အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်မြောက်ရေး ရံပုံငွေ

ဝီကီပီးဒီးယား မှ


အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်မြောက်ရေး ရန်ပုံငွေကို နော်ဝေအခြေစိုက် အစိုးရမဟုတ်သည့် Partnership For Change အဖွဲ့၊ နော်ဝေ မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်သည့် HippieMedia ၊ နော်ဝေဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘိုနဗစ်နှင့် နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းတို့ ပါဝင်ထူထောင်ခဲ့ကြသည်။ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်ခဲ့ပြီးနောက် ဒေါ်စုမှ လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့၌ အော်စလိုမြို့တွင် ရန်ပုံငွေအမေရိကန် ဒေါ်လာ ၁ သန်းနှင့် စတင် မတည်ခဲ့သည်။