ဥပဒေပြု လွှတ်တော် (ထိုင်ဝမ်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဥပဒေပြုလွှတ်တော်
Legislative Yuan

立法院 (Lìfǎ Yuàn)
အဋ္ဌမ အကြိမ်မြောက် ဥပဒေပြုလွှတ်တော်
Coat of arms or logo
အမျိုးအစား
အမျိုးအစား Unicameral
ခေါင်းဆောင်များ
ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ Wang Jin-pyng, ကွန်မင်တန်ပါတီ
1 February 1999 မှစ
ဖွဲ့စည်းပုံ
အမတ်ဦးရေ 113
8th Legislative Yuan Seat Composition.svg
နိုင်ငံရေး အုပ်စု

     KMT
     DPP

     PFP
     TSU
     NPSU
     တသီးပုဂ္ဂလ
ရွေးကောက်ပွဲ
နောက်ဆုံး ရွေးကောက်ပွဲ 12 January, 2008
ဝက်ဘ်ဆိုက်
http://www.ly.gov.tw

ဥပဒေပြုလွှတ်တော် (ထိုင်ဝမ်) (တရုတ် - 立法院) သည် တရုတ်သမ္မတနိုင်ငံ၏ လွှတ်တော် တစ်ရပ်သာ ပါဝင်သည့် ဥပဒေပြုဌာနဖြစ်သည်။ တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုလွှတ်တော်သည် အစိုးရမဏ္ဍိုင် ၅ ရပ်အနက် တစ်ခု အပါအဝင်ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ုနှစ်နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အကြိမ်ကြိမ် ပြင်ဆင်ခဲ့ပြီးနောက် သမ္မတနှင့် ဒုသမ္မတ ရွေးကောက်တင်မြှောက်ခွင့်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခွင့်ရှိသည့် အမျိုးသား ညီလာခံကို ၂၀၀၅ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည်။ တဆက်တည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် လုပ်ပိုင်ခွင့် အာဏာကို ဥပဒေပြု လွှတ်တော်ထံ လွှဲပြောင်းပေးလိုက်သည်။ အမတ်ဦးရေကို ၂၂၅ ဦးမှ ၁၁၃ ဦးသို့ လျှော့ချလိုက်ပြီး ရာထူးသက်တမ်းကိုမူ ၃ နှစ်မှ ၄ နှစ်သို့ တိုးမြှင့်လိုက်သည်။

ဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

လက်ရှိ ဥပဒေပြု လွှတ်တော်တွင် အမတ်ဦးရေ ၁၁၃ ဦးရှိသည်။ ၂၀၀၈ ခုနှစ်မှစ၍ အမတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် အမတ်လောင်းအတွက် တစ်မဲ၊ နိုင်ငံရေး ပါတီအတွက် တစ်မဲ နှစ်မဲပေးရသည်။ ဥပဒေပြုအမတ် ၁၁၃ ဦးအနက် ၇၃ ဦးမှာ မဲဆန္ဒနယ်မြေ ၇၃ ခုမှ ရွေးကောက်ခံ အမတ်များဖြစ်သည်။ ၃၄ ဦးမှာ နိုင်ငံရေးပါတီများ ရရှိသည့် မဲရာခိုင်နှုန်း အချိုးကျ ခွဲဝေခြင်းဖြစ်သည်။ ကျန် ၆ ဦးမှာ တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်ပြီး ၎င်းတို့ကို တိုင်းရင်းသား မဲဆန္ဒနယ်မြေ ၂ ခုမှ ၃ ဦးစီ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။

သမိုင်းအကျဉ်း[ပြင်​ဆင်​ရန်​]

