အောက်စဖို့ တက္ကသိုလ်
| University of Oxford | |
University of Oxford seal |
|
| ဆောင်ပုဒ် | Dominus Illuminatio Mea (Latin) |
|---|---|
| Motto in English | The Lord is my Light |
| တည်ထောင်သည့်နှစ် | Unknown, teaching existed since 1096 |
| အမျိုးအစား | ပြည်သူပိုင် |
| အလှူငွေ | £3.0 billion (inc. colleges) |
| အဓိပတိ | The Rt. Hon. Lord Patten of Barnes |
| ဒု-အဓိပတိ | Andrew Hamilton |
| ကျောင်းသား | 20,330 |
| တက္ကသိုလ်တန်း | 11,766 |
| မဟာတန်း | 8,701 |
| အခြား | 461 |
| တည်နေရာ | အောက်စဖို့၊ အင်္ဂလန်၊ ယူကေ |
| ပါဝင်သည့် အဖွဲ့အစည်း | IARU Russell Group Coimbra Group Europaeum EUA LERU |
| ဝက်ဘ်ဆိုက် | www.ox.ac.uk |
အောက်စဖို့တက္ကသိုလ်သည် တက္ကသိုလ်တစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း ရှိ အောက်စဖို့မြို့တွင် တည်ရှိသည်။ အင်္ဂလိပ်ဘာသာသည် ပြည်သူတို့၏ ပထမဘာသာဖြစ်သည့်နိုင်ငံများ၏ အအိုဟောင်းဆုံးသော တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်ကြီးသည် ကောလိပ်ပေါင်း ၃၈ ခုနှစ်ပါရှိပြီး ပုဂ္ဂလိကပိုင် ဟောပြောခန်း ၆ ခုရှိပါသည်။ ဖော်ပြပါအဆောက်အဦးများတွင် ၎င်းတို့၏ ကိုယ်ပိုင်အဆောက်အဦးများရှိ၍ ကိုယ်ပိုင်ဝန်ထမ်းများလည်းထားရှိကြသည်။ ထိုအချင်းအရာသည် တက္ကသိုလ်ပရိဝုဏ်တစ်ခုတွင် နေကြရသည့် အခြားခေတ်သစ် တက္ကသိုလ်များနှင့် အောက်စဖို့တက္ကသိုလ်၏ အတော်ကြီး ခြားနားသည့် အချက်ပင်ဖြစ်သည်။ အောက်စဖို့တွင် တက္ကသိုလ် ပရိဝုဏ်မရှိချေ၊ သို့သော် ၎င်းတွင် ဗဟိုဌာနအချို့ရှိပြီး ထိုဗဟိုဌာနနေရာများကို အခြားကောလိပ်များမှ ကျောင်းသားများအတူလာရောက်နိုင်သည် သို့မဟုတ် လေ့လာနိုင်သည့်ပြင် ၎င်းတို့ချင်းလည်း ဆက်သွယ်နိုင်ပါသည်။(ဥပမာအနေဖြင့် အောက်စဖို့ ယူနီယမ်)