ဧပြီလ၊ (၁၆)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၀၆)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၁၀၇)ရက်မြောက်)) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၂၅၉) ရက် ကျန်သေးသည်။
- အမျိုးသား ခေါင်းဆောင်ကြီးနှင့် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကို အဖဦးဖိုးညှင်း နှင့် အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် မွေးဖွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် တဦးတည်းသော အမျိုးသမီး သံအမတ် ဖြစ်သည်။ဒေါ်ခင်ကြည်အား တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကိုအမြဲတစေ ဦးထိပ်ထားခဲ့သူအဖြစ် အများကအသိ အမှတ်ပြုကြသည်။ကွယ်လွန်ချိန်တွင် သားဖြစ်သူဦးအောင်ဆန်းဦးနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ) တို့ကျန်ရစ်သည်။