၂၀၁၁ မြန်မာ ငလျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
2011 Burma earthquake
၂၀၁၁ မြန်မာ ငလျင် is located in Burma
နေ့ရက် 20:25:23, 24 March 2011 (+06:30) (2011-03-24T20:25:23+06:30)
ကြာမြင့်ချိန် ၁ မိနစ်
အတိုင်းအတာ ၆.၈ Mw
အနက် ၁၀ ကီလိုမီတာ (၆.၂၁ မိုင်)
ငလျင်ဗဟို 20.705°N 99.949°E
ထိခိုက်သည့် နိုင်ငံ၊ ဒေသ မြန်မာနိုင်ငံထိုင်းနိုင်ငံလောနိုင်ငံတရုတ်နိုင်ငံဗီယက်နမ်နိုင်ငံ
Max. intensity Mercalli IX
အသေအပျောက် အနည်းဆုံး ၇၅ ဦးသေဆုံး၊ ၁၅၀ ကျော် ဒဏ်ရာရ၊ ၁၀၀ ခန့်ပျောက်ဆုံး[၁]

၂၀၁၁ မြန်မာ ငလျင်သည် ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ည ၈ နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့ နှင့်လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်သွားသည့် ယင်းငလျင်၏ပြင်းအားမှာ ရစ်ချ်တာစကေး ၆.၈ ဖြစ်သည်။ အနက်မှာ ၁၀ ကီလိုမီတာ ရှိသည်။ [၂] ရစ်ချ်တာစကေး ၄.၈ နှင့် ၅.၄ ရှိသည့် နောက်ဆက်တွဲငလျင် ၂ ခုလည်း လှုပ်ခတ်ခဲ့သည်။ ပြင်းအား ၅.၀ နှင့် ၆.၂ ရှိသော ငလျင်များလည်း ဆက်လက်လှုပ်ခတ်ခဲ့သေးသည်။ ငလျင်ဗဟိုချက်မ မှာ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှ မြောက်ဘက် မိုင် (၇၀) (ကီလိုမီတာ ၁၁၀) အကွာ တွင် ရှိပြီး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ မြောက်ဘက်၊ မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် တွင် ရှိသည်။ [၃] တာချီလိတ်နှင့် တာလေမြို့တွင် သေဆုံးသူဦးရေ ၇၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၁ ဦးရှိကာ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် အစိုးရရုံး အဆောက်အဦး ၉ ခု ပျက်စီးခဲ့ကြောင်း မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ [၄]

တာလေဒေသငလျင်ကြောင့် အက်ကွဲသွားသော လမ်းမတစ်ခု

တာလေတွင် လှုပ်ခတ်ခဲ့သော ယင်းငလျင်သည် ရွှေတြိဂံပြတ်ရွေ့အတွင်း ရှိ နတ်မပြတ်ရွေ့ကြောတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အတွင်း လှုပ်ခတ်ခဲ့ဖူးသော ငလျင်များ အနက် အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်းလည်း သိရသည်။ [၅]


ကိုးကား[ပြင်​ဆင်​ရန်​]