ဣန္ဒကာ

ဝီကီပီးဒီးယား မှ
(ဣန္ဒကာ၊ ဘိဝံသ၊ ဘဒ္ဒန္တ မှ ပြန်ညွှန်းထားသည်)

ဘဒ္ဒန္တဣန္ဒကာဘိဝံသ ဆရာတော် သည် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ် ခမည်းတော် ဦးကျော့ရွှေ၊ မယ်တော် ဒေါ်မြစိန်တို့မှ ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ (၃-၁၀-၁၉၆၅) တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။

၁၃၃၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့တွင် ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမဟာထေရ်ကို ဥပဇ္ဈာယ် ပြုလျက် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ပိဋကတ်အခြေခံကျမ်းစာများကိုလည်း သင်ယူခဲ့သည်။

၁၃၄၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့တွင် နောင်တော်ဖြစ်သူ ဘဒ္ဒန္တအရိယဝံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ) ၏ ချီးမြှောက်ခေါ်ဆောင်မှုဖြင့် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ သိန်းသန်းကျောင်းသို့ ရောက်ရှိကာ ပိဋကတ်စာပေများကို လေ့လာသင်ယူခဲ့သည်။

၁၃၃၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့တွင် ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က မဟာထေရ်ကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ပိဋကတ် အခြေခံကျမ်းစာများကိုလည်း သင်ယူခဲ့သည်။

၁၃၄၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့တွင် နောင်တော်ဖြစ်သူ ဘဒ္ဒန္တအရိယဝံသာ ဘိဝံသ (သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ) ၏ ချီးမြှောက်ခေါ်ဆောင်မှုဖြင့် အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ သိန်းသန်းကျောင်းသို့ ရောက်ရှိကာ ပိဋကတ် စာပေများကို လေ့လာ သင်ယူခဲ့သည်။

သာမဏေဘ၀ ၁၃၄၅ ခုနှစ်၌ ပရိယတ္တိ သာသနာလင်္ကာရ (သကျသီဟ) သာမဏေကျော် ဘွဲ့နှင့် ၁၃၄၆ ခုနှစ်၌ အစိုးရ ပထမကြီးတန်းကို ဖြေဆို အောင်မြင်ခဲ့သည်။

၁၃၄၇ ခုနှစ်၊ ပထမဝါဆို လဆန်း ၁၃ ရက်၊ တနင်္ဂနွေ နေ့တွင် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ပွဲကုန်းသိမ်၌ မဟာဂန္ဓာရုံ နာယကချုပ် ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ (အဂ္ဂမဟာပဏ္ဍိတ) ကို ဥပဇ္ဈာယ် ပြုလျက် ရဟန်းအဖြစ်ကို ခံယူခဲ့သည်။ ရဟန်းဒါယကာ များမှာ မန္တလေးမြို့၊ ပွဲကုန်း လမ်းမတန်းနေ ပုလိုင်းညွန့် သစ်စက်ပိုင် ဦးထွန်းဝင်း+ဒေါ်မြမိ၊ (သား) မောင်သက်ထွန်း၊ (သမီး) မခင်ဆွေတင့်၊ မသီသီနွယ် မိသားစုတို့ ဖြစ်ကြသည်။

ရဟန်းသိက္ခာ ၃ ဝါအရတွင် မြင်းခြံ သဒ္ဓမ္မပါလ သီးခြား စာသင်တန်း၊ ရန်ကုန် စေတိယင်္ဂဏ သီးခြား စာသင်တန်းနှင့် မန္တလေး သကျသီဟ သီးခြား စာသင်တန်း တို့ကို အောင်မြင်ခဲ့သည်။

၁၃၅၀ ပြည့်နှစ်၊ ရဟန်းသိက္ခာ ၄ ဝါအရတွင် သာသနဓဇ ဓမ္မာစရိယ ဘွဲ့ကို တစ်နိုင်ငံလုံး တတိယ ဂုဏ်ထူးဖြင့် လည်းကောင်း၊ ရွှေကျင်နိကာယ အထိမ်းအမှတ် ဝိသုဒ္ဓါရုံ ဝံသပါလ ဓမ္မာစရိယဘွဲ့ကို ဒုတိယဂုဏ်ထူးဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သည်။

