အောင်ဝေး

ဝီကီပီးဒီးယား မှ

အောင်သက်ထူး

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

၁၉၅၄ ခု၊ ဇူလိုင် ၂၃ ရက်တွင် ညောင်လေးပင်မြို့တွင် အဖ တပ်ကြပ်ကြီး အေးမောင် (ငြိမ်း)၊ အမိ ဒေါ်ကြည်တို့ မွေးဖွားသည်။

၁၉၆ဝ - ၁၉၇၂ ပုသိမ်မြို့ ဘီဘီအမ်ကျောင်း (နောက် အထက - ၃) တွင် အခြေခံပညာ အထက်တန်းထိ သင်ယူခဲ့သည်။ ၁၉၇၃ - ၁၉၇၆ ပုသိမ်ကောလိပ်၊ ၁၉ဝဝ - ဝ၁ တက္ကသိုလ် စာပေးစာယူ သင်တန်း၊ ၁၉၈၂ ရန်ကုန် တက္ကသိုလ် မဟာဝိဇ္ဇာ နောက်ဆုံးတန်း (မြန်မာစာ) တက်ခဲ့သည်။

စာပေရေးရာ[ပြင်ဆင်ရန်]

၁၉၈၂ တွင် မိုးဝေနှင့် ရူမဝ မဂ္ဂဇင်းများမှ တဆင့် စာပေလောကသို့ ဝင်ခဲ့သည်။ ၁၉၈၈ တွင် ဆရာ နတ်နွယ်နှင့် တွဲ၍ နွယ်နီ မဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၉၉ - ၂ဝဝဝ ရနံ့သစ်၊ မိုး၊ မုခတို့တွင် အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

၁၉၈၁ တွင် ဒေါ်ခင်ဆွေရီနှင့် အိမ်ထောင်ကျသည်။ လရောင်ဝေး၊ လပြည့်ဝေး၊ လမင်းဝေး သားသုံးယောက် ထွန်းကားခဲ့သည်။

စာပေဆု[ပြင်ဆင်ရန်]

၁၉၉၈ ခုတွင် ဖြူးမိတ်ဆွေများ စာကြည့်အသင်း ကဗျာဆု ရရှိသည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

စာပေနှင့် နိုင်ငံရေး ယုံကြည်ချက်များ၊ လွတ်လပ်ခွင့်များအတွက် ၎င်း၏ လှုပ်ရှားမှုများကြောင့် ၁၉၇၆ မှ ၁၉၇၉၊ ၁၉၈၈ နှင့် ၁၉၈၉-၉၁ နှစ်များတွင် အာဏာရှင်တို့က ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသည်။

ပြည်ပသို့ ရောက်ရှိခြင်း[ပြင်ဆင်ရန်]

၂ဝဝ၇ ခုနှစ်၊ သံဃာတော် အရှင်သူမြတ်များ ဦးဆောင်သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင် ထောက်ခံ အားပေးခဲ့သဖြင့် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိသဖြင့် ယခုအခါ အမေရိကားမှာ နေထိုင်နေရင်း ပြည်ပမှာ ထုတ်ဝေနေတဲ့ စာစောင်များနှင့် မြန်မာပိုင်း ရေဒီယို အသံလွှင့် အစီအစဉ်များတွင် စာပေရေးရာနှင့် နိုင်ငံရေးရာ ဆောင်းပါးများ ရေးသားလျက် ရှိသည်။

မိုးမခ စာနယ်ဇင်းအဖွဲ့၏ ပင်တိုင် စာရေးဆရာတဦးအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။