ဥပုသ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဥပုသ်[ပြင်​ဆင်​ရန်​]

ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။

“ဥပ+ ဝသထ” ဟုပုဒ်ခွဲ၊ “ဥပ”- ညစာ မစားခြင်း၊ “ဝသထ”နေခြင်း၊ ညစားမစား ခြင်း၊ သူ ့အသက်မသတ်ခြင်း၊ စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည် ၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ) ပွါးလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့် ဟုခေါ်သည်။

(ဆောင်ပုဒ်) မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။

ဥပုသ်[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် ယခုအခါတွင် ခုနစ်ရက် တစ်ပတ်လျှင် တစ်ရက်သက်သက်ကို နေ့အားအဖြစ် သတ် မှတ်ထားလေ့ရှိကြသည်။ ထိုသို့ ထားရာတွင် အချို့လူမျိုးများ အဖို့ကား ထိုနေ့သည် နေ့စဉ်အလုပ်တာဝန်များကို ရပ်ဆိုင်း ထားသော အားလပ်ရက်မျှသာ မဟုတ်ပဲ လောကုတ္တရာလမ်းစဉ် ဖြစ်သော အယူဝါဒဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထိုကြောင့် ထိုကဲ့သို့ သောနေ့မျိုးကို သီတင်းနေ့၊ သို့မဟုတ် ဥပုသ်နေ့ဟု ခေါ် လေသည်။

ရှေးနှစ်ပေါင်း များစွာကပင် အီဂျစ်လူမျိုး၊ ဗက်ဗီလုံးနီး ယန်းလူမျိုး၊ ဟိန္ဒူလူမျိုး၊ ပါးရှင်းလူမျိုး၊ ဂရိလူမျိုးနှင့်ရောမ လူမျိုးများသည် ခုနစ်ရက်တစ်ပတ်တွင် တစ်ရက်ကို အားလပ် ရက်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ နောက်ခေတ်တွင် တီဗြူ လူမျိုးများသည် ဗက်ဗီလုံးနီးယန်းလူမျိုးများမှ တစ်ဆင့် ခုနစ် ရက် တစ်ပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ်ထားသော အလေ့ကို ဆက်ခံရရှိဟန် တူလေသည်။ သို့ရာတွင် ဟီဗြူ လူမျိုးတို့၏ အားလပ်ရက်မှာ သူတို့၏ အယူဝါဒဆိုင်ရာ နေ့ ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထိုနေ့မှာ အီဂျစ်လူမျိုးများ၏ အည|ဉ်းဆဲခံ လက်အောက်ခံ ဘဝမှ ဟီဗြူလူမျိုးများ လွတ် မြောက်သောနေ့ဖြစ်၍ ရက်သတ္တတစ်ပတ်တွင် ခုနစ်ရက် မြောက်နေ့ဖြစ်သော စနေနေ့ ဖြစ်လေသည်။

အင်္ဂလိပ် အမေရိကန် စသော ခရစ်ယာန်အယူဝါဒီများ၏ ဥပုသ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်များသည် တနင်္ဂနွေကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသောကြောင့် ဖြစ်သည်။ ရက်သတ္တတပတ်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့တိုင်းတွင် ခရစ်ယာန်များသည် ခရစ်ယန် ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ ဝတ်တတ်ကြလေသည်။

ဗုဒ္ဓဝါဒီ မြန်မာလူမျိုးများတွင် ဥပုသ်နေ့ဟူ၍ သတ်မှတ် ထားခြင်း ရှိလေသည်။ ဥပုသ်ဆိုသော စကားသည် ဥပေါသထ ပါဠိဘာသာစကားမှ ဖြစ်ပေါ်လာ၍ အဓိပ္ပာယ်မှာ ရတနာ သုံးပါးကို ဆည်းကပ်၍ သီတင်း သုံးခြင်း၊ ရှစ်ပါးသီလကို ထိန်းခြင်း၊ သို့မဟုတ် ပါတိမောက်ကိုပြခြင်းဖြစ်သည်။ တစ်ဖန် ဥပုသ်သုံးမျိုး ရှိပြန်ရာ (၁) ဂေါပါလဥပုသ် (၂) နိဂဏ္ဌဥပုသ် နှင့် (၃) အရိယာဥပုသ်ဟူ၍ ဖြစ်သည်။

