အဲလ် ဂျာဇီးယား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အဲလ်ဂျာဇီးယားဆိုသည်မှာအာ​ရေ​ဗျ​ဘာသာ​၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရုပ်​မြင်​သံ​ကြား​လိုင်း​တစ်​ခု ဖြစ်​ပြီး၊ ၎င်းကို ကာတာနိုင်ငံတော်မှ ငွေကြေးထောက်ပံ့ ထုတ်လွှင့်ကာ၊ မိခင်ဌာနမှာ ကာတာနိုင်ငံ၊ ဒို​ဟာ​မြို့​တွင် တည်ရှိသည်။ အဲလ်ဂျာဇီးယား​၏ အဓိပ္ပါယ်​မှာ အာ​ရေ​ဗျ​ဘာသာ​ဖြင့် အာ​ရေ​ဗျ​မှ ကျွန်း ဟု အဓိပ္ပါယ် ရ​ရှိ​လေ​သည်။ အရှေ့​အလယ်​ပိုင်း တွင် တစ်​ခု​တည်း​သော လွတ်လပ်​သည့်​သ​တင်း​ကွန်ရက်​တစ်​ခု ဖြစ်​သော​ကြောင့် ထို​အမည်​ကို ပေး​ခဲ့​ကြ​သည်။ ပထမ​တွင် အာ​ရေ​ဗျ​ဒေသ​တစ်​ခု​အတွင်း​သာ ထုတ်​လွင့်​သော ဂြိုဟ်​တု ရုပ်​သံ​လိုင်း​တစ်​ခု​ဖြစ်​ခဲ့​ပြီး​သည်။ ထို​နောက် အချက်အလက်​ဆိုင်​ရာ​များ၊ အစည်းအဝေး​များ၊ အား​ကစား​များ​နှင့် အင်္ဂလိပ်​ဘာသာ​များ​ဖြင့် ထုတ်​လွှင့်​နေ​သော ရုပ်​သံ​လိုင်း​တစ်​ခု​ဖြစ်လာ​သည်။

မူလ​အယ်လ်​ဂျ​ဇီး​ရ​လိုင်း​တစ်​ခု​တွင်​ပင် အခြား​သတ်​မှတ်ထား​သည့်​အကြောင်းအရာ​များ​အား ထုတ်​လွင့်​သော လိုင်း​များ​စွာ ရှိ​သေး​သည်။ ထို​အရာ​တို့​မှာ အယ်လ်​ဂျ​ဇီး​ရ

သမိုင်း[ပြင်​ဆင်​ရန်​]

ပထမ အယ်လ်​ဂျ​ဇီး​ရ​ရုပ်​သံ​လိုင်း​ကို ၁​၉⁠၉​၆ ခု​နှစ်​တွင် စတင်​တည်ထောင်​ခဲ့​ပြီး ကွာ​တား​နိုင်ငံ​၏​အိမ်ရှေ့မင်း​သား​မှ အမေ​ရိ​ကန်ဒေါ်​လာ သန်း ၁​၅​၀ အကုန်အကျ​ခံ​ခဲ့​သည်။ ၁​၉⁠၉​၆​ခု​နှစ် ဧပြီ​လ​တွင်း အာ​ရေ​ဗျ​ဘာသာ​ဖြင့် ထုတ်​လွှင့်​နေ​သော ဘီ⁠ဘီ​စီ ရုပ်​သံ​လိုင်း​ပိတ်​ခဲ့​သည်။ ဤ​လိုင်း​ကို ကား ဆော်​ဒီ​အာ​ရေ​ဗျ​မှ တစ်​စိတ်​တစ်​ပိုင်း​အား​ဖြင့် ပိုင်ဆိုင်​ခဲ့​သည်။ ထို့​ကြောင့် ဘီ⁠ဘီ​စီ သ​တင်း​ဌာန​မှ ဂျာနယ်​ဆရာ သ​တင်း​ထောင်​များ​သည် အယ်လ်​ဂျ​ဇီး​ရ ရုပ်​သံ​လိုင်း​နှင့် စတင်​လက်​တွဲ လုပ်ကိုင်​လာ​ခဲ့​ကြ​သည်။ ထို့နောက် ၁​၉⁠၉​၆ ခု​နှစ် အကုန်​တွင် စတင်​အသံ​လွှင့်​ခဲ့​ကြ​သည်။ အဘယ့်​ကြောင့်​ဆိုသော် ထို​ဒေသ​တစ်​ဝိုက်​လုံး​တွင် အယ်လ်​ဂျ​ဇီး​ရ ရုပ်​သံ​လိုင်း​သည်​သာ ဂြိုဟ်​တု​မှ​တစ်​ဆင့် ထုတ်​လွင့်​နိုင်​ပြီး၊ ထို​ဒေသ​တစ်​ဝိုက်