၁၉၂၈ ခုနှစ်တွင် ဥပဒေပြုလွှတ်တော်အား နန်ကျင်းမြို့တွင် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်၌ အမတ် ၄၉ ဦးရှိသည်။ ယင်းအမတ်များအား အမျိုးသား အစိုးရမှ ခန့်အပ်သည်။ စတုတ္ထအကြိမ် လွှတ်တော်တွင် အမတ်နေရာ ၁၉၄ အထိ တိုးမြှင့်ခဲ့သည်။ ထိုစဉ်အခါက ဂျပန်တော်လှန်ရေး တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ယင်းအမတ်များ၏ သက်တမ်းမှာ ၁၄ နှစ်အထိ ကြာမြင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် အမတ် ၇၅၉ ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်တွင်းစစ်ပွဲ ဖြစ်ပွားရာ ကွန်မင်တန်ပါတီ စစ်ရှုံးခဲ့ပြီး ဥပဒေပြုလွှတ်တော်သည်လည်း တရုတ်သမ္မနိုင်ငံအစိုးရနှင့်အတူ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာခဲ့သည်။ ထိုစဉ်က အမတ် ၃၈၀ ခန့် ပြောင်းရွှေ့လာပြီး ထိုင်ပေမြို့ရှိ ဆွန်ယက်ဆင် ခန်းမအား ယာယီရုံးခန်းအဖြစ် အသုံးပြုခဲ့သည်။ (ထိုစဉ်က ချန်ကေရှိတ်အစိုးရသည် ကွန်မြူနစ်လက်ထဲမှ တရုတ်ပြည်မအား သိမ်းယူရန် ရည်ရွယ်ထားဆဲ ကာလဖြစ်သည်။)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ်မှတ်ချက်အရ အမတ်များ၏ သက်တမ်းမှာ ၃ နှစ်ဖြစ်၍ ပထမအကြိမ် တင်မြောက်ခံရသည့် အမတ်များသည် ၁၉၅၁ ခုနှစ်တွင် သက်တမ်းပြည့်ရမည် ဖြစ်သော်လည်း တရားရေးရုံးချုပ်မှ ဂရင်းတရားသူကြီးများ၏ ဥပဒေရှင်းလင်းချက်အရ သက်တမ်းတိုးခဲ့သည်။ ၁၉၉၁ ခုနှစ်မတိုင်မီ ကွန်မင်တန်အစိုးရက ဆုံးရှုံးနယ်မြေ တရုတ်ပြည်မတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သေးဟု အကြောင်းပြကာ အထွေထွေ ရွေးကောက်ပွဲ မကျင်းပခဲ့ပေ။ ၁၉၆၉ ခုနှစ်တွင် ၁၁ နေရာကိုသာ အစားထိုးခဲ့သည်။ ယင်းကဲ့သို့ အစားထိုးသည့် အမတ်များ၏ သက်တမ်းမှာ ၃ နှစ်ဖြစ်သည်။ ထိုနောက်တွင် ၁၉၇၂ ခုနှစ်၌ ၅၁ နေရာ၊ ၁၉၇၅ ခုနှစ်၌ ၅၂ နေရာ၊ ၁၉၈၀ ခုနှစ်၌ ၉၇ နေရာ၊ ၁၉၈၃ ခုနှစ်၌ ၉၈ နေရာ၊ ၁၉၈၆ ခုနှစ်တွင် ၁၀၀ နှင့် ၁၉၈၉ ခုနှစ်၌ ၁၃၀ နေရာ အသီးသီး အစာထိုးခဲ့သည်။

ပထမအကြိမ် ရွေးကောက်ခံ အမတ်အားလုံးသည် ၁၉၉၁ ခုနှစ်တွင် ရာထူးဆင်းပေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ရွေးကောက်ပွဲ အသစ်ကျင်းပပြီး အမတ် ၁၆၁ ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ထိုနောက်တွင် ဥပဒေသတ်မှတ်ချက်အရ ၃ နှစ်တစ်ကြိမ် ပုံမှန် ရွေးကောက်လာသည်။ ၁၉၉၈ ခုနှစ်တွင် အမတ်နေရာ ၂၂၅ နေရာအထိ တိုးမြှင့်ခဲ့ပြီး ရရှိသည့်မဲ ၅ % အထက်ရှိသည့် နိုင်ငံရေးပါတီများ အတွက် မဲရာခိုင်နှုန်း အချိုးကျ အမတ်နေရာ ခွဲဝေသော မဲဆန္ဒနယ်မြေမခွဲခြားသည့် အမတ်များကို စတင်ထားရှိသည်။ ၂၀၀၅ ခုနှစ်တွင် သတ္တမအကြိမ်မြောက် လွှတ်တော် (၂၀၀၈ ခုနှစ်) မှစ၍ အမတ်နေရာ ၁၁၃ နေရာအထိ လျော့ချကာ သက်တမ်းကို ၃ နှစ်မှ ၄ နှစ်အထိ တိုးမြှင့်ပြီး နှစ်မဲပေးစနစ် ကျင့်သုံးရန် ပြင်ဆင်သတ်မှတ်ခဲ့သည်။

နှစ်မဲပေး စနစ်မှာ မဲဆန္ဒနယ်မြေ တစ်ခုမှ မဲအများဆုံးရသည့် အမတ်လောင်းတစ်ဦးသာ ရွေးကောက်ရန်နှင့် မဲပေးရာတွင် အမတ်လောင်းအား တစ်မဲ၊ နိုင်ငံရေးပါတီအား တစ်မဲပေးသည့် စနစ်ဖြစ်သည်။ အဓိက ကွဲပြားချက်မှာ စနစ်ဟောင်းတွင် အမတ်လောင်းများ ရရှိသည့် မဲကို ယင်းအမတ်လောင်း၏ ပါတီရရှိသောမဲဟု ရေတွက်သဖြင့် ပါတီရရှိသည့် မဲအရေအတွက်သည် ယင်းပါတီ၏ အမတ်လောင်းများ ရရှိသည့် မဲစုစုပေါင်း ဖြစ်သည်။ စနစ်သစ်တွင် နိုင်ငံရေးပါတီများအတွက် သီးခြားမဲပေးသောကြောင့် ပါတီရရှိသည့်မဲ အရေအတွက်နှင့် ယင်းပါတီ၏ အမတ်လောင်းများ ရရှိသည့် မဲအရေအတွက် စုစုပေါင်း မတူညီသည့် အခြေအနေ ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများ၏ မဲဆန္ဒနယ်မြေ မခွဲခြားသော အမတ်ဦးရေကို ထိခိုက်နိုင်သည်။