(၁) ဂေါပါလဥပုသ်ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည် ပြီးနောက် ရတနာသုံးပါး၏ဂုဏ်တော်၊ ကျေးဇူးတော်ကို မအောက်မေ့ မပွားများပဲ ဝတ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး ဖြစ်သဖြင့် အကျိုး ပေးနည်းသည်။ (၂) နိဂဏ္ဌဥပုသ်ဆိုသည်မှာ တိတ္ထိတို့ဆောင်သော ဥပုသ်မျိုးဖြစ်သည်။ ပမာအားဖြင့် မိုင်တစ်ရာအတွင်း ရှိသော သတ္တဝါကိုသာ သတ်ပါမည် စသည့် သိက္ခာပုဒ်မျိုးကို ဆောက် တည်ခြင်း ဖြစ်၍ အပြစ်ရှိသည်။ (၃) အရိယာဥပုသ်ဆိုသည်မှာ ဥပုသ်ဆောက်တည်ပြီးလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတို့ကို ဆင်ခြင်စဉ်းစား ပြီး၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်းများ ပြုလုပ်သဖြင့် များမြတ်သော အကျိုးရှိ၏။ ဥပုသ်ဆောက်တည်ရသောနေ့ကား ပကတိဥပုသ်နေ့၊ ပဋိဇာဂရ ဥပုသ်နေ့၊ ပါဋိဟာရိယပက္ခဥပုသ်နေ့ အားဖြင့် သုံးပါးအပြား ရှိ၏။ ထိုသုံးပါးတွင် ပဉ္စမီ-ငါးရက်နေ့၊ အဋ္ဌမီ-ရှစ်ရက်နေ့၊ စတုဒ္ဒသီ-တဆဲ့ လေးရက်နေ့၊ ပန္နရသီ -တစ်ဆဲ့ငါးရက်နေ့ဟူ၍ လဆန်းလဆုတ် လေးရက်စီ အားဖြင့် တစ်လရှစ်ရက်သည် ပကတိ ဥပုသ်မည်၏။ ထိုပကတိဥပုသ်နေ့ကို အကြိုအပိုပြု၍ ဆောက်တည်သော နေ့သည် ပဋိဇာဂရဥပုသ်နေ့မည်၏။ အကြို အပို ပြုဟန်ကား ငါးရက်နေ့ဥပုသ်ကို ကြိုသော် လေးရက်နေ့၊ ပိုသော် ခြောက် ရက်နေ့၊ ရှစ်ရက်နေ့ ဥပုသ်ကို ကြိုသော် ခုနစ်ရက်နေ့၊ ပိုသော် ကိုးရက်နေ့။ တစ်ဆဲ့လေးရက်နေ့ ဥပုသ်ကို ကြိုသော် တစ်ဆဲ့ သုံးရက်နေ့၊ အပိုမရှိ။ တစ်ဆဲ့ငါးရက်နေ့ ဥပုသ်ကို ပိုသော် တစ်ရက်နေ့ အကြိုမရှိ။ ဤသို့ အကြိုအပိုပြု၍ လဆန်း လဆုတ် ခြောက်ရက်စီအားဖြင့် တစ်လလျှင် တစ်ဆဲ့နှစ်ရက် သည် ပဋိဇာဂရဥပုသ်နေ့ မည်၏။

ဝါတွင်းသုံးလသည်လည်းကောင်း၊ သီတင်းကျွတ်လပြည့်နှင့် တန်ဆောင်မုန်းလပြည့်အကြား တစ်လသည် လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် အထွတ်တစ်ရက်နေ့မှ လကွယ် နေ့တိုင် တစပက္ခသည် လည်းကောင်း ပါဋိဟာရိယပက္ခ ဥပုသ်နေ့ မည်၏။

