ဧ​ရာဝတီတိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဧရာဝတီတိုင်း
Flag of Ayeyarwaddy Division.svg
မြို့တော် ပုသိမ်မြို့
ဧရိယာ ၁၃,၅၆၇ စတုရန်းမိုင် km²
လူဦးရေ ၆,၆၆၃,၀၀၀
လူမျိုးများ ဗမာရခိုင်ကုလားကရင်
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်အစ္စလာမ်
MyanmarAyeyarwady.png

ဧရာဝတီတိုင်းသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ ဗမာနှင့်ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်ပါသည်။

တည်နေရာ[ပြင်​ဆင်​ရန်​]

ဧရာဝတီတိုင်းသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများ လင်္ကျာရစ်အားဖြင့် အနောက်မြောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်း နှင့် အရှေ့ဘက်တွင် ရန်ကုန်တိုင်း တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြားတွင်တည်ရှိသည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

မြို့တော်[ပြင်​ဆင်​ရန်​]

ဧရာဝတီတိုင်း၏ မြို့တော်မှာ ပုသိမ်မြို့ဖြစ်သည်။

ခရိုင်ရုံးစိုက်ရာမြို့များ[ပြင်​ဆင်​ရန်​]

ဧရာဝတီတိုင်းအား ခရိုင် ၈ ခုဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့်ခရိုင်ရုံးများမှာ အောက်ပါမြို့များတွင် ရုံးစိုက်သည်။

မြို့နယ်ရုံးစိုက်ရာမြို့များ[ပြင်​ဆင်​ရန်​]

ခရိုင် ၈ ခုအား မြို့နယ် ၃၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။

ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ချောင်းသာမြို့နယ်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်၊ ငွေဆောင်မြို့နယ်၊ဟိုင်းကြီးကျွန်းမြို့ - သာပေါင်းမြို့နယ်

ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုမြို့နယ်၊

မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့နယ်၊

မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊

ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ အမာမြို့နယ်

လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြင်စလူမြို့နယ်၊ ကျုံမငေးမြို့နယ်၊

မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ကနောင်မြို့နယ်

ကျောင်းကုန်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ အထောင်မြို့နယ်

ဧရာဝတီတိုင်းမြေပုံ

အခြား မြို့ရွာများ[ပြင်​ဆင်​ရန်​]

  • အိုင်သပြု * အဖျောက် * အသုတ် * ဘော်မိ * ဓမိ * ကဒုံကနိ * ခမောက်စု * ကွင်းကောက် *
  • ကျိုက်လတ် * ကျုံးဒါး * ကျုံကဒွန်း * ကျုံမငေး * လူခေါင်းကျွန်း * ဆကာကြီး * တဂရက် *
  • မြို့ကွင်း * နိဗ္ဗာန် * အုန်းပင် * ပသွယ် * ပြင်ခရိုင် * ပျဉ်ရွာ * စက္ကော့ * စက်ဆန်း * ရှမ်းရွာ *
  • ရှောပြာ * ရွှေလောင်း * ရွှေမြင်တင် * ရွှေတောင်မှော် * ဆင်မ * တောင်ကလေး * ရွာသစ် *
  • သစ်ပြုတ် * သုံးခွ * ထူးကြီး * ရေလဲကလေး * ဇီးချိုင် * မဲဇလီကုန်း * မြင်းကကုန်း * ဒါးက *

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

[၁]

တံတားများ[ပြင်​ဆင်​ရန်​]

  • ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း)
  • ဧရာ၀တီတံတား (ညောင်တုန်း)
  • ဒေးဒလူတံတား (ဖျာပံု)
  • ဒေးဒရဲတံတား
  • ဂံုညင်းတန်းတံတား
  • ခတ္ထိယတံတား (မအူပင်)
  • ဒါးကတံတား (ဒါးက)
  • ကျောင်းကုန်းတံတား
  • မအူပင်တံတား
  • မြောင်းမြတံတား
  • နတ်ချောင်းတံတား (ဘိုကေလး)
  • င၀န်တံတား (မြို့ကွင်း)
  • ငါးသိုင်းချောင်းတံတား
  • ဥတိုတံတား (ချောင်းသာ)
  • ဝါးခယ်မတံတား
  • ရာဇူဒိုင် အမှတ်-၁ (မော်ကျွန်း)
  • ရာဇူဒိုင် အမှတ်-၂ (မော်ကျွန်း)
  • ပုသိမ်တံတား

ဒေသထွက်ကုန်များ[ပြင်​ဆင်​ရန်​]

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် စပါးကျည်ကြီး ဖြစ်သည့်အပြင် သစ်တောထွက်ပစ္စည်းများပါ အများအပြား ထွက်ရှိသည်။ ထို့အပြင် ပြောင်း၊ မြေပဲ၊ နေကြာနှင့် ဂုန်လျှော် တို့ပါစိုက်ပျိုး ထုတ်လုပ်ပြီး ငါးဖမ်းလုပ်ငန်းမှာလည်း များစွာအရေးပါလှသည်။ ငါးဖမ်းလုပ်ငန်းနှင့် အတူ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများလည်း များစွာဖွံဖြိုးသည်။

တက္ကသိုလ်​နှင့် ကော​လိပ်​များ[ပြင်​ဆင်​ရန်​]

မြန်မာ​နိုင်ငံ​၏ အသက်​သွေးကြော​ဧရာဝတီ​မြစ်​ကြီး​၏ မြစ်​ဝ​ကျွန်းပေါ် ဒေသ​သည် ဧရာဝတီတိုင်း ဖြစ်​သည်။ မြေ​ပြန့် မြေ​ကျယ်​ပေါများ​၍ မြစ်​ချောင်း​များ​လည်း ကွန်​ခြာ​သဖွယ် ယှက်သန်း​နေ ကြ​သည်။ သို့သော် ရခိုင်​ကမ်း မြောင်​ဒေသ​အောက်​ပိုင်း​နှင့် ရခိုင်​ရိုးမ​တောင်ထိပ်​ကြောင့်​အရှေ့ ဖက်​ပိုင်း​တို့​လည်း တစ်စိတ်တစ်ဒေသ​ပါဝင်​သည်။ အနောက် ဘက်​နှင့် အနောက်မြောက်​ဘက်​၌ ဗင်္ဂ​လားအော်​နှင့် ရခိုင်​ပြည် နယ်၊ မြောက်​ဘက်​နှင့် အရှေု​မြောက်​ဘက်​၌ ပဲခူးတိုင်း၊ အရှေ့ ဘက်​၌ ရန်ကုန်တိုင်း​တို့​ဖြင့် ဝိုင်း​ရံ​လျက်​ရှိ​ပြီး​တောင် ဘက်​တွင် ကပ္ပလီ​ပင်လယ်​ကို အခြေ​ပြု​ထား​သည်။ ပင်လယ်​နှင့်​နီး​ကပ်​၍ မြေ​ပြန့်​ဒေသ​ဖြစ်​သ​ဖြင့် မိုးကောင်း စွာ​ရ​ရှိ​၍ အပူ​အအေး​မျှတ သည်။

ဧရာဝတီတိုင်း​၏ အကျယ်အဝန်း​မှာ ၁​၃​ယ​၅​၆​၇ စတုရန်း​မိုင် ဖြစ်​၍ မြို့​နယ် ၂​၆ မြို့​နယ် ကျေးရွာ အုပ်စု ၂​ယ​၁​၂​၉ အုပ်စု တို့​ဖြင့် ဖွဲ့​စည်း​ထား​သည်။ တိုင်း​အတွင်း မှီတင်း​နေထိုင် လျက်​ရှိ​ကြ​သော လူ​ဦးရေ​မှာ လေး​သန်းကျော်​ဖြစ်​၍ ကရင် နှင့် ဗမာ​တိုင်း​ရင်း​သား​တို့​သည် အများ​စု​ဖြစ်​သည်။ တိုင်း မြို့တော်​မှာ ပု​သိမ် မြို့​ဖြစ်​၍ ပင်လယ်ကူး​သဘော‡ကြီး​များ ဝင်​ထွက်​ဆိုက်​ကပ်​နိုင်​သော ဆိပ်ကမ်း​မြို့​ကြီး​ဖြစ်​သည်။

