အဲရစ် (ဂြိုလ်သိမ်ဂြိုလ်မွှား)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Wiki letter w.svg ဒီဆောင်းပါးရဲ့ တစ်စိတ်တစ်ဒေသ သို့ တစ်ခုလုံးကို ဘာသာပြန်ဖို့လိုအပ်နေပါတယ်။ သင်က ကူညီဘာသာပြန် ရေးသားပေးခြင်းဖြင့် ဝီကီပိဒိယကို ကူညီပေးပါ။
ပလူတိုနှင့် နှိုင်းယှဉ်ပြထားသော အဲရစ်၏ အရွယ်ပမာဏ, 2005 FY9, 2003 EL61, Sedna, Orcus, Quaoar, Varuna, နှင့် ကမ္ဘာဂြိုဟ်.

အဲရစ် (အင်္ဂလိပ်:136199 Eris ယခင်အခေါ်အဝေါ် "2003 UB 313") သည် နေအဖွဲ့အစည်းအတွင်းတွင် ရှိပြီး နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းအပြင်ဖက်မှ သွားလာနေသော (trans-Neptunian object or TNO) ဂြိုဟ်သိမ်ဂြိုလ်မွှားတစ်ခုဖြစ်သည်။ အဲရစ်သည် ယခုအထိရှာဖွေတွေ့ရှိသမျှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုဟ်ထက်ပင် ကြီးမားသည်။ အဲရစ်ကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် မိုက်ကယ်အီးဘရောင်း (Michael E. Brown)၊ ချဒ်ထရူဂျေလို (Chad Trujillo) နှင့် ဒေးဗစ်ရာဗင်နိုဝစ် (David Rabinowitz) တို့မှ ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နေအဖွဲ့အစည်း၏ ပြင်ပသို့ ရိုက်ကူးထားသော ပုံအဟောင်းများကို သေချာစွာကြည့်ရှုရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီးသော အချိန်တွင် အဲရစ်အား ဇီနာ(Xena)ဟုသာ တရားဝင်မဟုတ်သော အမည်နှင့် ညွှန်းဆိုခေါ်ဝေါ်ကြသည်။ တယ်လီဗီးရှင်း ဇာတ်လမ်းတွဲ စစ်မင်းသား ဇီနာ(Xena: Warrior Princess) မှ အဓိကဇာတ်ကောင်၏ အမည်ကိုပေးခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၃ရက်တွင် ဂရိဒဏ္ဍာရီမှ နတ်ဘုရား၏အမည်ကို ယူ၍ အဲရစ်ဟု တရားဝင်အမည်ပေးခဲ့သည်။

အဲရစ်တွင် ဒစ်စ်နိုမီယာ(Dysnomia)(ယခင်အခေါ်အဝေါ် "2003 UB 313") အမည်ရှိသော ဂြိုဟ်ရံလ ၁စင်းရှိပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၀ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒစ်စ်နိုမီယာတွင် ဂါဘရီယယ်(Gabrielle) ဟူသော နာမည်ပြောင်တစ်ခုရှိပြီး ဇီနာဇာတ်လမ်းတွဲထဲမှ အခြားဇာတ်ကောင်တစ်ကောင်၏ အမည်ဖြစ်သည်။ ဒစ်နိုမီယာ ဆိုသော အမည်မှာ ဂရိဒဏ္ဍာရီထဲမှ အဲရစ်၏ သမီးတော်၏အမည်ဖြစ်သည်။ အဲရစ်နှင့် ဒစ်စ်နိုမီယာကို ဇီနာနှင့် ဂါဘရီယယ် ဟူ၍ အမည်မပေးနိုင်သည့် အကြောင်းမှာ နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းကြောင်းအပြင်ဖက်တွင် လှည့်ပတ်နေသမျှသော အရာဝတ္ထုတို့ကို ဖန်တီးမှုဒဏ္ဍာရီနှင့် သက်ဆိုင်သော အမည်ပေးရမည် ဟူသည့် ဥပဒေသရှိသောကြောင့်ဖြစ်သည်။

အစကနဦး သတင်းများတွင် အဲရစ်အား ၁၀ ခုမြောက်ဂြိုဟ်အဖြစ် တင်ပြကြပြီး နာဆာ(NASA) မှ အချို့သော နက္ခတ္တဗေဒ ပညာရှင်နှင့် သိပ္ပံပညာရှင်တို့က ထိအယူအဆကို ထောက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော်အဲရစ်သည် ပလူတိုထက်ပို၍ကြီးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဲရစ်ကို မည်သည့်အခါကမှ ဂြိုဟ်အဖြစ် တရားဝင်သတ်မှတ်ခြင်းမရှိခဲ့ပေ။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဂြိုဟ်ဟူသော ဝေါဟာရကို ပြန်လည်သတ်မှတ် ပြီးသည့် အချိန်တွင် အဲရစ်အား ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစား အသစ်တွင် ထည့်သွင်းခဲ့သည်။

ယနေ့တွင် သိပ္ပံပညာရှင်တို့သည် အဲရစ်နှင့် သူ၏ ဂြိုဟ်ရံလ ဒစ်စ်နိုမီယာတို့၏ အကြောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လများ သို့မဟုတ် ခါးပတ်များ ဆက်လက်ရှိမရှိကိုလည်း ရှာဖွေနေကြသည်။

အဲရစ်ကို သူ၏ ပတ်လမ်းကြောင်းမှ မြင်ရပုံ
အဲရစ်၏ နေပတ်လမ်းကြောင်း

Eris is a scattered disk object, as it is found within the Kuiper belt region of the solar system, and it is beyond Pluto's orbit. It is also called a "pluton", because its size, orbit, and location is similar to Pluto.

Eris orbits around the Sun for 557 Earth years, and today it is located furthest away from the Sun. It has an elliptical orbit, meaning it is not circular in shape, and it is tilted at an angle of 44 degrees. Eris is 2400 kilometres in diameter, slightly bigger than Pluto.

See also[ပြင်​ဆင်​ရန်​]