အောက်တိုဘာ ၂၀၁၁
Wikipedia မှ
| ၂၀၁၁ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
|
|
|||||||||
|---|---|---|---|---|---|---|---|---|---|
| ၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
| ၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
| ၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
| ၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
| ၂၉ | ၃၀ | ၃၁ | |||||||
မာတိကာ |
(၁) ရက်။ [ပြင်ဆင်ရန်]
-
-
- ကုလသမဂ္ဂက ထုတ်ပြန် ချက်အရ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) အထိ ရှိပြီဟု ဆိုသည်။
- မြစ်ဆုံဆည် တည်ဆောက်မှု စီမံကိန်း ရပ်တန့်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် ပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအား ပြောကြားသည်။ [၁][၂]
- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် 'ဝ'အထူးဒေသ (၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပထမအကြိမ် ငြိမ်းချမ်းရေးကိစ္စများ ညှိုနှိုင်းဆွေးနွေး။ 'ဝ' အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ တိုင်းပြည်ပြိုကွဲအောင် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်ဆက်လက်ထိန်းသိမ်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးရှောက်မိန်လင့် က ပြောကြားခဲ့။[၃]
-
(၃)ရက် [ပြင်ဆင်ရန်]
-
-
- အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် အကြောင်းအရာ လေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ။ [၄]
-
(၄)ရက်။ [ပြင်ဆင်ရန်]
-
-
- ဆီးရီးယားနိုင်ငံတွင် အစိုးရအား ဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွင် ဆီးရီးယားနိုင်ငံအား အရေးယူရန် မဲခွဲဆုံးဖြတ်ကြရာ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဗီတိုအာဏာ သုံး၍ ပယ်ချလိုက်သည်။ [၅]
- ဆောလ် ပါးလ် မွတ်တား (Saul Perlmutter)၊ ဘရိုင်ယန် ပီ ရှမစ် (Brian P. Schmidt) နှင့် အဒမ် ရိုက်ယက်စ် (Adam Riess) တို့သည် စကြာဝဠာကြီး၏ ပြန့်ကားခြင်း နှင့်ဆိုင်သော ရူပဗေဒ စူးစမ်းတွေ့ရှိမှုအတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ကို ပူးတွဲ ရရှိကြသည်။ [၆]
-
(၅)ရက်။ [ပြင်ဆင်ရန်]
(၆)ရက်။ [ပြင်ဆင်ရန်]
-
-
- ဆွီဒင်လူမျိုး ကဗျာဆရာ ထောမတ်စ် ထရန်စထရောမား သည် ၂၀၁၁ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ကို ရရှိသွားသည်။ (Nobel Foundation) [၉]
-
(၇)ရက်။ [ပြင်ဆင်ရန်]
-
-
- လိုင်ဘေးရီးယား သမ္မတ အယ်လင် ဂျွန်ဆင် ဆာလိဖ် (Ellen Johnson-Sirleaf)၊ လိုင်ဘေးရီးယား တက်ကြွလှုပ်ရှားသူ လေမာ ဂဘော့ဝီး (Leymah Gbowee) နှင့် ယီမင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ တဝါ့ကူလ် ကာမန် တို့သည် ၂၀၁၁ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ပူးတွဲဆွတ်ခူးရရှိသွားကြသည်။ (AFP via Google News) [၁၀]
-
(၁၁)ရက်။ [ပြင်ဆင်ရန်]
-
-
- ဟားမားစ်တို့၏ ၅ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသော အစ္စရေး စစ်သား ဂျီလတ် ရှလစ် အား ပြန်လည် ရယူနိုင်ရန်အတွက် အစ္စရေးအကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချထားသော ပါလက်စတိုင်း အကျဉ်းသား တစ်ထောင်ကျော် နှင့် အလဲအလှယ် ပြုလုပ်ရန် အစ္စရေး ကက်ဘိနက် မှ သဘောတူ ခွင့်ပြုလိုက်သည်။ (Xinhuanet) [၁၁]
- ရုရှားနိုင်ငံ နှင့် ဓာတ်ငွေ့ အရောင်းအဝယ် ပြုလုပ်ရာတွင် အာဏာအလွဲသုံးစားမှု အတွက် ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှင်ကို (Yulia Tymoshenko) တရားရုံးမှ ထောင်ဒဏ် (၇) နှစ်ချမှတ်လိုက်သည်။ (BBC) [၁၂]
