးရ၏ သစ္စာခံ ဗဟိုလုံထိန်းရဲ နေရာတွင် ချုပ်တည်းမှုရှိသည့် စစ်တပ်က တဖြည်းဖြည်း နေရာယူလာသည်။[၂၀][၂၁][၂၂][၂၃][၂၄]

နိုင်ငံတကာ အသိုင်းအဝိုင်းကမူ လူထုဆန္ဒပြမှုကို ထောက်ခံလာကြပြီး အကြမ်းမဖက်ကြရန်နှင့် ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာ လုပ်ဆောင်ရန် နိုးဆော်ကြသည်။ တချိန်တည်းတွင် နိုင်ငံအတော်များများက အီဂျစ်နိုင်ငံသို့ ခရီးသွား သတိပေးချက်များကို ထုတ်ပြန်ကာ အီဂျစ်ရှိ မိမိတို့၏ နိုင်ငံသားများအား ပြန်ခေါ်နိုင်ရန် ကြိုးစားကြသည်။ နိုင်ငံတကာမှ အီဂျစ်ဆန္ဒပြမှုအား အာရုံစိုက်လာသည်မှာလည်း မျက်မြင်တွေ့သူများနှင့် လှုပ်ရှားသူများက ဗွီဒီယိုမှတ်တမ်းများနှင့် သတင်းများကို မိုဘိုင်းမက်စေ့ဂျ်များ၊ ဖေ့စ်ဘွတ်ခ် (Facebook)၊ တွစ်တာ (Twitter) မှတဆင့် ဖြန့်ဖြူးခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ ပြည်ပရောက် အီဂျစ်နိုင်ငံသားများကလည်း ၎င်းနိုင်ငံရှိ အီဂျစ်သံရုံးရှေ့တွင်လည်းကောင်း၊ အိမ်ဖြူတော်ကဲ့သို့သော ထင်ရှားသည့် အဆောက်အဦးရှေ့တွင်လည်းကောင်း စုဝေးကာ အီဂျစ်ဆန္ဒပြမှုကို ထောက်ခံကြသည်။ ဆန္ဒပြမှုသတင်းကို လူသိများသထက် များလာသည့်အခါ အီဂျစ်အစိုးရက ၂၈ ရက်နေ့ အဓိက ဆန္ဒပြမှု ကျင်းပမည့် တရက်အလိုတွင် နိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းနှင့် အင်တာနက်ကို ဖြတ်တောက်လိုက်သည်။[၂၅] ဒီ့နောက်တွင် အခြားနည်းလမ်းများဖြင့် ဆက်သွယ်နိုင်ရန် အီဂျစ်နိုင်ငံသားများအား ကမ္ဘာတလွှားရှိ အဖွဲ့အစည်းများက ကူညီပေးခဲ့သည်။ ဇန္နဝါရီ ၂၉ ရက်နေ့တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှု အချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။[၂၆]

ဆန္ဒပြမှု အဆုံးသတ်ရေးအတွက် မူဘာရတ်သည် ၎င်း၏အစိုးရကို ဖျက်သိမ်းလိုက်ပြီး စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း အိုမာ ဆူလေမန် (Omar Suleiman) အား ဒုတိယ သမ္မတအဖြစ် ခန့်အပ်ကာ လေကြောင်းပို့ဆောင်ရေး ဝန်ကြီး အာမက် ရှာဖိခ် (Ahmed Shafik) အား အစိုးရသစ် ဖွဲ့စည်းရန် ညွှန်ကြားခဲ့သည်။ အတိုက်အခံ အင်အားစုများက ကုလသမဂ္ဂ အက်တမ်စွမ်းအင် အေဂျင်စီ ဥက္ကဋ္ဌဟောင်း မိုဟာမက် အယ်ဘရာဒေး (Mohamed ElBaradei) အား ကြားဖြတ်အစိုးရ ပေါ်ပေါက်လာရေးအတွက် ညှိနှိုင်းဆွေးနွေးသူအဖြစ် ထောက်ခံကြသည်။[၂၇] ဖိအား များသထက် များလာသောကြောင့် မူဘာရတ်က စက်တင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။[၂၈] သို့သော်လည်း လူထုက လက်မခံပဲ ဆက်လက် ဆန္ဒပြခဲ့ကြသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယ သမ္မတ အိုမာ ဆူလယ်မန်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သမ္မတ မူဘာရတ် ရာထူးမှ နှုတ်ထွက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အာဏာအား စစ်ဦးစီး ကောင်စီထံ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။[၂၉] ကာကွယ်ရေး ဦးစီးချုပ် စစ်ဦးစီးကောင်စီ ဥက္ကဋ္ဌ မိုဟာမက် ဟူစိမ် တန်တာဝီ (Mohamed Hussein Tantawi) ဦးဆောင်သည့် စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပါလီမန်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကြေညာလိုက်ပြီး နောက်ရွေးကောက်ပွဲ ကျင်းပပြီးအချိန်အထိ စစ်ဖက်မှ ၆ လကြာ အုပ်ချုပ်သွားမည်ဟု ဆိုသည်။ ဝန်ကြီးချုပ် အမက် ရှာဖိခ် အပါအဝင် ယခင်ဝန်ကြီးအဖွဲ့မှ အစိုးရသစ် ဖွဲ့နိုင်မည့်အချိန်အထိ ရင်ခွင်ပိုက် အစိုးရအဖြစ် တာဝန်ယူမည်ဖြစ်သည်။[၃၀]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Egypt's Health Ministry says 365 killed in unrest
  2. Egypt: Documented Death Toll From Protests Tops 300 | Human Rights Watch. Hrw.org (2011-01-28). Retrieved on 2011-02-09
  3. ၃.၀ ၃.၁ "Live Blog", Al Jazeera English, 29 January 2011. Retrieved on 29 January 2011. 