တိုင်း​အတွင်း ပါဝင်​သော မြို့​နယ်​တို့​မှာ ပု​သိမ်​အရှေ့၊ ပု​သိမ် အနောက်၊ သာ​ပေါင်း၊ င​ပု​တော၊ ကျုံ ပျော်၊ ရေကြည်၊ ကျောင်း ကုန်း၊ ဟင်္သာတ၊ ဇ​လွန်၊ လေးမျက်နှာ၊ မြန်​အောင်၊ ကြံ​ခင်း၊ အင်္ဂ​ပူ၊ မြောင်း​မြ၊ အိမ်​မဲ၊ လ​ပွတ္တာ၊ ဝါး​ခယ်မ၊ မော်​လ​မြိုင်​ကျွန်း၊ မအူ​ပင်၊ ပန်း​တနော်၊ ညောင်​တုံး၊ ဓနု​ဖြူ၊ ဖျာ​ပုံ၊ ဘို​ကလေး၊ ကျိုက်​လတ်၊ ဒေး​ဒ​ရဲ​တို့ ဖြစ်​သည်။

မြေ​ဆီ​သြ​ဇာ​ကြွယ်​ဝ​သော မြေနုကျွန်းပေါ်​ဒေသ​ဖြစ်​၍ စပါး၊ မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ ကြက် သွန်၊ ပဲ​မျိုး​စုံ​တို့ စိုက်ပျိုး အောင်မြင်​ဖြစ်ထွန်း​သည်။ လယ်ယာ​လုပ်​ငန်း​သည် အဓိက​စီးပွား ရေး​လုပ်​ငန်း ဖြစ်​၍ မြန်မာ​နိုင်ငံ​၌ စပါး​ထွက်​အကောင်း​ဆုံး​သော တိုင်း ဖြစ်​သည်။ ဂုန်လျှော်​အများ​ဆုံး ထွက်​သော​တိုင်း​လည်း ဖြစ် သည်။ အုန်းသီး၊ ငှက်ပျော​သီး အထွက်​နှုန်း​လည်း အလွန်​ကောင်း​သည်။ တိုင်း​အတွင်း​၌ ကျွန်း​နှင့် သစ်​မာ ထုတ်​လုပ်​မှု အတော်​အသင့်​ရှိ​၍ သစ်​နှင့် မီးသွေး ထုတ်​လုပ် နိုင်​သော လ​မု၊ ကနစို၊ စ​သော ဒီရေ​တော​များ လည်း ရှိ​သည်။

ဧရာဝတီတိုင်း​၏ နာမည်ကြီး​သော အခြား​လုပ်​ငန်း​တစ်​မျိုး​မှာ ရေ​ထွက်​ပစ္စည်း လုပ်​ငန်း ဖြစ်​သည်။ မြစ်​ချောင်း​အင်း​အိုင် အများ​အပြား​ရှိ​၍ သား​ငါး​ပုစွန်​ပေါ​ပေါများ​များ ထွက်​သ​ဖြင့် ငါးပိ၊ ငါး​ခြောက်၊ ပုစွန် ခြောက်​လုပ်​ငန်း​များ​လည်း အကြီး အကျယ် လုပ်ကိုင်​ကြ​သည်။ ရေချို​ငါး​ဖမ်း​လုပ်​ငန်း​အပြင် ပင်လယ်​ငါး​ဖမ်း လုပ်​ငန်း​ကို​လည်း ကျယ်⁠ကျယ်​ပြန့်​ပြန့် လုပ်ကိုင်​ကြ​သည်။ ကြက်၊ ဘဲ​မွေး​မြူ​ရေး လုပ်​ငန်း​များ​လည်း ဖွံ့ဖြိုး သည်။ လ​ပွတ္တာ​မြို့​နယ်​မှ ငါးပိ​ငါး​ခြောက် ပုစွန်ခြောက် လုပ်​ငန်း​အပြင် ဆား​လုပ်​ငန်း​ကို​လည်း ကြီး​ကြီး ကျယ်​ကျယ် လုပ်ကိုင်​ကြ​သည်။

ချည်​ထည်​လုပ်​ငန်း၊ သင်ဖြူး၊ သင်ဖျာ​လုပ်​ငန်း​များ​လည်း ဧရာဝတီတိုင်း​အတွင်း လုပ်ကိုင်​ကြ​သည်။ ပုသိမ်မြို့​မှ ပု​သိမ် ထီး​လုပ်​ငန်း​က​လည်း နိုင်ငံ​ခြား​ဧည့်​သည်​များ စိတ်ပါ​ဝင်စား သော လုပ်​ငန်း​တစ်​ခု​ဖြစ်​သည်။ မြန်​အောင်​ရေနံ​လုပ်​ငန်း​နှင့် ကြံ​ခင်း​ဘိ​လတ်​မြေ​စက်​ရုံ​စီမံ​ကိန်း​တို့​သည် အောင်မြင်​လျက် ရှိ​သည်။ ပုသိမ်မြို့​တွင် မှန်​ပြား​စက်​ရုံ​လုပ်​ငန်း တည်ဆောက် လျက်​ရှိ​သည်။ တိုင်း​အတွင်း စက်​ရုံ၊ အလုပ်​ရုံ ၅​၀ နီးပါး​ရှိ​ရာ ဆန်စက် နှင့် လျှပ်စစ်​ဓာတ်​အားပေး​စက်​များ​က အများ​စု ဖြစ်​သည်။

မြန်မာ​နိုင်ငံ​၏​မြောက်​ပိုင်း ကချင်ပြည်နယ်​၌ မြစ်ဖျား​ခံ​သော ဧရာဝတီ​မြစ်​ကြီး​သည် ကချင်ပြည်နယ် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း​တို့​ကို ဖြတ်​သန်း​ကာ မြစ်​ခွဲ​ချောင်း​ခွဲ​များ​စွာ ယှက်​ဖြာ ထွက်​ပြီး ဧရာဝတီ မြစ်​ဝ ကျွန်းပေါ်​ဒေသ​ကို ဖြစ်ပေါ်​စေ​လျက် ကပ္ပလီ ပင်လယ်​ထဲ သို့ စီး​ဝင်​သည်။ သို့​ဖြစ်​၍ ရေ​လမ်းခရီး​သည် ဧရာဝတီတိုင်း ၏ အဓိက လမ်းပန်း​ဆက်​သွယ်​ရေး ဖြစ်​သည်။ မီးရထားလမ်း ဟူ၍ ကြံ​ခင်း၊ ဟ​သာ‡တ၊ ပု​သိမ်​တစ်​လမ်း​တည်း​သာ ရှိ​သည်။

လမ်းပန်း​ဆက်​သွယ်​ရေး ပို​၍​ချောမော​စေ​ရန် ပု​သိမ်​အနောက် ရှော​ပြာ​ချောင်းသာ ကား​လမ်းမ​ကြီး​ကို ဖောက်​လုပ်​ခဲ့​သည်။ အပြီး​မ​သတ်​သေး​သော ပု​သိမ်​မုံရွာ​ကား​လမ်းမ​ကြီး သည် ထက်​အောက် မြန်မာ​နိုင်ငံ ကူး​လူး​ဆက်ဆံ​ရေး​နှင့် ကုန်စည်​ပို့ ဆောင်​ရေး​တွင် အလွန်​အသုံးကျ အရေး ပါ​ပေ​လိမ့်​မည်။

ဧရာဝတီတိုင်း​သည် နိုင်​ငံတော်​အတွက် အရေး​ပါသော ထွက်ကုန်​ပစ္စည်း​များ ထွက်​ရှိ​ထုတ်​လုပ်​ပေး လျက်​ရှိ​သ​ဖြင့် စီးပွား​ရေး​အမြင်​အရ နိုင်ငံ​၏​အသက်​သွေးကြော ဒေသ​ကြီး ဟု ခေါ်​ဆို​ထိုက်​သည်။