- တရုတ်နိုင်ငံသား သင်္ဘောသား (၁၂)ဦး၏ ရုပ်အလောင်းများကို မဲခေါင်မြစ်အတွင်း မျောပါလာသော သင်္ဘောပေါ်မှ ထိုင်းလုံခြုံရေးများက တွေ့ရှိသည်။ (Xinhua) [၁၃]
-
(၁၂) ရက်။ [ပြင်ဆင်ရန်]
-
-
- နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု၊ မြစ်ကြီးနား အကျဉ်းထောင်မှ ဇာဂနာ ပြန်လည်လွတ်လာ။
- အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းသည်။
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးထွက်ခွာ။
-
(၁၃)ရက်။ [ပြင်ဆင်ရန်]
-
-
- ဘူတန်ဘုရင် ဂျစ်မီ ခီဆာ နမ်ဂျယ်လ် ဝမ်ချပ်ခ် (Jigme Khesar Namgyal Wangchuck) သည် အသက် ၂၁-နှစ်အရွယ်ရှိ ကောလိပ်ကျောင်းသူလေး ဂျစ်ဆွန် ပီမာ (Jetsun Pema) နှင့် လက်ထပ်သည်။ (AP via MSNBC) [၁၄]
- မဲခေါင်မြစ်ရေကြီးမှုကြောင့် ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၄၃ ယောက် သေဆုံးပြီး လူဦးရေ ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ [၁၅]
-
(၁၄) ရက်။ [ပြင်ဆင်ရန်]
-
-
- ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးရတနာလေးကို ဝိတိုရိယအထွေထွေ ရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။
-
(၁၆)ရက်။ [ပြင်ဆင်ရန်]
-
-
- အသက် (၁၀၀)နှစ် ရှိပြီဖြစ်သော ဗြိတိသျှနိုင်ငံသား အိန္ဒိယလူမျိုး ဖော်ဂျာဆင်း (Fauja Singh) အား ဂင်းနစ်စ် စံချိန်မှတ်တမ်းအဖွဲ့မှ မာရသွန်အပြေးပြိုင်ပွဲကို ပြီးဆုံးအောင် ပြေးသော အသက်အကြီးဆုံး အပြေးသမား အဖြစ် မှတ်တမ်းတင်လိုက်သည်။ (The Tribune) [၁၆]
-
(၁၈)ရက်။ [ပြင်ဆင်ရန်]
-
-
- အစ္စရေး နှင့် ပါလက်စတိုင်းတို့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ် ပထမအဆင့်အရ ၁၀၂၇ အနက်အချို့ကို စတင်လဲလှယ်ပေးနေပြီ ဖြစ်သည်။ ယင်းတို့အနက် ၂၈၀ ကျော်မှာ သေဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်။ [၁၇]
-
(၁၉)ရက်။ [ပြင်ဆင်ရန်]
-
-
- တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် နှင့် ဂျပန် ဝန်ကြီးချပ်သစ် ယိုရှီဟီကို နိုဒါ တို့ ဆိုးလ်မြို့ တွင် တွေ့ဆုံသည်။ [၁၈]
-
(၂၀) ရက်။ [ပြင်ဆင်ရန်]
-
-
- လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) သေဆုံး။
-
(၂၁)ရက်။ [ပြင်ဆင်ရန်]
(၂၂) ရက်။ [ပြင်ဆင်ရန်]
-
-
- ကဗျာဆရာ ကြည်မောင်သန်းကွယ်လွန်။
- ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား ဘင် အဗ္ဗဒူလာ အယ်လ်ဆော့ သေဆုံးသည်။ [၂၁]
-
(၂၃) ရက်။ [ပြင်ဆင်ရန်]
-
-
- တူရကီနိုင်ငံအရှေ့ပိုင်း၊ ဗန်းမြို့အနီးတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့၊ [၂၂]
- တူနီးရှား၊ ဘူလ်ဂေးရီးယား၊ အာဂျင်တီးနား နှင့် ဆွစ်ဇာလန် တို့တွင် ရွေးကောက်ပွဲများကျင်းပသည်။
-
(၂၆)ရက်။ [ပြင်ဆင်ရန်]
-
-
- ဂျပန်လေကြောင်းလိုင်း All Nippon Airways မှ ဘိုးအင်း-၇၈၇ လေယာဉ်များကို ပထမဆုံး အသုံးပြု၍ တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ကြား ခရီးသည်တင်ပြေးဆွဲ။ [၂၃]
-
(၂၇)ရက်။ [ပြင်ဆင်ရန်]
(၂၈)ရက်။ [ပြင်ဆင်ရန်]
-
-
- ထိုင်းတပ်မတော်မှ စစ်သား (၉) ယောက်အား မဲခေါင်မြစ်တွင်း တရုတ်သင်္ဘောသားများ အသတ်ခံမှု အတွက် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။ [၂၇]
-
(၃၀)ရက်။ [ပြင်ဆင်ရန်]
-
-
- ကိုလံဘီယာ၊ ဘူလ်ဂေးရီးယားနှင့် ကာဇက်စတန်နိုင်ငံတို့တွင် ရွေးကောက်ပွဲများ ကျင်းပသည်။
-
(၃၁)ရက်။ [ပြင်ဆင်ရန်]
-
-
