အ.ထ.က(၂)လသာ
အထက (၂) လသာသည် လသာမြို့၊ ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး၊ အထင်ရှားသော အထက်တန်းကျောင်းများအနက် အထက (၂) လသာသည် အပါအဝင် ဖြစ်သည်။ ယခင်က စိန့်ဂျွန်းကွန်ဗင့် အထက်တန်းကျောင်း ဟူ၍အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ်အဖြစ် တည်ရှိသည်။
ပညာ၊ စည်းကမ်း၊ စာရိတ္တမြင့်မားသော အမျိုးသမီးကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်လျှက်ရှိသည်။ ပညာရေးထူးချွန်သူများ၊ ပညာရည်ချွန် လူရည်မွန်များ၊ အားကစားထူးချွန်သူများကို နှစ်စဉ်မွေးဖွားသန့်စင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နာမည်အကျော်ကြားဆုံး အမျိုးသမီး ကျောင်းတစ်ကျောင်းဖြစ်သည်။ [၁] [၂] ဗြိတိသျှ အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထောင်ဖွင့်လှစ်ခဲ့သော၊ ၁၈၆၁ ခုနှစ် တွင်စတင် တည်ထောင်သော ခရစ်ယာန်သီလရှင် အမျိုးသမီးကျောင်း ဖြစ်သည်။ [၃] [၄]
- ကျောင်းအမည်-----------------------------------အ.ထ.က (၂) လသာ (စိန့်ဂျွန်းကွန်ဗင့် St. John's Convent School)
- ကျောင်းလိပ်စာ-----------------------------------၁၁၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့
- ကျောင်းစတင် တည်ထောင်သောခုနှစ်----------၁၈၆၁ ခုနှစ်
မာတိကာ |
ကျောင်းအုပ်ဆရာမကြီးများ [ပြင်ဆင်ရန်]
- ဒေါ်မြူရီရယ်ထွန်းကျော် (၁၉၆၆-၁၉၈၀)
- ဒေါ်တင်တင် (၁၉၈၀-၁၉၈၇)
- ဒေါ်နမ်းနွမ် (၁၉၈၇-၁၉၉၃)
- ဒေါ်ဝင်းကြည် (၁၉၉၃-၁၉၉၆)
- ဒေါ်ခင်အုန်းမြင့် (၁၉၉၆-၂၀၀၇)
- ဒေါက်တာ သိင်္ဂီကျော် (၂၀၀၇-ယခု)
ဓာတ်ပုံများ [ပြင်ဆင်ရန်]
လသာကျောင်းသူဟောင်းများ [ပြင်ဆင်ရန်]
-
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ၅ ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင် မြင့်မြင့်ခင်
-
The Purple Plain ဟူသော ခရမ်းရောင်လွင်ပြင် နာမည်ကျော် မင်းသား ဂရေဂရီပက် (Gregory Peck) နှင့်အတူ ပါဝင်ရိုက်ကူးခဲ့သော ဇာတ်ကားမှာ မြန်မာ့အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် ဝင်းမင်းသန်း
-
ဗီဒီယို ဒါရိုက်တာ၊ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်
-
၈၈၈၈ ချီတက် ဆန္ဒပြပွဲတွင် ဝင်ရောက်ဆင်နွဲခဲ့ပြီး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ရပ်မှ ဆေးရုံတွင် ကုသမှုခံယူနေစဉ် ကျဆုံးခဲ့သော ကျောင်းသူလေး မဝင်းမော်ဦး
- စာရေးဆရာမ မိမိခိုင် [၅]
ပြင်ပလင့်ခ်များ [ပြင်ဆင်ရန်]
- လသာ၂၏ အမှတ်တရ ရုပ်ရှင်
- http://www.facebook.com/pages/BEHS-2-Latha/175197275856187
- http://www.facebook.com/pages/BEHSNo2-Latha/115171425194676
- http://en.wikipedia.org/wiki/Basic_Education_High_School_No._2_Latha
ကိုးကား [ပြင်ဆင်ရန်]
- ↑ http://latha-2.wikispaces.com/
- ↑ ရန်ကုန်တက္ကသိုလ် စိန်ရတု (၁၉၂၀-၁၉၉၅) အထိမ်းအမှတ် စာအုပ်
- ↑ http://en.wikipedia.org/wiki/Basic_Education_High_School_No._2_Latha
- ↑ Hunter, Sir William Wilson (1908). Imperial Gazaetteer of India. 21. Oxford: Clarendon Press. p. 220.
- ↑ http://www.ibiblio.org/obl/docs/MiMiKhaing-Shan.html