နိုင်ငံ​ရေး​အမြင်​အရ​လည်း ဧရာဝတီတိုင်း​သား​တို့​၏ နိုင်ငံ ချစ်​စိတ်၊ မျိုး​ချစ်​စိတ်​တို့​သည် အဆင့်​မ​နိမ့် လှ​ပေ။ နယ်​ချဲ့ တို့ မြစ်​ဝ​ကျွန်းပေါ်​ဒေသ​သို့ ထိုး​ဖောက်​ဝင်​ရောက်လာ​မှု​ကို ဓနု​ဖြူ​တိုက်​ပွဲ​ဖြင့် အား​မတန်​သော မာန်​မ​လျှော့​ဘဲ တွန်း​လှန် ခဲ့​ကြ​သည်။ ယင်းတိုက်​ပွဲ​တွင် ကရင်​နှင့် ဗမာ​တို့​သာ​မက မွန်​အမျိုးသား တို့​လည်း ပါဝင်​ခဲ့​သည်။ ဆရာ​စံ​ခေါင်း ဆောင်​သော တောင်သူ​လယ်သမား​အရေးတော်​ပုံ​၌​လည်း ဒေး​ဒ​ရဲ​နယ် ထန်း​တော ကြီး​မှ ဧရာဝတီတိုင်း​သား​တို့​က ဧာ​တိ​သွေး ပြ​ခဲ့​ကြ​သည်။ ဖက်​ဆစ်တော်​လှန်​ရေး​အတွက် ဧရာဝတီတိုင်း​အ တွင်း​၌ အရေး​ပါသော စည်း​ရုံး​ရေး​နှင့် တော်​လှန်​ရေး​လုပ်​ငန်း​များ​ကို လုပ်ဆောင်​ခဲ့​ကြ​ပေ​သည်။ [၂]


ပု​သိမ်​အရှေ့၊ ပု​သိမ်​အနောက်၊ သာ​ပေါင်း၊ င​ပု​တော၊ ကျုံပျော်၊ ရေ0x100ကည်၊ ကျောင်း​ကုန်း၊ ဟ​သ‡ာ​တ၊ ဇ​လွန်၊ လေးမျက်နှာ၊ မြန်​အောင်၊ 0x100ကံ​ခင်း၊ အဂ‡ပူ၊ မြောင်း​မြ၊ အိမ်​မဲ၊ လ​ပွ​တ0x048ာ၊ ဝါး​ခယ်မ၊ မော် လ​မြိုင်​ကျွန်း၊ မအူ​ပင်၊ ပန်း​တနော်၊ ညောင်​တုန်း၊ ဓနု​ဖြူ၊ ဖျာ​ပုံ၊ ဘို​ကလေး၊ ကျိုက်​လတ်၊ ဒေး​ဒ​ရဲ ဟူ​သော မြို့​နယ် ၂​၆ မြို့​နယ်​နှင့်​ကျေးရွာ​အုပ်စု ၂​၁​၂​၉ ခု​တို့​ဖြင့် ပါဝင်​ဖွဲ့​စည်း​ထား​သည့် ဧရာဝတီတိုင်း​သည်​၁​၃​၅​၆​၇ စတုရန်း​မိုင် ကျယ်ဝန်း​ပြီး တိုင်း​အတွင်း လူ​ဦးရေ လေး​သန်း​ခွဲကျော် မှီတင်း နေထိုင်​လျက်​ရှိ​သည်။အများ​စု​မှာ ကရင်၊ မြန်မာ​တိုင်း​ရင်း​သား​များ ဖြစ်0x100က​သည်။ ပင်လယ်ကူး သ​ဘေ‡ာ0x100ကီး​များ ဝင်​ထွက်​ဆိုက်​ကပ် နိုင်​သော ပုသိမ်မြို့​မှာ ဧရာဝတီတိုင်း​၏ တိုင်း​မြှို​ု့တော်​ဖြစ်​သည်။

ဧရာဝတီ တိုင်း​တွင် စပါး​တိုး​ထွက်​ရေး စီမံ​ကိန်း​အရ စပါး (၁) နှင့် (၂) တို့​ကို​ချ​မှတ် အကောင်အထည် ဖော်​လျက် ရှိ​သည်။ မြန်မာ​နိုင်ငံ​၏ လယ်ယာ​ကဏ္ဍ တိုးတက်​ဖွံ့ဖြိုး​မှု​အတွက် ရင်းနှီး​မြ|ုပ်​နှံ​မှု စရိတ်​အသက်​သာ​ဆုံး​ဖြင့် စပါး​ပိုမို​ထွက်​ရှိ​ရန် ဤ စီမံ​ကိန်း​က ရည်​ရွယ်​သည်။ မြစ်​ဝ​ကျွန်းပေါ် အလယ်​ပိုင်း​ဒေသ နှင့် မြစ်​ဝ​ကျွန်းပေါ် အောက်​ပိုင်း ဒေသ​တို့​သည် သ​ဘာ​ဝ​အနေ အထား​ချင်း မ​တူညီ​သည့်​အတွက် စီမံ​ကိန်း​စပါး (၁) ကို​ဝါး​ခယ် မ၊ လ​ပွ​တ0x048ာ၊ ဖျာ​ပုံ၊ င​ပု​တော​နှင့် ဘို​ကလေး မြို့​နယ်​များ​တွင်​၎င်း၊ စီမံ​ကိန်း​စပါး (၂) ကို မအူ​ပင်၊ ကျိုက်​လတ်၊ ဘို​ကလေး၊ လ​ပွ တ0x048ာ​နှင့် သန်​လျင်​မြို့​နယ်​များ​တွင်​၎င်း အကောင်အထည် ဖော်​ရန် ဖြစ်​သည်။ မြစ်​ဝ​ကျွန်းပေါ်​အလယ်​ပိုင်း​ဒေသ​ကို ကိုယ်စား​ပြု​သည့် ဝါး​ခယ်မ​မြို့​နယ် ရွှေ​လောင်း​ကျွန်း စီမံ​ကိန်း​တွင် စပါး​စိုက်ပျိုး​မှု တိုးတက်​ရန် စိုက်​မြေ ၃​ဝ​၆​ဝ​ဝ ဧက၊ ပလပ်​မြေ ၄⁠၄​ဝ⁠ဝ​ဧက​နှင့် မြေရိုင်း ၃​ဝ⁠ဝ​ဝ ဧက​ကို တိုး​ချဲ့​စိုက်ပျိုး​ရန် ရည်​ရွယ်​ထား​သည်။ မြစ်​ဝ​ကျွန်းပေါ် အောက်​ပိုင်း​ဒေသ​ကို ကိုယ်စား​ပြု​သည့် ဖျာ​ပုံ မြို့​နယ် ဇင်း​ဘောင်​ကျွန်း စီမံ​ကိန်း​တွင်​စပါး​စိုက်ပျိုး​မှု​တိုးတက်​ရန် စိုက်​မြေ ၄​၂​ဝ​ဝ ဧက​နှင့် ပလပ်​မြေ ၂​၉​ဝ​ဝ ဧက​အထိ​တိုးတက် စိုက်ပျိုး​ရန် ဖြစ်​သည်။

ဧရာဝတီတိုင်း​တွင် ရေ​လမ်းခရီး​သည် အဓိက​လမ်းပန်း ဆက်​သွယ်​ရေး​ဖြစ်​သည်။ မီးရထားလမ်း​ဟူ၍ 0x100ကံ​ခင်း၊ ဟ​သ‡ာ​တ၊ ပု​သိမ်​တစ်​လမ်း​သာ​ရှိ​၏။ မြစ်​ခွဲ​ချောင်း​ခွဲ​များ​စွာ​ရှိ​သ​ဖြင့်​တံတား​များ လည်း​လို​အပ်​လျက်​ရှိ​ရာ ပု​သိမ်​နှင့် ဟ​သ‡ာ​တ0x100ကား ဓား​က​မြစ်​ကို ဖြတ်​၍ အရှည်​ပေ ၅​ဝ​ဝ ရှိ0x100ကို​တင် အားဖြည့် သံ​ကူ​ကွန်​က​ရိ အမျိုး​အစား တံတား​တစ်​ခု​ကို ၁​၉​၇​၈ ခု​နှစ်​မှ​စတင်​တည်ဆောက် လျက်​ရှိ​သည်။ ယင်း​တံတား​အတွက် ကျပ် ၈​၂ သိန်း​ကုန်ကျ​မည် ဖြစ်​ပြီး ၁​၉​၈​၂ ခု​နှစ်​တွင် ပြီးစီး​မည်​ဟု ခန့်​မှန်း​ထား​သည်။ မြစ် ချောင်း​အင်း​အိုင် ပေါများ​သည့်​ပြင် ပင်လယ်​နှင့်​ကပ်​လျက်​တည်​ရှိ သေော0x100ကာင့် တိုင်း​အတွင်း ရေချို၊ ရေငန်​ငါး​ဖမ်း လုပ်​ငန်း​ကို လည်း ပု​ဂ0x035လိ​က​သာ​မက သမ​ဝါ​ယမ​များ​က​ပါ ကျယ်⁠ကျယ်​ပြန့် ပြန့် လုပ်ကိုင်​လျက်​ရှိ​သည်။

