အောင်ပွင့်၊ မောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကဗျာဆရာမောင်အောင်ပွင့်သည် သူ၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပုသိမ်ထောင် (၁၉၆၇-၆၈)၊ အင်းစိန် ထောင် (၁၉၇၈-၈၀)၊ တံတားဦးရဲစခန်းအချုပ် (၁၉၉၇)၊ အင်းစိန်ထောင်နှင့် သာယာဝတီထောင် (၁၉၉၉- ၂၀ဝ၅) တို့တွင် ကျခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် အလွမ်းပင်တော၊ အခြားကဗျာဆရာနှစ်ဦးနှင့် တွဲဖက်၍ ဝါ ကျင့်ကျင့်နေ့ခင်းရှည်၊ ၁၉၉၅ ခုနှစ်တွင် ကောင်းကင်တော်တမ်းချင်း၊ ၁၉၉၆ ခုနှစ်တွင် ကဗျာဆရာ ၄ ဦး ပါဝင်ရေးသားသည့် ဧကစာမီးခိုးများကို ထုတ်ဝေဖြန့်ချိခဲ့သည်။

ကဗျာဆရာမောင်အောင်ပွင့်သည့် ၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မ တီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ကို ရရှိခဲ့သည်။


  • ၂၀၁၂-ခု ဆဋ္ဌမ အကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် ငြိမ်းချမ်းရေးညစာ အမည်ဖြင့် ကဗျာပေါင်းချုပ်ဆု ရရှိခဲ့သည်။