  4. ၄.၀ ၄.၁ "Protesters Back on Egypt Streets", Al Jazeera English, 29 January 2011. Retrieved on 29 January 2011. 
  5. Unrest in Egypt. Reuters (28 January 2011). Retrieved on 28 January 2011
  6. "Egypt: Mubarak Sacks Cabinet and Defends Security Role", BBC News, 29 January 2011. Retrieved on 29 January 2011. 
  7. "Protests in Egypt — As It Happened (Live Blog)", The Guardian, 26 January 2011. Retrieved on 26 January 2011. 
  8. News Service, Indo-Asian. "10 killed as protesters storm Cairo building", Hindustan Times, 30 January 2011. Retrieved on 30 January 2011. 
  9. Davies, Wyre. Egypt Unrest: Protesters Hold Huge Cairo Demonstration. BBC News. Retrieved on 1 February 2011
  10. UN human rights chief: 300 reported dead in Egypt protests, Haaretz, 01.02.11
  11. Osman, Ahmed Zaki. "At Least 1000 Arrested During Ongoing 'Anger' Demonstrations", Almasry Alyoum, 26 January 2011. Retrieved on 30 January 2011. 
  12. "April 6 Youth Movement Calls for Massive Demonstration on Friday", Almasry Alyoum, 27 January 2011. Retrieved on 30 January 2011. 
  13. Fahim, Kareem; El-Nagaar, Mona. "Violent Clashes Mark Protests Against Mubarak’s Rule", The New York Times, 25 January 2011. Retrieved on 30 January 2011. 
  14. "Net down, special forces deployed in Cairo as Egypt braces for protests" - News Limited - Retrieved 1 February 2011.
  15. Murphy, Dan. "Inspired by Tunisia, Egypt's protests appear unprecedented", The Christian Science Monitor, 25 January 2011. Retrieved on 30 January 2011. 
  16. "Angry Egyptians Defy Protest Ban", Al Jazeera English, 27 January 2011. Retrieved on 30 January 2011. 
  17. ၁၇.၀ ၁၇.၁ "Protesters Across Egypt Defy Curfew", Al Jazeera English, 28 January 2011. Retrieved on 30 January 2011. 
  18. "Egypt protests claims two more lives", CBC News, 26 January 2011. Retrieved on 26 January 2011. 
  19. Protests in Egypt and unrest in Middle East – as it happened. The Guardian (25 January 2011). Retrieved on 26 January 2011
  20. Fleishman, Jeffrey and Edmund Sanders (Los Angeles Times). "Unease in Egypt as police replaced by army, neighbors band against looters", 29 January 2011. Retrieved on 1 February 2011. 
  21. "Looting spreads in Egyptian cities", 29 January 2011. Retrieved on 1 February 2011. 
  22. "Mubarak plays last card, the army; Police vanish", 31 January 2011. Retrieved on 1 February 2011. 
  23. Stirewalt, Chris. "Egypt: From Police State to Military Rule", 31 January 2011. Retrieved on 1 February 2011. 
  24. Hauslohner, Abigail. "The Army's OK with the Protesters, for now", 29 January 2011. Retrieved on 1 February 2011. 
  25. McMillan, Robert (28 January 2011). Egypt Expands Communications Blackout. PC World. Retrieved on 30 January 2011
  26. Mubarak names his deputy and new PM. Al Jazeera English (29 January 2011). Retrieved on 30 January 2011
  27. Shadid, Anthony and David D. Kirpatrick. "Opposition Rallies to ElBaradei as Military Reinforces in Cairo", 30 January 2011. Retrieved on 31 January 2011. 
  28. EL DEEB, SARAH and HADEEL AL-SHALCHI. "Egypt crowds unmoved by Mubarak's vow not to run", 1 February 2011. Retrieved on 1 February 2011. 
  29. Hosni Mubarak resigns as president Al-Jazeera English. 11 Feb 2011
  30. el-Malawani, Hania. Egypt's military dismantles Mubarak regime AFP 13 February 2011