ပန်း​တနော်​မြို့​နယ်​မှ တော်​တ​ရ0x100ကီး​အင်း၊ မအူ​ပင်​မြို့​နယ် မှ မိုးမခ​အင်း​နှင့် ကျုံပျော်​မြို့​နယ်​မှ​အင်း​ရဲ 0x100ကီး​အင်း​တို့​မှာ​ဧရာ​ဝ တီ​တိုင်း​အတွင်း အထင်​ရှား​ဆုံး အင်း​များ​ဖြစ်​သည်။ ဧရာဝတီတိုင်း​အတွက် ဒေသ​ကော​လိပ်​ကို ပုသိမ်မြို့​တွင် ၁​၉​၇​၆ ခု​နှစ်​က စတင်​ဖွင့်​လှစ် ခဲ့​ပြီး​နောက် ၁​၉​၇​၈ ခု​နှစ်​တွင် ဟ​သ‡ာ​တ​မြို့​၌ ဒေသ​ကော​လိပ်​တစ်​ခု ထပ်မံ​ဖွင့်​လှစ် ပေး​ခဲ့​လေ သည်။[၃]

ဧရာဝတီတိုင်း​သည် ဧရာဝတီ​မြစ်0x100ကီး​၏ မြစ်​ဝ​ကျွန်းပေါ် ဒေသ​ပင်​ဖြစ်​သည်။ အနောက်​ဘက်​နှင့် အနောက်မြောက်​ဘက် တို့​တွင် ဗ​ဂ‡လားအော်​နှင့် ရခိုင်ပြည်နယ်၊ မြောက်​ဘက်​နှင့် အရှေ့ ဘက််​တွင် ပဲခူးတိုင်း၊ အရှေ့​ဘက်​တွင် ရန်ကုန်တိုင်း​တို့​က ဝိုင်း​ရံ လျက်​ရှိ​ပြီး ဧရာဝတီတိုင်း​၏ တောင်​ဘက်​တွင် က​ပ0x053လီ ပင်လယ် 0x100ကီး​တည်​ရှိ​လေ​သည်။ ပင်လယ်​နှင့်​နီး​၍ မိုးကောင်း​စွာ​ရ​ရှိ​သ​ဖြင့် အပူ​အအေး​မျှတ​သည်။ ဧ​ရိ​ယာ​စ​တု ရန်း​မိုင်​ပေါင်း ၁​၃​ယ​၅​၆​၇ ရှိ​သော ဧရာဝတီတိုင်း​တွင် မြို့​နယ်​ပေါင်း ၂​၆ မြို့​နယ်​ပါဝင်​သည် ယင်း​တို့​မှာ ပု​သိမ်​အရှေ့၊ ပု​သိမ်​အနောက်၊ သာ​ပေါင်း၊ င​ပု​တော၊ ကျုံပျော်၊ ရေ0x100ကည်၊ ကျောင်း​ကုန်း၊ ဟ​သာ‡တ၊ဇ​လွန်၊ လေး​မျက် နှာ၊ မြန်​အောင်၊ 0x100ကံ​ခင်း၊ အဂ‡ပူ၊ မြောင်း​မြ၊ အိမ်​မဲ၊ လ​ပွ​တ0x048ာ၊ ဝါး​ခယ်မ၊ မော်​လ​မြိုင်​ကျွန်း၊ မအူ ပင်၊ ပန်း​တနော်၊ ညောင်​တုံး၊ ဓနု​ဖြူ၊ ဖျာ​ပုံ၊ ဘို​ကလေး၊ ကျိုက်​လတ်၊ ဒေး​ဒ​ရဲ တို့​ဖြစ်​သည်။ ထို ၂​၆ မြို့ နယ်​တွင် ရပ်​ကွက်​ကျေးရွာ​အုပ်စု ၂​၁​၂​၉ ခု​ရှိ​သည်။

ဧရာဝတီတိုင်း​အတွင်း​တွင် လူ​ဦးရေ ၄​၂⁠၂​၃​၆​၈​၆ ခန့် မှီတင်း နေထိုင်0x100က​၍ ပြည်​သူ့​လွှတ်တော် ကိုယ်စားလှယ် ၅​ဝ၊ တိုင်း​အ ဆင့် ၉​၃၊ မြို့​နယ်​အဆင့် ၂​၅​၉​၁ ဦး၊ ရပ်​ကွက်​ကျေးရွာ​အဆင့် ၂​၁⁠၁​၉​၂ ဦး​ရွေးချယ်​တင်​မြေ|ာက်​ထား​ရှိ​သည်။ တိုင်း​မြို့တော်​မှာ ပုသိမ်မြို့​ဖြစ်​သည်။

လမ်းပန်း​ဆက်​သွယ်​ရေး​အနေ​ဖြင့် ဧရာဝတီတိုင်း​တွင် မီးရထားလမ်း​ဟူ၍ 0x100ကံ​ခင်း၊ ဟ​သာ‡တ၊ ပု​သိမ် တစ်​လမ်း​သာ​ရှိ သည်။ ဧရာဝတီတိုင်း​အတွက် အဓိက​အား​ထား​နေ​ရ​သော ခရီး လမ်း​မှာ​ရေ​လမ်းခရီး​သာ​ဖြစ်​သော ေ0x100ကာင့်​မြန်မာ​နိုင်ငံ ရေေ0x100ကာင်း ကော်​ပို​ရေး​ရှင်း​က​ခရီး​လမ်း ၂​ဝ​ကို​ရေ​ယာဉ် ၃​၈ စင်း​ဖြင့်​ပို့ဆောင် ဆက်​သွယ်​ပေး​လျက်​ရှိ​သည်။ ရေ​လမ်းခရီး အ0x1150x048ရာယ် ကင်း​ရှင်း ရေး​အတွက် ဧရာဝတီတိုင်း​တွင် သမီး​လှ​ကျွန်း မီး​ပြ၊ ပု​သိမ်​မီး​ပြ၊ ဟူ​သော မီးပြတိုက်​နှစ်​ခု​နှင့် သူ​ရိ​ယ၊ စ0x1150x050ာ၊ ဒ​ဂုံ ဟူ​သော မီး​ပြ သဘော‡သုံး​စီး ထား​ရှိ​ပေး​သည်။ ဧရာဝတီတိုင်း​သည် မြေ​ဆီ0x100သ ဇာ0x100ကွယ်​ဝ​သော မြေနု​ကျွန်း​ဖြစ်​သည်​နှင့်​အညီ စပါး၊ မြေပဲ၊ ဂုန် လျော်၊ ဆေး၊ ငရုတ်၊ 0x100ကက်​သွန်၊ ပဲ​အမျိုး​မျိုး​တို့ အောင်မြင်​ဖြစ် ထွန်း​သည်။ စပါး​စိုက်​ဧက သုံး​သန်း ကျော်​ရှိ​ပြီး တစ်​နှစ်​လျှင် စပါး​တင်း​ပေါင်း ၁​၅​၃ သန်းကျော် (၁​၅​၃​၂​၇⁠၇​ဝ​၂​၁) ထွက် ရှိ သည်။ မြေပဲ​သည် ၁​၉​၆​၁-၆​၂ ခု​နှစ်​က​တန်​ချိန် ၃ ဒသမ ၆ သောင်း​ရှိ​ခဲ့​ရာ​မှ ၁​၉​၇​၈-၇​၉ ခု​နှစ်​တွင် တန်​ချိန် ၅ ဒသမ ၁ သောင်းကျော်​အထိ​လည်းကောင်း၊ ပဲ​မျိုး​စုံ​သည် ၁​၉​၆​၁-၆​၂ ခု​နှစ် က တန်​ချိန် ၂ ဒသမ ၆ သောင်း​ရှိ​ခဲ့​ရာ​မှ ၁​၉​၇​၈-၇​၉ ခု​နှစ်​တွင် တန်​ချိန် ၅ ဒသမ ၂ သောင်း​အထိ လည်းကောင်း တိုးတက် ထွက်​ရှိ​ခဲ့​သည်။