၁၃၅၁ ခုနှစ်၊ ရဟန်းသိက္ခာ ၅ ဝါအရတွင် မြင်းခြံမြို့ ပရိယတ္တိ သဒ္ဓမ္မပါလ ဓမ္မာစရိယ ဘွဲ့ကို ပထမဂုဏ်ထူးဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက ဘွဲ့ကို လည်းကောင်း၊ မန္တလေးမြို့ ပရိယတ္တိ သာသနဟိတ သကျသီဟ ဓမ္မာစရိယ ဘွဲ့ကို ပထမ ဂုဏ်ထူးဖြင့် လည်းကောင်း ဖြေဆို အောင်မြင်ခဲ့သည်။

စာလိုက်ခဲ့သော ဆရာတော်များမှာ ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်း ဆရာတော်ကြီး၊ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက် နာယကချုပ် ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ (အဂ္ဂမဟာပဏ္ဍိတ)၊ နာယက ဆရာတော်များ ဖြစ်ကြသော ဘဒ္ဒန္တ မဟိန္ဒ၊ ဘဒ္ဒန္တ ဣန္ဒောဘာသာ ဘိဝံသ၊ ဘဒ္ဒန္တ အဂ္ဂဝံသ၊ ဘဒ္ဒန္တ ကုဏ္ဍလာ ဘိဝံသနှင့် အနုနာယက ဆရာတော်များ၊ ဂဏဝါစက စာချ ဆရာတော်များ၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် မင်္ဂလဗိမာန် ဆရာတော် ဘဒ္ဒန္တ ပညာသိရီ ဘိဝံသ၊ မြတောင် ကျောင်းတိုက် သမ္မတစာချကျောင်း ဆရာတော် ဘဒ္ဒန္တ ကေလာသာ ဘိဝံသ၊ မန္တလေးမြို့ စက်မှုမြို့သစ် မြဝတီမင်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တ အရိယဝံသာ ဘိဝံသ စသည်တို့ ဖြစ်ကြသည်။

၁၃၄၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှ ၁၃၅၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့ အထိ ၁၃ နှစ်တိုင်အောင် အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ စာသင်၊ စာချ၊ ကျောင်းဘုန်းကြီး ဘ၀ဖြင့် သီတင်း သုံးခဲ့သည်။ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ သီတင်းသုံးစဉ် သာမဏေကျော် ဒုတိယဆင့် စူဠဝါ၊ ပရိဝါ ပါဠိတော်၊ သာမဏေကျော် တတိယဆင့် ဓမ္မပဒပါဠိ အဋ္ဌကထာနှင့် ပဋ္ဌာန်း ပစ္စည်းပြိုင်၊ စာသင်တန်း ဆိုင်ရာ ဘေဒစိန္တာနှင့် ကစ္စာယနသာရကျမ်း တို့ကို ပို့ချခဲ့သည်။ ၁၃၄၈ ခုနှစ်၌ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မင်္ဂလဗိမာန် ကျောင်း၌ တစ်နှစ်ခန့် ပညာဆည်းပူးရင်း သီတင်းသုံး နေထိုင် ခဲ့သည်။

၁၃၅၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့၌ သံဃနာယက ဆရာတော်များနှင့် မဟာဂန္ဓာရုံ ကျောင်းတိုက် နာယက ဆရာတော်များ ရှေ့မှောက်ဝယ် မြစကြာဆရာတော် ဘဒ္ဒန္တ လက္ခဏ မထေရ်မြတ်က အရှင်ဣန္ဒကာ ဘိဝံသအား မြစကြာ ကျောင်းတိုက်ကြီးကို ဂရုဘဏ်၊ လဟုဘဏ်နှင့် တကွ လွှဲအပ် လှူဒါန်းခဲ့သည်။ အထူးသဖြင့် ပရိယတ္တိ သာသနာ စည်ပင် ပြန့်ပွားရန် ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