- ယူနက်စကိုအဖွဲ့ သည် ပါလက်စတိုင်းနိုင်ငံအား ကုလသမဂ္ဂ တင်းပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ် ပြုရေးကိစ္စတွင် ထောက်ခံသော ပထမဆုံး အဖွဲ့အစည်း ဖြစ်လာသည်။ ယင်းသို့ထောက်ခံမှုအတွက် အမေရိကန်မှ အချိုးကျထည့်ဝင်ငွေများကို ရုတ်သိမ်းသည်။ [၂၈]
- ကုလသမဂ္ဂ လူဦးရေ ဌာနခွဲမှ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာသည်။ [၂၉]
-
ကိုးကား [ပြင်ဆင်ရန်]
- ↑ http://www.reuters.com/article/2011/10/01/us-china-myanmar-dam-idUSTRE7900N120111001
- ↑ http://www.fmprc.gov.cn/eng/xwfw/s2510/t864761.htm
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10373:2011-10-03-12-59-10&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10337:2011-09-30-11-02-36&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.aljazeera.com/news/middleeast/2011/10/2011104223132792190.html
- ↑ http://www.guardian.co.uk/science/blog/2011/oct/04/nobel-prize-physics?newsfeed=true
- ↑ http://www.marketwatch.com/story/statement-by-apples-board-of-directors-2011-10-05
- ↑ http://www.thestar.com/news/world/article/1064815--israeli-scientist-wins-nobel-in-chemistry-for-discovery-of-quasicrystals?bn=1
- ↑ http://www.nobelprize.org/nobel_prizes/literature/laureates/2011/press.html
- ↑ http://www.google.com/hostednews/afp/article/ALeqM5gFaNuaD_gbWNTkSQclEQ-gBLV0CQ?docId=CNG.d582ad27d24eac3e195c90f1d6b69e00.221
- ↑ http://news.xinhuanet.com/english2010/world/2011-10/12/c_131185670.htm
- ↑ http://www.bbc.co.uk/news/world-europe-15250742
- ↑ http://news.xinhuanet.com/english2010/china/2011-10/11/c_131185545.htm
- ↑ http://www.msnbc.msn.com/id/44885097/ns/world_news-south_and_central_asia/?ocid=twitter
- ↑ http://www.washingtonpost.com/world/asia-pacific/death-toll-jumps-to-43-in-vietnams-worst-seasonal-floods-in-a-decade/2011/10/12/gIQAtALUgL_story.html
- ↑ http://www.tribuneindia.com/2011/20111018/main6.htm
- ↑ http://www.cnn.com/2011/10/18/world/meast/israel-prisoner-swap/index.html?hpt=hp_t1
- ↑ http://english.yonhapnews.co.kr/news/2011/10/19/0200000000AEN20111019003600315.HTML
- ↑ http://www.guardian.co.uk/business/feedarticle/9906380
- ↑ http://www.cbsnews.com/8301-503544_162-20123800-503544/obama-announces-end-of-iraq-war-troops-to-return-home-by-year-end/
- ↑ http://edition.cnn.com/2011/10/22/world/meast/saudi-arabia-prince-dead/index.html?hpt=hp_t2
- ↑ http://www.cnnturk.com/2011/turkiye/10/23/cok.sayida.bina.yikildi/634159.0/index.html
- ↑ http://www.bbc.co.uk/news/business-15456696
- ↑ http://www.bbc.co.uk/news/world-africa-15481143
- ↑ http://www.seattlepi.com/news/article/Turkey-quake-death-toll-rises-to-523-2238518.php
- ↑ http://www.nytimes.com/2011/10/27/world/europe/irish-election-portends-signs-of-reconciliation.html
- ↑ http://news.xinhuanet.com/english2010/world/2011-10/28/c_122211356.htm
- ↑ http://www.cbsnews.com/8301-202_162-20128358/u.s-cuts-unesco-funding-after-palestinian-vote/
- ↑ http://www.latimes.com/news/nationworld/world/la-fg-seven-billionth-baby-20111031,0,455314.story