ဧရာဝတီတိုင်း​သည် စပါး​ထွက်​အကောင်း​ဆုံး တိုင်း​ဖြစ် သည်​နှင့်​အညီ နိုင်​ငံတော်​၏ လယ်ယာ​ကဏ္ဍ တိုးတက်​ဖွံ့ဖြိုး​ရေး အတွက် ရင်းနှီး​မြ|ပ်​နှံ​မှု စရိတ်​အသက်​သာ​ဆုံး​ဖြင့် စပါး​ပိုမို​ထွက်​ရှိ စေ​ရန် စပါး​အထွက်​တိုး​ရေး​စီမံ​ကိန်း စပါး(၁)နှင့် (၂)ကို​ဧရာဝတီ တိုင်း​အတွင်း အကောင်​အထည်ဖော် ဆောင်ရွက်​လျက် ရှိ​သည်။

ထို့​ပြင် ဧရာဝတီတိုင်း​သည် ဂုန်လျော် အများ​ဆုံး​ထွက်​ရာ တိုင်း လည်း​ဖြစ်​သည်။ ဂုန်လျှော်​စိုက်​ဧက ၁​၉​၈​ယ​ဝ​၈​၁ ရှိ​ပြီး ၁​၉​၇​၈ ခု​နှစ်​က ပိဿာ ၄​၂ သန်းကျော် (၄​၂​၆​ဝ​၅​၄​၃​၃ ပိဿာ)ထွက် ရှိ​ခဲ့​သည်။ ထေို့0x100ကာင့် ယင်း​ကုန် 0x100ကမ်း​များ​ကို ကုန်​ချော​အဖြစ် ပြောင်းလဲ​ပေး​မည့် ဂုန်လျှော်​စက်​ရုံ0x100ကီး​ကို မြောင်း​မြ​မြို့​တွင် တည် ဆောက်​ထား​သည်။

တိုင်း​အတွင်း ကျွန်း​နှင့် သစ်​မာ​ထုတ်​လုပ်​မှု အတော် အသင့်ရှိ​၍ မီးသွေး​ထုတ်​လုပ်​နိုင်​သော လ​မု၊ ကနစို​စ​သော ဒီရေ သစ်တော​များ​လည်း​ရှိ​သည်။ ဧရာဝတီတိုင်း​မှ​သစ်​ခရား၊ မ​ကျည်း ပွေး၊ ဖန်ခါး၊ တောင်​သရက်၊ မြောက်​ချော၊ နှော၊တောင်​စစ်ကိုင်း၊ ဘ​ဂ‡၊ ပျဉ်းမ၊ က​ညောင်း၊ ကညင်၊ ကျွန်း၊ စစ်၊ ပျဉ်းကတိုး၊ ထောက် 0x100ကံ့၊ သင်းဝင်၊ တ​လိုင်း​ခေါင်း​နှင့် ရုံး​စ​သည် သစ်​အမျိုး အစား​များ​ထွက်​ရှိ​သည်။ နိုင်​ငံတော်​၏​အနှစ် ၂​ဝ စီးပွား​ရေး စီမံ ကိန်း​အရ ဧရာဝတီတိုင်း ပု​သိမ်​အနောက်​မြို့​နယ် ရခိုင်​ရိုးမ​ဒေသ​ရှိ ရှော​ပြာ သစ်​ထုတ်​စခန်း အမှတ် (၁) တွင် ၁​၉​၇​၈-၇​၉ ခု​နှစ် အတွင်း ကောင်းကင်0x100ကိုး​ဖြင့် သစ်​ထုတ်​လုပ်​ခြင်း​ကို စတင် အကောင်​အထည်ဖော် ဆောင်ရွက်​လျက်​ရှိ​သည်။ ယင်း​ကောင်း ကင်0x100ကိုး​ဖြင့် သစ်​ထုတ်​ခြင်း​စနစ်​သည် စနစ် ၁​၂​ဝ ကျော်​ရှိ​သည့် အနက် မြန်​မာ့​ရေ​မြေ​တော​တောင် သ​ဘာ​ဝ​နှင့် အကိုက်​ညီ​ဆုံး စနစ်​ဖြစ်​သည်။

ဧရာဝတီတိုင်း​သည် မြစ်​ချောင်း​အင်း​အိုင်​ပေါများ​သ​ဖြင့် ငါးပိ ငါး​ခြောက် ပုစွန်ခြောက်​လုပ်​ငန်း​များ ကို​အ0x100ကီး​အကျယ် လုပ်ကိုင်​သည်။ တိုင်း​အတွင်း အင်း​ပေါင်း ၁​၇​၆​၆ အင်း​ရှိ​ရာ ၁​၉​၇​၈-၇​၉​ခု​နှစ်​အတွင်း​ရေချို ငါးပိ​ဿာ​ချိန် ၄​၃​ဝ ဒသမ ၃​၇ သန်း​ဖမ်းဆီး နိုင်​ခဲ့​သည်။ ပင်လယ်​ငါး​ဖမ်း လုပ်​ငန်း​ကို​လည်း ကျယ်​ကျယ် ပြန့်​ပြန့် လုပ်ကိုင်​သည်။ ထို့​ပြင် လ​ပွ​တ0x048ာ​မြို့​နယ်​၌ ဆား​လုပ်​ငန်း​ကို​လည်း လုပ်ကိုင်​သည်။

ဧရာဝတီတိုင်း​တွင် စက်​ရုံ​အလုပ်​ရုံ ၅​၁ ရုံ​ရှိ​ရာ အများ​စု မှာ​ဆန်စက်​နှင့် လျှပ်စစ်​ဓာတ်​အားပေး​စက် များ​ဖြစ်​သည်။ ပု​သိမ် မြို့​တွင် မှန်​ပြား​စက်​ရုံ​ကို ၁​၉​၇​၇ ခု​နှစ်​က စတင်​တည်ဆောက် ခဲ့​ရာ ၁​၉​၇​၉ ခု​နှစ်​တွင် ပြီးစီး​ခဲ့​သ​ဖြင့် ၁​၉​၇​၉ ခု​နှစ် ဇူလိုင်​လ တွင် စတင်​လည်ပတ်​သည်။ စက်တင်ဘာ​လ​မှ​စ​၍ ပုံ​မှန်​လည် ပတ်​ရာ တစ်​နှစ်​လျှင် မှန်​တန်​ချိန် ၁​၂​ဝ⁠ဝ​ဝ ထွက်​ရှိ​နေ​သည်။ 0x100ကံ​ခင်း​ဘိလပ်မြေ​စက်​ရုံ​မှ​လည်း ၁​၉​၇​၈-၇​၉ ခု​နှစ်​တွင် ဘိ​လပ် မြေ​တန်​ချိန် ဝ ဒသမ ၇ သိန်း​အထိ ထုတ်​လုပ်​နိုင်​ခဲ့​သည်။

ပညာ​ရေး​ကဏ္ဍ​တွင်​လည်း ဧရာဝတီတိုင်း​သည် ဖွံ့ဖြိုး တိုးတက်​မှု​အနေ​ဖြင့် မူလ​တန်း ကျောင်း ၃​၄​၃​၄ ကျောင်း၊ အလယ်​တန်း​ကျောင်း ၁​၆​၃ ကျောင်း​နှင့် အထက်​တန်း​ကျောင်း ၆​၁ ကျောင်း​အပြင် ပု​သိမ်​ဒေသ ကော​လိပ်၊ ပု​သိမ်​ကော​လိပ် တို့​ကို ဖွင့်​လှစ်​ထား​သည်။ ၁​၉​၇​၈ ခု​နှစ်​တွင် ဟ​သ‡ာ​တ​မြို့​၌ ဒေသ​ကော​လိပ်​တစ်​ခု ထပ်မံ​ဖွင့်​လှစ်​ပေး​သည်။ [၄]