ဥပုသ်နေ့များတွင် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသော ဗုဒ္ဓဝါဒီများသည် ဥပုသ်သီလဆောက်တည်ကြသည်။ ထိုနေ့မျိုး တွင် ပစ္စည်းဥစ္စာ ကုံလုံပြည့်စုံသူများက ရဟန်းသံဃာတော် များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ အချို့သောသူများကမူ ဘုရားတန်ဆောင်းများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုပြုလုပ် ကြသည်။ ဗုဒ္ဓဝါဒီများသည် ဥပုသ်ဆောက်တည်ရာ၌ မြတ်စွာ ဘုရား ထံတွင် အာရုံပြု၍ဖြစ်စေ၊ သံဃာတော်များထံမှဖြစ်စေ သီလကို ခံယူဆောက်တည်ကြလေသည်။ ဗုဒ္ဓတရားတော်အရ ဥပုသ်စောင့်သုံးသူတစ်ယောက်သည် ဥပုသ်ဆောက်တည် သည့်နေ့တွင် မွန်းလွဲသည့်အချိန်မှစ၍ နက်ဖြန်မိုးသောက်အထိ ဝိကာလဘောဇနာဟူသောသိက္ခာပုဒ်အရ မည်သည့်အစာ အာဟာရကိုမျှ မှီဝဲခြင်း မပြုနိုင်တော့ပေ။ ထိုအပြင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော အိမ်မှုကိစ္စအလုပ်တာဝန်များနှင့် အခြား လောကီရေးရာ လုပ်ငန်းဆောင်တာများကို မပြုလုပ်ကြပဲ ပုတီးစိပ်ခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားနာခံခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း အစရှိသော လောကုတ္တရာ ကျင့်စဉ်များကို အားထုတ်ကြလေသည်။[၁]

ဥပုသ်စောင့်ပုံ အစီအစဉ်[ပြင်​ဆင်​ရန်​]

  • ၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
  • ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ကား မစီမံသင့်)
  • ၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် စားဖွယ်သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။
  • ၄။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
  • ၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
  • ၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင်ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။
  • ၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏)။
  • ၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။
  • ၉။ ထို့နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏)။
  • ၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု့ရွတ်ဖတ်နေရာ၏၊ (ထိုင်၍ခြည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင်နေစေလို၏)။
  • ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။
  • ၁၂။ ညဉ့်အချိန်သို့ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာသူတော်ကောင်း ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
  • ၁၃။ ရဟန္တာ အရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညစာ စားမှု၊ ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား၊ ဟု မိမိကိုယ် အလွန်မြှောက်တင်ကာ ရဟန္တာယောက်ျား ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။
  • ၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သော အခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ ( ယခုကာလ အချို့အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ)။ဤကားဥပုသ်စောင့်ပုံအစီအစဉ်တည်း။

အရှင်နာယကာလင်္ကာရ ရေး--Mayor mt 07:20, 18 အောက်တိုဘာ 2008 (UTC)

(၁) ဥပုသ် (၃) မျိုးနဲ့ အကျိုးကျေးဇူး။ ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။

ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။ (၁) နိဂဏ္ဌဥပုသ် (၂) ဂေါပါလဥပုသ် (၃) အရိယာဥပုသ ် တို့ဖြစ်ပါတယ်။

(၁) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀ဝ -အတွင်းရှိသော သတ္တဝါတို့ကိသာရှောင်မည်။၄င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိ ဘူးဆိုပါတယ်။

(၂) ဂေါပါလဥပုသ် ဆိုတာကတော့ နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။

(၃) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။

ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် - ဘာသာရေးပြဿနာများ - ၅ )