၁၃၄၇ ခုနှစ်၊ ရဟန်းသိက္ခာ မရမီမှစ၍ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ဂဏဝါစက စာချတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၃၅၄ ခုနှစ်မှစ၍ မြစကြာ ကျောင်းတိုက်၌ ဂဏဝါစက စာချတာဝန်၊ ပဓာန နာယက တာဝန်၊ ပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲ ကြီးကြပ်ရေး တာဝန်၊ သာသနာ လင်္ကာရ စာမေးပွဲ ပုစ္ဆက တာဝန်နှင့် အဖွဲ့ဝင် တာဝန်များ ကို ထမ်းဆောင် ခဲ့သည်။ ၁၃၅၆ ခုနှစ်မှစ၍ မြို့နယ်၊ တိုင်း ဝိနည်းဓိုရ် တာဝန်ကို ထမ်းဆောင် ခဲ့သည်။ ၁၃၅၆ ခုနှစ်မှစ၍ ရွှေကျင် နိကာယ ဂိုဏ်းလုံး ဝန်ဆောင် နာယက တာဝန်ကို ထမ်းဆောင် ခဲ့သည်။

"ဆွေမျိုးကျောင်း မဖြစ်စေချင်ဘူး၊ သာသနာတွက် အကျိုးများတဲ့ ကျောင်းပဲ ဖြစ်စေချင်တယ်" ဤသို့သော မြစကြာ ဆရာတော် ဘဒ္ဒန္တ လက္ခဏ မထေရ်မြတ်၏ အလိုဆန္ဒကို ပါရမီ ဖြည့်သောအားဖြင့် ကြိုးစား အားထုတ်ခဲ့သည်။ အရေအတွက် အားဖြင့် စာသင်သား သံဃာ ၂ ပါးမှ စတင်ခဲ့ရာ ၁၈ နှစ်အတွင်း သံဃာ ၂၈၀ ကျော်အထိ တိုးတက်ခဲ့သည်။ အရည်အသွေး အားဖြင့်လည်း သာမဏေကျော်ဘွဲ့ရ၊ ပထမကျော်ဘွဲ့ရ၊ ဓမ္မာစရိယဘွဲ့ရ၊ သကျသီဟ အဘိဝံသ ဘွဲ့ရ အထိ တိုးတက် အောင်မြင်ခဲ့သည်။ ထူးခြားချက်မှာ ထိုဘွဲ့ရ သံဃာ အားလုံးနီးပါး မြစကြာ ကျောင်းတိုက်၌ ငယ်စဉ်မှစ၍ ပညာဆည်းပူး ခဲ့ကြသူများ ဖြစ်ကြခြင်းပင်။

တည်းဖြတ် ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  • သာသနာ့ ဖန်မီးအိမ် (တည်းဖြတ်)
  • ညဉ့်ဦးယံ ဩဝါဒကထာ
  • စိတ်ထားစင်ကြယ် စွမ်းအားကြွယ်
  • အမြုတေ စိတ်ဓာတ်
  • ကျောင်း အနုမောဒနာ
  • အလှကိုယ်စီ (တည်းဖြတ်)

ဆရာတော် ဘဒ္ဒန္တ လက္ခဏ မဟာထေရ်သည် မြစကြာ ကျောင်းတိုက်ကို ၁၃၃၇ ခုနှစ်၌ စတင် တည်ထောင် ခဲ့သည်။ ၁၃၅၄ ခုနှစ် နယုန်လပြည့်ကျော် ၁ ရက်နေ့၌ တူဖြစ်သူ ဘဒ္ဒန္တ ဣန္ဒကာဘိဝံသအား လွှဲအပ်ကာ တောရဆောက်တည်ခဲ့သည်။

ဆရာတော်သည် ၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၁၇၊၁၊၂၀၂၃)အင်္ဂါနေ့၊ နံနက် ၈ ၃ဝ နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။