ဧရာဝတီ​မြစ်0x100ကီး​၏ မြစ်​ဝ​ကျွန်းပေါ်​ဒေသ​သည် ဧရာဝတီ တိုင်း​ပင် ဖြစ်​သည်။ မြစ်​ဝ​ကျွန်းပေါ်​ဒေသ ဖြစ်​သည်​နှင့် လျော် ညီ​စွာ မြေ​ပြန့်​မြေ​ကျယ် ပေါများ​၍ များပြား​လှ​စွာ​သော မြစ် ချောင်း​တို့ ကွန်​ခြာ​သဖွယ် ယှက်သန်း​တည်​ရှိ​နေ​သော ဧရာဝတီ တိုင်း​ကို အနောက်​ဘက်​နှင့် အနောက်မြောက်​ဘက်​တို့​တွင် ဘင်္ဂ​လားအော်​နှင့် ရခိုင်ပြည်နယ်၊ မြောက်​ဘက်​နှင့် အရှေ့​ဘက် တွင် ပဲခူးတိုင်း၊ အရှေ့​ဘက်​တွင် က​ပ0x053လီ​ပင်လယ်0x100ကီး တည်​ရှိ လေ​သည်။ ဧရာဝတီတိုင်း​တွင် ပု​သိမ်​အရှေ့၊ ပု​သိမ်​အနောက်၊ သာ​ပေါင်း၊ င​ပု​တော၊ ကျုံပျော်၊ ရေ0x100ကည်၊ ကျောင်း​ကုန်း၊ ဟင်္သာတ၊ ဇ​လွန်၊ လေးမျက်နှာ၊ မြန်​အောင်၊ 0x100ကံ​ခင်း၊ အင်္ဂ​ပူ၊ မြောင်း​မြ၊ အိမ်​မဲ၊ လ​ပွ​တ0x048ာ၊ ဝါး​ခယ်မ၊ မော်​လ​မြိုင်​ကျွန်း၊ မအူ​ပင်၊ ပန်း​တနော်၊ ညောင်​တုံး၊ ဓနု​ဖြူ၊ ဖျာ​ပုံ၊ ဘို​ကလေး၊ ကျိုက်​လတ်၊ ဒေး​ဒ​ရဲ​မြို့​နယ်​တို့ ပါဝင်​သည်။ မြို့​နယ် ၂​၆ မြို့​နယ်၊ ရပ်​ကွက် ကျေးရွာ​အုပ်စု ၂​၁​၂​၉ တို့​ဖြင့် ဖွဲ့​စည်း​ထား သည်။ ပြည်​သူ့​လွှတ်တော် ကိုယ်စားလှယ် ၅​ဝ၊ တိုင်း​အဆင့် ၉​၃ ဦး၊ မြို့​နယ်​အဆင့် ၂​၅​၉​၁ ဦး​နှင့် ရပ်​ကွက်​ကျေးရွာ​အုပ်စု အဆင့် ၂​၁⁠၁​၉​၂ ဦး ရွေးချယ်​တင်​မြေ|ာက်​ထား​သည်။

ဧရာဝတီတိုင်း​သည် ပင်လယ်​နှင့်​နီး​၍ မိုးကောင်း​စွာ ရ​ရှိ သ​ဖြင့် ရာသီ​ဥတု​မျှ​သည့်​ပြင် မြေ​ဆီ0x100သ​ဇာ 0x100ကွယ်​ဝ​သော မြေနု ကျွန်းပေါ်​ဒေသ​ဖြစ်​သည့်​နှင့်​အညီ လယ်ယာ​လုပ်​ငန်း​သည် ဧရာဝတီတိုင်း​၏ အဓိက​စီးပွား​ရေး​လုပ်​ငန်း ဖြစ်​သည်။ စပါး၊ မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ 0x100ကက်​သွန်၊ ပဲ​အမျိုး​မျိုး​တို့ စိုက်ပျိုး​အောင်မြင် ဖြစ်ထွန်း​သည်။ မြန်မာ​နိုင်ငံ​၌ စပါး​အထွက် အကောင်း​ဆုံး​သော တိုင်း​လည်း ဖြစ်​သည်။ ၁​၉​၇​၉-၈​ဝ ပြည့် နှစ်​တွင် စပါး​တင်း​ပေါင်း ၁​၆​၄ သန်းကျော် ထွက်​ရှိ​ခဲ့​သည်။ မြေပဲ​တင်း သုံး​သန်းကျော်၊ ဂုန်လျှော်​ပိဿာ ၄​၂ သန်းကျော် ထွက်​ခဲ့​သည်။ ဧရာဝတီတိုင်း​အတွင်း စပါး​အထွက်​တိုး​ရေး စီမံ​ကိန်း​စပါး (၁)နှင့် စပါး(၂)ကို​လည်း အကောင်အထည် အဖော် ဆောင်ရွက်​လျက်​ရှိ​သည်။ မြစ်​ဝ​ကျွန်းပေါ်​အလယ်​ပိုင်း ဒေသ​ကို ကိုယ်စား​ပြု​သည့် ဝါး​ခယ်မ​မြို့​နယ် ရွှေ​လောင်း​ကျွန်း စီမံ​ကိန်း​နှင့် မြစ်​ဝ​ကျွန်းပေါ် အောက်​ပိုင်း​ဒေသ​ကို ကိုယ်စား​ပြု သည့် ဖျာ​ပုံ​မြို့​နယ် ဇင်း​ဘောင်​ကျွန်း စီမံ​ကိန်း​တို့​တွင် စိုက်​မြေ၊ ပလပ်​မြေ၊ မြေရိုင်း​များ တိုး​ချဲ့​စိုက်ပျိုး​ရန် ရည်​ရွယ်​ချက်​များ ပါဝင်​သည်။ ဧရာဝတီတိုင်း​၏ နာမည်0x100ကီး အခြား​လုပ်​ငန်း တစ်​မျိုး​မှာ ရေ​ထွက်​ပ​စ0x038ည်း​လုပ်​ငန်း​ဖြစ်​သည်။ မြစ် ချောင်း အင်း​အိုင် များပြား​စွာ​ရှိ​သ​ဖြင့် ငါးပိ၊ ငါး​ခြောက်၊ ပုစွန်ခြောက် လုပ်​ငန်း​ကို အ0x100ကီး​အကျယ် လုပ်ကိုင်​သည်။ ဧရာဝတီတိုင်း အတွင်း အင်း​ပေါင်း ၁​၇​၆​၆ အင်း​ရှိ​ရာ ရေချို​ငါး​ဖမ်း​လုပ်​ငန်း ကို​လည်း လုပ်ကိုင်0x100က​သည့်​ပြင် ပင်လယ်​ငါး​ဖမ်း​လုပ်​ငန်း ကို​လည်း ကျယ်⁠ကျယ်​ပြန့်​ပြန့် လုပ်ကိုင်0x100က​သည်။ လ​ပွ​တ0x048ာ မြို့​နယ်​တွင် ဆား​လုပ်​ငန်း​ကို အ0x100ကီး​အကျယ် လုပ်ကိုင်​လျက် ရှိ​ရာ လ​ပွ​တ0x048ာ​ဆား​မှာ​လည်း ထင်ရှား​သည်။

ဧရာဝတီတိုင်း​အတွင်း ကျွန်း​နှင့်​သစ်​မာ​ထုတ်​လုပ်​မှု အတော် အသင့်ရှိ​၍ သစ်​နှင့် မီးသွေး ထုတ်​လုပ်​နိုင်​သော လ၊ မု၊ ကနစို စ​သော ဒီရေ​သစ်​များ​လည်း ရှိ​သည်။ ဧရာဝတီတိုင်း​မှ ထင်ရှား သော သစ်​မျိုး​များ​မှာ သစ်​ခရား၊ မ​ကျည်း​ပွေး၊ ဖန်ခါး၊ တောင် သရက်၊ မျောက်ချော၊ နှော၊ တောင်​စစ်ကိုင်း၊ ဘင်္ဂ၊ ပျဉ်းမ၊ က​ညောင်း၊ ကညင်၊ ကျွန်း၊ စစ်၊ ပျဉ်းကတိုး၊ ထောက်0x100ကံ့၊ သင်းဝင်၊ တ​လိုင်း​ခေါင်း​နှင့် ရုံး​စ​သည်​တို့ ဖြစ်​လေ​သည်။