(၂) ဥပုသ်နဲ့ အရုဏ်တက်ချိန် ။ ကျွန်တော်ကို ရုရှားကရော ၊ အမေရိက ၊အင်္ဂလန်ကရော သူငယ်ချင်းတွေ ၊ ညီလေး၊ညီမလေးတွေ အင်တာနက်ကနေ မေးကြတယ်။ဒီရက်ပိုင်း အာရုံတက်ချိန်ကို အတိအကျမသိတော့ ဥပုသ်သည်တွေ ဘယ်အချိန်အထိ စောင့်ရမှန်းမသိဖြစ်နေကြတယ်။ အာရုံတက်တာ တစ်လနဲ့ တစ်လ မတူပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေဝင်ပုံကို ဇယားဆွဲပေးထားပါတယ်။ (၁) တန်ခူး = ( ၅းဝ၀ ) အရုဏ်တက် ။( ၆းဝ၀ ) နေထွက် ၊ (၆းဝ၀) နေဝင် ။ (၂) ကဆုန် = (၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေဝင် ။ (၃) နယုန် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေဝင် ။ (၄) ဝါဆို = (၄း၃၀ ) အရုဏ်တက် ။( ၅း၃၀) နေထွက် ၊ (၆း၃၀) နေဝင် ။ (၅) ဝါခေါင် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေဝင် ။ (၆) တော်သလင်း = ( ၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေဝင် ။ (၇) သီတင်းကျွတ် = ( ၅းဝ၀ ) အရုဏ်တက် ။( ၆းဝ၀) နေထွက် ၊ (၆းဝ၀) နေဝင် ။ (၈) တန်ဆောင်မုန်း= ( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေဝင် ။ (၉) နတ်တော် = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေဝင် ။ (၁၀) ပြာသို = ( ၅း၃၀ ) အရုဏ်တက် ။( ၆း၃၀) နေထွက် ၊ (၅း၃၀) နေဝင် ။ (၁၁) တပို့တွဲ = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေဝင် ။ (၁၂) တပေါင်း =( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေဝင် ။

(၁) ဥပုသ် (၃) မျိုးနဲ့ အကျိုးကျေးဇူး။ ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။

ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။ (၁) နိဂဏ္ဌဥပုသ် (၂) ဂေါပါလဥပုသ် (၃) အရိယာဥပုသ ် တို့ဖြစ်ပါတယ်။

(၁) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀ဝ -အတွင်းရှိသော သတ္တဝါတို့ကိသာရှောင်မည်။၄င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိ ဘူးဆိုပါတယ်။

(၂) ဂေါပါလဥပုသ် ဆိုတာကတော့ နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။

(၃) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။

ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် - ဘာသာရေးပြဿနာများ - ၅ )

(၂) ဥပုသ်နဲ့ အရုဏ်တက်ချိန် ။ ကျွန်တော်ကို ရုရှားကရော ၊ အမေရိက ၊အင်္ဂလန်ကရော သူငယ်ချင်းတွေ ၊ ညီလေး၊ညီမလေးတွေ အင်တာနက်ကနေ မေးကြတယ်။ဒီရက်ပိုင်း အာရုံတက်ချိန်ကို အတိအကျမသိတော့ ဥပုသ်သည်တွေ ဘယ်အချိန်အထိ စောင့်ရမှန်းမသိဖြစ်နေကြတယ်။ အာရုံတက်တာ တစ်လနဲ့ တစ်လ မတူပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေဝင်ပုံကို ဇယားဆွဲပေးထားပါတယ်။ (၁) တန်ခူး = ( ၅းဝ၀ ) အရုဏ်တက် ။( ၆းဝ၀ ) နေထွက် ၊ (၆းဝ၀) နေဝင် ။ (၂) ကဆုန် = (၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေဝင် ။ (၃) နယုန် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေဝင် ။ (၄) ဝါဆို = (၄း၃၀ ) အရုဏ်တက် ။( ၅း၃၀) နေထွက် ၊ (၆း၃၀) နေဝင် ။ (၅) ဝါခေါင် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေဝင် ။ (၆) တော်သလင်း = ( ၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေဝင် ။ (၇) သီတင်းကျွတ် = ( ၅းဝ၀ ) အရုဏ်တက် ။( ၆းဝ၀) နေထွက် ၊ (၆းဝ၀) နေဝင် ။ (၈) တန်ဆောင်မုန်း= ( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေဝင် ။ (၉) နတ်တော် = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေဝင် ။ (၁၀) ပြာသို = ( ၅း၃၀ ) အရုဏ်တက် ။( ၆း၃၀) နေထွက် ၊ (၅း၃၀) နေဝင် ။ (၁၁) တပို့တွဲ = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေဝင် ။ (၁၂) တပေါင်း =( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေဝင် ။

(ကျမ်းကိုး ဆရာတော် ရဝေနွယ် - ဘဝတိုင်းဆုံချင်ပါသလား)

