ဦးနှောက်အမြှေးရောင် ရောဂါ
Wikipedia မှ
| Meningitis | |
Meninges of the central nervous system: dura mater, arachnoid, and pia mater. |
|
| ICD-10 | G00.–G03. |
|---|---|
| ICD-9 | 320–322 |
| DiseasesDB | 22543 |
| MedlinePlus | 000680 |
| eMedicine | med/2613 emerg/309 emerg/390 |
| MeSH | D008581 |
ဦးနှောက်အမြှေးရောင် ရောဂါ ဆိုသည်မှာ ဦးနှောက် နှင့် အာရုံကြောမကြီးကို ဖုံးအုပ်ထားသော ဦးနှောက်အမြှေးပါး (meninges) ရောင်ရမ်းသည့် ရောဂါဖြစ်သည်။ ထိုအမြှေး ရောင်ရမ်းခြင်းမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် အခြားသော ပိုးမွှားများကြောင့် ဖြစ်နိုင်ပြီး ရှားပါးသော အချို့အဖြစ်တို့တွင် ဆေးဝါးကြောင့်လည်း ဖြစ်နိုင်သည်။ ဦးနှောက်အမြှေးသည် ဦးနှောက် နှင့် အာရုံကြောမကြီးတို့နှင့် နီးစပ်နေသည့် အတွက် ဦးနှောက်အမြှေးရောင်ရမ်းခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရသည့် ရောဂါဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် သတ်မှတ်လေ့ ရှိကြသည်။