ဧရာဝတီတိုင်း​တွင် စက်​ရုံ​အလုပ်​ရုံ ၅​၁ ရုံ ရှိ​ရာ အများ​စု​မှာ ဆန်စက်​နှင့် လျှပ်စစ်​ဓာတ်​အားပေး​စက်​ရုံ​များ ဖြစ်​သည်။0x100ကံ​ခင်း ဘိလပ်မြေ​စက်​ရုံ၊ ပု​သိမ် မှန်​ပြား​စက်​ရုံ၊ မြောင်း​မြ​ဂုန်​နီ​စက်​ရုံ၊ ကျုံပျော်​ဘေ​ထုပ်​စက်​ရုံ0x100ကီး​များ​က​လည်း နိုင်​ငံတော်​အတွက် ကုန်​ပ​စ0x038ည်း​များ ထုတ်​လုပ်​ပေး​လျက်​ရှိ​သည်။ မြန်​အောင် ရေနံ လုပ်​ငန်း၊ ပု​သိမ်​ထီး​လုပ်​ငန်း၊ သင်ဖြူး​သင်ဖျာ လုပ်​ငန်း​တို့​သည် လည်း ဧရာဝတီတိုင်း​၏ ထင်ရှား​သော စီးပွား​ရေး လုပ်​ငန်း​ပင် ဖြစ်​သည်။

လမ်းပန်း​ဆက်​သွယ်​ရေး အနေ​ဖြင့် ဧရာဝတီတိုင်း​သည် ရေ​လမ်းခရီး​ကို​သာ​အဓိက​အား​ထား​နေ​ရသ​ဖြင့် မြန်မာ​ရေေ0x100ကာင်း ပို့ဆောင်​ရေး ကော်​ပို​ရေး​ရှင်း​က ခရီး​လမ်း ၂​ဝ ကျော်​ကို ရေ ယာဉ်​များ​ဖြင့် ပို့ဆောင်​ဆက်​သွယ်​ပေး​လျက် ရှိ​သည်။ မီးရထား လမ်း​ဟူ၍ 0x100ကံ​ခင်း ဟင်္သာတ ပု​သိမ်​တစ်​လမ်း​သာ ရှိ​သည်။ ဧရာဝတီတိုင်း​သည် ပညာ​ရေး​တွင်​လည်း ဖွံ့ဖြိုး​တိုးတက်​မှု ရှိ​သည်။ မူလ​တန်း​ကျောင်း ၃​၄​၃​၄ ကျောင်း၊ အလယ်​တန်း ကျောင်း ၁​၆​၃ ကျောင်း​နှင့် အထက်​တန်း​ကျောင်း ၆​၁ ကျောင်း ရှိ​သည်။ ဧရာဝတီတိုင်း​အတွက် ဒေသ​ကော​လိပ်​တစ်​ခု​ကို ပု​သိမ် မြို့​တွင် ၁​၉​၇​၆ ခု​နှစ်​က စတင်​ဖွင့်​လှစ်​ပေး​ခဲ့​ပြီး ၁​၉​၇​၈ ခု​နှစ် တွင် ဟင်္သာတ​မြို့​၌ ဒေသ​ကော​လိပ်​တစ်​ခု ထပ်မံ​ဖွင့်​လှစ်​ပေး ခဲ့​သည်။[၅]

ဧရာဝတီတိုင်း​သည် ဧရာဝတီ​မြစ်​၏ မြစ်​ဝ​ကျွန်းပေါ်​ဒေသ ပင်​ဖြစ်​သည်။ မြေ​ပြန့်​လွင်ပြင်​ပေါများ​၍ မြစ်​ချောင်း​များ​က လည်း ကွန်ချာ​သဖွယ် ယှက်သန်း​နေ0x100က​သည်။

ဧရာဝတီတိုင်း​ကို မြို့​နယ် ၂​၆ မြို့​နယ်၊ ရပ်​ကွက်​ပေါင်း ၂​ဝ​၇ ခု​နှင့် ကျေးရွာ​အုပ်စု​ပေါင်း ၁​၉⁠၉​၂ တို့​ဖြင့် ဖွဲ့​စည်း ထား​သည်။ တိုင်း​၏ အကျယ်အဝန်း​သည် ၁​၃​၅​၆​၇ စတုရန်း မိုင်​ဖြစ်​ပြီး တိုင်း​မြို့တော်​သည် ပုသိမ်မြို့​ဖြစ်​သည်။ တိုင်း အတွင်း​၌ မြန်မာ၊ ကရင်၊ ချင်း တိုင်း​ရင်း​သား​များ အများ အပြား ရောနှော​နေထိုင်0x100က​ရာ စုစုပေါင်း လူ​ဦးရေ ၄​၅​ဝ​၃​၇​၄​၂ ဦး​ရှိ​ပြီး မဲ​ဆ0x1150x050ပေး​ပိုင်​ခွင့်​ရှိ​သူ ၂​၅​၄​၈​ဝ​၇​၉ ဦး​ရှိ​သည်။ ပြည်​သူ့ လွှတ်တော် ကိုယ်စားလှယ် ၅​ဝ ဦး၊ တိုင်း​အဆင့် ၉​၃ ဦး၊ မြို့​နယ်​အဆင့် ၂​၅​၉​၁ ဦး​နှင့် ရပ်​ကွက်​ကျေးရွာ​အုပ်စု​အဆင့် ၂⁠၂​ဝ⁠ဝ​၇ ဦး​တို့​ကို ပြည်​သူ့​ကိုယ်စားလှယ်​များ​အဖြစ် ဧရာဝတီ တိုင်း​မှ ရွေးချယ်​တင်​မြေ|ာက်​ထား​သည်။

ဧရာဝတီတိုင်း​သည် မြစ်​ဝ​ကျွန်းပေါ် မြေနု​ကျွန်း​ဒေသ​ဖြစ် သ​ဖြင့် မြေ​ဆီ0x100သ​ဇာ0x100ကွယ်​ဝ​သည်။ ထေို့0x100ကာင့် လယ်ယာ​စိုက်ပျိုး ရေး​လုပ်​ငန်း​သည် တိုင်း​၏​အဓိက စီးပွား​ရေး​လုပ်​ငန်း​ဖြစ်​သည်။ မြန်မာ​နိုင်ငံ​၏ စပါး​အထွက်​အကောင်း​ဆုံး​တိုင်း​ဖြစ်​သည်။ စပါး အပြင် မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ 0x100ကက်​သွန်၊ ပဲ​မျိုး​စုံ​တို့ လည်း စိုက်ပျိုး​ဖြစ်ထွန်း​သည်။ အုန်းသီး၊ ငှက်ပျော​သီး​များ လည်း အထွက်​နှုန်း​ကောင်း​သည်။ ၁​၉​၈​ဝ-၈​၁ ခု​နှစ်​တွင် ဧရာဝတီတိုင်း​အတွင်း​သီး​နှံ အမျိုး​မျိုး​စိုက်​ဧက​မှာ ၈ ဒသမ ၇ သန်း​နီးပါး​ရှိ​သည်။ စပါး​တစ်​မျိုး​တည်း​ပင် စိုက်​ဧက သုံး​သန်း ကျော်​ရှိ​ပြီး စပါး​အဝယ်​ဒိုင်​များ​က စပါး​တင်း သိန်း​ပေါင်း ၇​၁​၂ ဒသမ ၁​၃ သိန်း​ကို ဝယ်​ယူ​ရ​ရှိ​ခဲ့​လေ​သည်။ ဧရာဝတီတိုင်း အတွင်း စပါး​အထူး​အထွက်​တိုး​ရေး​အတွက် စီမံ​ကိန်း​စပါး(၁) နှင့် စီမံ​ကိန်း​စပါး(၂)တို့​ကို အကောင်​အထည်ဖော် ဆောင်ရွက် လျက်​ရှိ​သည်။ မြစ်​ဝ​ကျွန်းပေါ် အလယ်​ပိုင်း​ဒေသ​ကို ကိုယ်စား ပြု​သည့် ဝါး​ခယ်မ​မြို့​နယ် ရွှေ​လောင်း​ကျွန်း​စီမံ​ကိန်း​နှင့် မြစ်​ဝ ကျွန်းပေါ် အောက်​ပိုင်း​ဒေသ​ကို ကိုယ်စား​ပြု​သည့် ဖျာ​ပုံ​မြို့​နယ် ဇင်း​ဘောင်​ကျွန်း စီမံ​ကိန်း​များ​ကို​လည်း ချ​မှတ်​ဆောင်ရွက်​လျက် ရှိ​သည်။

