အဲလက်စီ မော်ဒါရှော့ဗ်

ဝီကီပီးဒီးယား မှ
အဲလက်စီ မော်ဒါရှော့ဗ်
အဲလက်စီ မော်ဒါရှော့ဗ်
မွေးသက္ကရာဇ် ၂၆ စက်တင်ဘာ ၁၉၆၅

လူမျိုး ရှရှား
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံ
သားသမီး ၄ဦး

အဲလက်စီ မော်ဒါရှော့ဗ် ကို ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Vologda Oblast ရှိ Cherepovets တွင် မွေးဖွားခဲ့သည်။ သူသည် ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်လာသော ရုရှားနိုင်ငံသား စီးပွားရေးနှင့် အသေးစားစက်မှုလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်သည်။ သူသည် ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး သံမဏိကုမ္ပဏီဖြစ်သော Severstal ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပြီး အဓိက ရှယ်ယာရှင်လည်းဖြစ်သည်။ ဗြိတိသျှသတင်းစာတွင် ပေါင် ၃.၁ ဘီလျံဖြင့် ထိုနှစ်အတွင်း သိုလှောင်ကုန်များ၏ ၈၀% ကို ဆုံးရှုံးခဲ့သဖြင့် ရုရှားတွင် အလုပ်ပေါင်း ၉ ခု ကို ကုမ္ပဏီမှ လျှော့ချရပ်စဲလိုက်ရသည်။

ပညာအရည်အချင်း[ပြင်ဆင်ရန်]

မော်ဒါရှော့ဗ် သည် Leningrad စက်မှုစီးပွားရေးကောလိပ်မှ ဘွဲ့ရတစ်ဦးဖြစ်သည်။ ဘွဲ့ရပြီးနောက် ၁၉၈၈ ခုနှစ်တွင် Cherepovetskiy Metallurgical Plant ၌ စီးပွားရေးပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၂၀၀၁ ခုနှစ်တွင် Tyne Newcalstle ရှိ Northumbria တက္ကသိုလ်တွင် MBA ဘွဲ့ရခဲ့သည်။

အသက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]

သူသည် သံမဏိစက်ရုံတစ်ရုံ၏ ဘဏ္ဍာရေး ဒါရိုက်တာအဖြစ် အသက်မွေးဝမ်းကြောင်းကိုစတင်ခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူနိုင်သဖြင့် အထွေထွေဒါရိုက်တာဖြစ်လာခဲ့သည်။ သူသည် အကျိုးစပ်လုပ်ငန်းများ၊ Severstal၊ ကျောက်မီးသွေးကုမ္ပဏီများ၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ ကော်ပိုရေးရှင်းကြီးကို တည်ဆောက်ခဲ့သည်။

Severstal[ပြင်ဆင်ရန်]

ရုရှားနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Severstal (RTS:CHMF MICEX:CHMF), ရုရှားဘာသာဖြင့်: Северсталь, "တောင်ပိုင်းသားစတီးလ်" သည် သံမဏိနှင့် သတ္တုစက်ရုံလုပ်ငန်းကို အဓိက လုပ်ဆောင်သည်။ မြောက်ပိုင်းမြို့တော်ဖြစ်သော Cherepovets ၏ ဗဟိုတွင် Evraz Group နောက်ပိုင်း RTS နှင့် LSE သည် ရုရှား၏ ဒုတိယအကြီးဆုံး သံမဏိ ကုမ္ပဏီဖြစ်သည်။ Cherepovets Steel Plant အပါအဝင် စက်ရုံ၏ အဓိက သံမဏိထုတ်လုပ်မှုသည် ရုရှားအနောက်မြောက်ပိုင်း မော်စကိုမှ ခန့်မှန်းချေ ကီလိုမီတာ ၆၀၀ (မိုင် ၃၇၀ စက်ရုံသည် Kolpino တွင် လေးလံသော သံချပ်ကာသုံးပစ္စည်းစက်ရုံ ၅၀၀၀ နှင့် ထုထည်ကြီးမားသော ပိုက်စက်ဖုံးစက်ရုံဖြစ်သည့် Izhorsky ပိုက်စက်ရုံများလည်း လုပ်ဆောင်သည်။ Severstal သံမဏိလုပ်ငန်းတွင် ရုရှားရှိလူပေါင်း ၅သောင်း ၃ ထောင်ကျော် အလုပ်လုပ်ကြသည်။


လူမှုရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

တစ်ဦးထဲဖြစ်စေ Severstal အနေဖြင့် ဖြစ်စေ Aleei Mordashov သည် ပရဟိတနှင့် ချို့တဲ့ဆင်းရဲသူများကို ကူညီသောလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ကူညီခဲ့သည်။ Severstal လုပ်ငန်းစုအနေအားဖြင့် the Bolshoi ပြဇာတ်ရုံ; Mariinsky ပြဇာတ်ရုံ; Tretyakov အနုပညာပြခန်း; ရုရှားပြတိုက်; Dionisius ၏ Frescoes ပြတိုက်; Sergei Andriaka ရေဆေးပန်းချီကျောင်း; မော်စကို နိုင်ငံတကာရုပ်ရှင်ပွဲတော်; အိမ်ခြေမဲ့ကလေးများအတွက် Road Back Home အလှူပွဲ; "Severstal Cherepovets" ရေခဲဟော်ကီအသင်းပြိုင်ပွဲများ; Dynamo (Moscow) အမျိုးသမီးဘော်လီဘော ကလပ်; ရုရှားအမျိုးသား စစ်တုရင်အသင်းတို့ကို စပွန်ဆာထောက်ပံ့ပေးခဲ့သည့်အပြင် အားကစားရုံများ၊ ရေခဲကွင်းများ၊ ဘောလုံးလေ့ကျင့်ရေးကွင်းများနှင့် အားကစားခန်းမများအပါအဝင် ရုရှားအားကစား ထောက်ပံ့မှု ၂၀ ကျော်ကို ကူညီပေးခဲ့သည်။ တစ်ဦးချင်းအနေဖြင့် Bolshoi ပြဇာတ်ရုံလှူဒါန်းမှုဘုတ်၊ Valaam ဘုန်းကြီးကျောင်း ထိန်းသိမ်းရေး ကောင်စီတို့ကို လုပ်ဆောင်သည်။

စွပ်စွဲခြင်းများ[ပြင်ဆင်ရန်]

၂ဝဝ၄ခုနှစ် Forbes မဂ္ဂဇင်း၏ သတင်းထောက် Paul Klebnikov က မဂ္ဂဇင်း ဆောင်းပါးတစ်ခုတွင် Mordashov က သူ့ယခင်အထက်လူကြီး၏ ပိုင်ဆိုင်မှုများကို ရယူခဲ့သည်ဟု တစေ့တစောင်းရေးသား ဖော်ပြခဲ့သည်။ Klebnikov က Mordashov သည် ကုမ္ပဏီ၏ သံမဏိအမြတ်ငွေများကို သုံး၍ ဝန်ထမ်းများ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်ဟုလည်း စွပ်စွဲပြန်သည်။ Mordashov က ယင်းဆောင်းပါးမှာပင် "ကျွန်တော်တို့ ဘယ်တော့မှ အခွင့်အရေးမယူဘူး၊ ဘယ်သူ့ကိုမှ မလှည့်စားဘူး၊ ဘယ်တော့မှ အများပိုင်ပစ္စည်းကို မသုံးဘူး၊ အကျင့်မပျက်ဘူး"ဟု အခိုင်အမာပြောခဲ့သည်။


ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

သူ၏ ပထမဇနီးနှင့် ကွာရှင်းပြီးသည့်နောက်တွင် သူသည် ကြွယ်ဝသော်လည်း ကွာရှင်းမှုအတွက် လျော်ကြေးငွေတစ်စုံတရာ မပေးဟု စွပ်စွဲခြင်းခံရပြန်သည်။ သူမကို ငှားရမ်းထားသော အခန်းကျဉ်းလေးတစ်ခုနှင့် တပတ်ရစ် Lada သာ ပေးခဲ့သည်ဟု ဖော်ပြကြသည်။ ထိုစဉ်ကတည်းက သူသည် နောက်အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၄ ဦးရှိသည်။