ဥယျာဉ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံရှိ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်

ဥယျာဉ် ဆိုသည်မှာ သဘာဝအလျောက်၊ သို့မဟုတ် သဘာဝနှင့် လူမှ ပြုပြင်ထားသော နေရာတစ်ခု၊ သို့မဟုတ် အနားယူ အပန်းဖြေနိုင်သည့် အပင်များရှိသည့် နေရာ၊ သို့မဟုတ် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ထားသော နေရာတစ်ခု ဖြစ်သည်။ ဥယျာဉ်ထဲတွင် မြက်ခင်းပြင်များ၊ ကျောက်တုံးများ၊ သစ်ပင်များသာမက ဖန်တီးထားသော အမှတ်တရနေရာများ၊ ရေပန်းများ၊ ကစားကွင်းများ စသည်တို့ ပါဝင်သည်။ ဥယျာဉ်အများစုတွင် လမ်းလျှောက်ရန်၊ စက်ဘီးစီးရန်နှင့် အခြားလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် လမ်းကြောင်းများ ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]