ဧရာဝတီတိုင်း​တွင် ကျွန်း​သစ်​နှင့် သစ်​မာ​ထုတ်​လုပ်​မှု လုပ်​ငန်း​ကို​လည်း လုပ်ကိုင်0x100က​သည်။ သစ်​နှင့် မီးသွေး​ထုတ် လုပ်​နိုင်​သော လ​မု၊ ကနစို​စ​သော ဒီရေ​သစ်တော​များ​လည်း ရှိ​သည်။ မြန်မာ​နိုင်ငံ သစ်​ထုတ်​လုပ်​မှု​တွင် ခေတ်​မီ​သစ်​ထုတ် လုပ်​ရေး နည်း​စနစ်​တစ်​ရပ်​ကို ပထမ​ဦး​ဆုံး လေ့​လာ​ဆည်း​ပူး သည့် လုပ်​ငန်း​စီမံ​ကိန်း တစ်​ရပ်​လည်း​ဖြစ်​သော ကောင်းကင် 0x100ကိုး​ဖြင့် သစ်​ထုတ်​လုပ်​ရေး စီမံ​ကိန်း​ကို ပု​သိမ်​အနောက်မြောက် မြို့​နယ် ချောင်းသာ0x100ကိုး​ဝိုင်း​နှင့် ရှော​ပြာ​ဒေသ​တို့​တွင် အကောင် အထည်ဖော် ဆောင်ရွက်​လျက်​ရှိ​ရာ စီမံ​ကိန်း​အရ ၁​၉​၈​၁-၈​၂ ခု​နှစ်​တွင် ပြီးစီး​ပါ​က နှစ်စဉ် သစ်​မာ​တန်​ချိန် ၁​ဝ⁠ဝ​ဝ⁠ဝ​ကို ထုတ်​လုပ်​ပေး​နိုင်​မည် ဖြစ်​သည်။

ဧရာဝတီတိုင်း​သည် မြစ်​ချောင်း​များ ပေါများ​၍ ရေ​လမ်းခရီး ဖြင့် ပိုမို​ခရီးတွင်​ကျယ်​သည်။ မီးရထားလမ်း​ဟူ၍ 0x100ကံ​ခင်း၊ ဟင်္သာတ၊ ပု​သိမ်​လမ်း​တစ်​လမ်း​သာ​ရှိ​သည်။ ဧရာဝတီတိုင်း အတွင်း​မှ​အစပြု​သော ပု​သိမ်​မုံရွာ ကား​လမ်းမ0x100ကီး​သည် အနှစ် ၂​ဝ စီးပွား​ရေး စီမံ​ကိန်း​ဝင် လမ်းမ0x100ကီး​ဖြစ်​ပြီး ဧရာဝတီ​မြစ် အနောက်​ဘက်​ကမ်း​ရှိ ဧရာဝတီတိုင်း​မှ ရှစ်​မြို့​နယ်၊ ပဲခူးတိုင်း​မှ တစ်​မြို့​နယ်၊ မကွေး​တိုင််း​မှ ၁​ဝ မြို့​နယ်​နှင့် စစ်ကိုင်းတိုင်း​မှ နှစ်မြို့​နယ် စုစုပေါင်း ၂​၁ မြို့​နယ်​ကို ဖြတ်​သန်း​သွား​မည်​ဖြစ် သ​ဖြင့် ကူးသန်း​သွား​လာ​ရေး​လွယ်ကူ ပေါက်ရောက်​နိုင်​တော့ မည်​ဖြစ်​သည်။

တိုင်း​အတွင်း မြစ်​ချောင်း​အင်း​အိုင်​များ​စွာ ရှိ​ခြင်း​ေ0x100ကာင့် ဧရာဝတီတိုင်း​တွင် ငါးပိ၊ ငါး​ခြောက်၊ ပုစွန်ခြောက်​လုပ်​ငန်း​များ အ0x100ကီး​အကျယ် လုပ်ကိုင်0x100က​သည်။ တိုင်း​အတွင်း​တွင် အင်း ပေါင်း ၁​၇​၆​၆ အင်း​ရှိ​ရာ ရေချို​ငါး၊ ပုစွန်​ဖမ်း​လုပ်​ငန်း​ကို​လည်း ကျယ်⁠ကျယ်​ပြန့်​ပြန့် လုပ်ကိုင်0x100က​သည်။ 0x100ကက် ဘဲ မွေး​မြူ​ရေး လုပ်​ငန်း၊ သင်ဖျာ​လုပ်​ငန်း၊ ချည်​ထည်​လုပ်​ငန်း​များ​လည်း လုပ် ကိုင်0x100က​သည်။ ၁​၉​၈​ဝ-၈​၁ ခု​နှစ်​၌ ဧရာဝတီတိုင်း​အတွင်း​တွင် ပြည်​သူ​ပိုင်​စက်​ရုံ အလုပ်​ရုံ​ပေါင်း ၆​၉ ရုံ​အထိ ရှိ​လာ​ပြီ​ဖြစ် သည်။ ယင်း​စက်​ရုံ​များ​တွင် မြောင်း​မြ ဂုန်​နီ​စက်​ရုံ၊ ပု​သိမ် မှန်​စက်​ရုံ၊ 0x100ကံ​ခင်း​ဘိလပ်မြေ​စက်​ရုံ၊ မြန်​အောင် ရေနံ​မြေ​နှင့် သ​ဘာ​ဝ​ဓာတ်ငွေ့​သုံး လျှပ်စစ်​ဓာတ်​အားပေး စက်​များ​သည် ထင်ရှား​သည်။

ဧရာဝတီတိုင်း​အတွင်း​ရှိ တိုင်း​ရင်း​သား​များ​၏ ပညာ​ရေး ကဏ္ဍ တိုးတက်​ဖွံ့ဖြိုး​မှု​အတွက် ဆောင်ရွက်​လျက်​ရှိ​ရာ ၁​၉​၈​၁- ၈​၂ ခု​နှစ်​တွင် မူလ​တန်း​ကျောင်း၊ အလယ်​တန်း​ကျောင်း၊ အခြေ​ခံ​ပညာ အဆင့်​မြင့်​တန်း​ကျောင်း စုစုပေါင်း ၃​၇​၄​၅ ကျောင်း​အထိ တိုး​ချဲ့​ဖွင့်​လှစ်​လာ​နိုင်​ခဲ့​ပြီး ကျောင်း​သူ​ကျောင်း သား​ပေါင်း ၆ ဒသမ ၇​၅ သိန်း​ကို ဆရာ ဆရာ​မ​ပေါင်း ၁​၄​၉​၃​၅ ဦး​ဖြင့် သင်0x100ကား​ပေး​လျက်​ရှိ​သည်။ အသက်မွေး ဝမ်း​ကျောင်း ပညာသင်​ကျောင်း​များ​ဖြစ်​သော ဆရာ​အတတ်​သင် ကျောင်း​များ၊ စိုက်ပျိုး​မွေး​မြူ​ရေး အထက်​တန်း​ကျောင်း၊ စက်​မှု လက်​မှု အထက်​တန်း​ကျောင်း​များ​နှင့် ပု​သိမ်​ဒီ​ဂ​ရီ​ကော​လိပ်​ကို ဖွင့်​လှစ်​ထား​ရှိ​သည်။

တိုင်း​အတွင်း ပြည်​သူ​လူထု ကျန်းမာ​ရေး​အတွက်​လုပ်​ငန်း များ တိုးတက်​ဆောင်ရွက်​လျက်​ရှိ​ရာ ၁​၉​၈​ဝ- ၈​၁ ခု​နှစ်​တွင် ဧရာဝတီတိုင်း​တွင် ဆေး​ရုံ​ပေါင်း ၅​၉ ရုံ၊ ဆေး​ပေး​ခန်း ၁​၈ ခန်း​နှင့် ကျေးလက်​ကျန်းမာ​ရေး​ဌာန ၁​၆​၇ ဌာန​အထိ ဖွင့်​လှစ် ထား​ရှိ​သည်။ [၆]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. D.P.S. MYANMAR GUIDE MAP. 2000.
  2. စွယ်စုံ​ကျမ်း​နှစ်​ချုပ်(၁​၉​၇​၈)
  3. စွယ်စုံ​ကျမ်း​နှစ်​ချုပ်(၁​၉​၇​၉)
  4. စွယ်စုံ​ကျမ်း​နှစ်​ချုပ်(၁​၉​၈​၀)
  5. စွယ်စုံ​ကျမ်း​နှစ်​ချုပ်(၁​၉​၈​၁)
  6. စွယ်စုံ​ကျမ်း​နှစ်​ချုပ်(၁​၉​၈​၂)

မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၀၄၊ ၂၂ ဧပြီ ၂၀၀၉ (UTC)