(၃) ဥပုသ်နဲ့ သီလယူပုံ (၂) မျိုး ။ ဥပုသ်မှာ သီလတစ်ပါးကျိုးတာနဲ့ ကျန်တာအားလုံး ကျိုး ၊ မကျိုးကတော့ အစသီလယူပုံ ၊ သီလပေးပုံပေါ်မှာ မူတည်ပါတယ် ။ သီလမှာ တစ်ပေါင်းတည်းယူနည်း ၊ တစ်ပါးချင်းယူနည်း ဆိုပြီး (၂) မျိုးရှိတယ်။ တစ်ပေါင်းတည်း ယူရင် တစ်ပါးကျိုးတာနဲ့ အားလုံးပျက်ကျိုးပါတယ်။ တစ်ပါးချင်း ယူခဲ့ရင်တော့ တစ်ပါးကျိုးတာနဲ့ အားလုံးမပျက်ကျိုးပါဘူး။ တစ်ပေါင်းတည်း ယူပုံက - အဟံ ဘန္တေ တိသရဏေနသဟ ပဉ္စသီလံ သမာဓိယာမိ အဋ္ဌ ဥပေါသထင်္ဂ ါနိ သမာဓိယာမိ (လယ်တီ ) ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ ( ဦးဗုဓ်)

ဒီပုံစံကို ဒီခေတ်မှာ ယူတာနည်းပါတယ်။ တရားပွဲကအချိန်သိပ်နည်းနေတာမျိုးမှာတော့ တရားဟောဆရာတော်က ဒါမျိုး တစ်ပေါင်းတည်းယူနည်းနဲ့ သီလပေးတတ်ပါတယ်။

တစ်ပါးစီယူတာကတော့ - ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ …စသည် ကျွန်တော်တို့ ယူနေကြတဲ့ ပုံစံမျိုးပေါ့ . ဒါက တစ်ပါးကျိုးရင် ကျန်တာ မကျိုးပါဘူး။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် - ဘဝတိုင်းဆုံချင်ပါသလား)

(၄) မှန်ကန်စွာ ချိုးခြံကျင့်ကြံ ခြင်း ဟာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ဘာကို ချိုးခြံကျင့်ကြံမလဲဆိုတော့ အာရုံ (၅) ပါး (တစ်နည်း) အာရုံ (၆) ပါး နဲ့ ကာမဂုဏ်ခံစားမှုကို ချိုးခြံကျင့်ကြံရမှာ ဖြစ်ပါတယ်။နှိပ်စက်တဲ့ အထိဖြစ်သွားရင် တပ ခေါ် အစွန်းရောက်ကျင့်စဉ် ဖြစ်သွားပြန်တယ်။ ဒါကိုလည်း မြတ်စွာဘုရားက ဓမ္မစကြာတရားတော်မှာကို အစွန်း(၂)ပါးရှောင်ဖို့ ဟောထားတာ သတိထားမိမှာပါ။ ဥပုသ် (၈) ပါးသီလကို ပြန်ဆန်းစစ်ရင် ကာမေသုက ခွဲထွက်လာတာကို တွေ့ရလိမ့်မယ်။ ကာမေသု မိ စ္ဆာ စာရ ကံဟာ လောကပါလ တရားကို ဖျက်ဆီးတဲ့ တရားအပေါင်းမှာ အပြစ်အကြီးဆုံးတရားဖြစ်ပါတယ်။ ဒီကံ ဖောက်ထားသူအတွက် ဘယ်လောက်ပဲ ဘုန်းမီးနေလ တောက်ပနေစေကာမူ တစ်ခုသော အခါမှာ ဒီအကုသိုလ် အကျိုးကို ပြန်ခံရမယ် လို့ ဆိုတယ်။ သူများသားမယား ပြစ်မှားမှုကို သမုတိနယ်မှာ ကာမေသု မိစ္ဆာ လို့ ယူပေမယ့် ၊ ပရမတ္ထနယ်မှာတော့ ကာမေသုကို ကာမဂုဏ်တရား (၅)ပါး အဖြစ်ယူတယ်။ ရူပါရုံ ၊ သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ ရသာရုံ ၊ ဖောဋ္ဌဗ္ဗာရုံ တွေ ပါလာတယ်။ ပြင်ပ ဒီအာရုံတွေ က ဆွဲဆောင်တာကို ကိုယ့်မှာ ရှိတဲ့ ကိလေသာ က လက်ခံတယ် ။ ခံစားတယ် ဆိုရင် ကာမေသုပဲ ။ ဆွဲဆောင်နေဆဲမှာ ရပ်နေရင် ကာမေသု မဖြစ်သေးဘူး။ ပါသွားရင် သာ ကံမြောက်တယ်။ ဒါပေမယ့် ရှေးဆရာတွေက သားမယားစော်ကားခြင်းကို ပဲ လူတွေ စောင့်ဖို့ သတ်မှတ်ပေးလိုက်ပြီးတော့ ကျန်တာတွေကို သီလခွဲထုတ်လိုက်တယ်။ ဒါကြောင့်တို့ပြောနေတဲ့ (၈)ပါး နဲ့ (၁၀) ပါးမှာ အဗြဟ္မ စရိယာ နဲ့ မာလာ ဂန္ဓ …. စတဲ့ သီလတွေ ပွားလာတယ်။ ဒါတွေကို လေ့လာရင် ကာမဂုဏ်တရား (၅)ပါး ပဲ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ တခြားထူးဆန်းတာတွေ မဟုတ်တော့ဘူး။ ကာမေသုအောက်က ခွဲထွက်သွားတာတွေဖြစ်နေကြတယ်။

ဥစ္စာသယန၊ မဟာသယနနဲ့ ပတ်သက်ပြီး လိုရင်းအဖြေကို ပြောရရင်တော့ အထိအတွေ့သာယာမှု ၊နှုးညံ့မှု ကာမဂုဏ်ကိုလည်းရှောင်မယ့် နေ့ဖြစ်တာမို့ မြင့်သောနေရာ ၊ မြတ်သောနေရာကနေ ဆင်းပြီး အိပ်သင့် နေသင့်ပါတယ်။ ဥစ္စာသယန၊ မဟာသယနဆိုတာက မြင့်သောနေရာ ၊ မြတ်သောနေရာမှာ လျောငး်စက်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်ပါတယ် ။ ဒီနေရာမှာ နည်းနည်းမှတ်မိသလောက် အကျယ်ပြောရရင်တော့ အမြင့် တစ်တောင့်ထွာထက်ပိုတဲ့ အိပ်ရာ၊ခုတင်၊ညောင်စောင်း စသည် မြင့်တဲ့ နေရာတွေမှာ နေထိုင်ခြင်း ၊အိပ်ခြင်း ( ဥစ္စာသယန) နဲ့ မြတ်သောနေရာဆိုတာကတော့ သူဋ္ဌေးကြီးတွေ စည်းစိမ်ခံတတ်တဲ့ သားမွှေးအခင်းနဲ့ ထိုင်ခုံတွေ ၊ တိရ စ္ဆာ အရေတွေနဲ့ လုပ်ထားတဲ့ သားမွေး၊ သားရေ တွေနဲ့ ထိုင်ခုံတွေ ၊ နောက် ရွှေချည်၊ငွေချည် ၊ပိုးထာ အကောင်းစားစသည်များနဲ့ လဲ၊ဝါသွပ်သွင်းပြုလုပ်ထားတဲ့ ဂွမ်းကပ်၊မွေ့ယာ စသည်( မဟာသယန) တို့ ဖြစ်ပါတယ်။

တိုက်အပေါ်ထက်ကနေ မြင့်လို့ဆိုပြီး အောက်ထပ် ၊ (ဝါ) လမ်းပေါ် ဆင်းနေဖို့ မဟုတ်ပါဘူး။ဒီလိုသာဆို ဘုန်းကြီးတော်တော်များများ လမ်းပေါ်မှာပဲ နေရပါလိမ့်မယ်။ ရနိုင်နေတဲ့ စည်းစိမ်ချမ်းသာ ကိုတောင် မယူဘဲ ကိုယ့်မှာ ရှိနေတဲ့ တဏှာကို သတ်ခြင်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်ခြိုးခြံမှုကို ကျင့်ကြံကြပါတယ်။ဥစ္စာသယန၊ မဟာသယနဆိုတာက လဲ ဥပုသ် ( ဥပေါသထ )၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်းမှာ အကျုံးဝင်နေတာဖြစ်တဲ့အတွက် အထိအတွေ့ဖောဋ္ဌပ္ဖရုံ ကို ချိုးနှိမ်ခြင်းသာ လိုရင်းဖြစ်ပါတယ်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)