အေဝက်စလေယာဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အေဝက်စလေယာဉ်။ ။ ခေတ်မီကင်းထောက် ရေဒါလေယာဉ်ဖြစ်သည်။ အင်္ဂလိပ် အက0x034ရာ အတိုကောက် အေ၊ ဒဗလျူ၊ အေ၊ စ၊ီ အက်စ ဖြစ်၍ ဝေဟင်မှ 0x100ကိုတင်သတိပေး ထိန်းချုပ်ရေးစနစ်သုံး လေယာဉ် ဟူ၍ အဓိပ0x053ာယ်ရသည်။

အမေရိကန်ပြည်ထောင်စု ဘိုအင်းကုမ0x053ဏီမှ ထုတ်လုပ်ပြီး တီအက်ဖ ၃၃ အင်ဂျင်လေးလုံးတပ်ဆင်ထားသည်။ လေယာဉ် အမြင့် ၄၂ ပေ၊ အလျား ၁၂၅ ပေနှင့် တောင်ပံတစ်ဘက်စွန်းမှ တစ်ဘက်စွန်း ၁၄၅ ပေ ရှိသည်။ ယာဉ်၏အလေးချိန်သက် သက် ၁၇၂ဝဝဝ ပေါင်ရှိသည်။ အများဆုံးဝန်ချိန် ၃၂၅ဝဝဝ ပေါင်ဖြင့် ပျံသန်းနိုင်သည်။ အမြင့်ပျံတနာရီမိုင် ၆ဝဝ နှုန်းခန့်၊ အနိမ့်ပျံတစ်နာရီမိုင် ၃ဝဝ နှုန်းခန့် ပျံသန်းနိုင်သည်။ ပုံမှန် အားဖြင့် အမြင့်ပေ ၄ဝဝဝဝ အထက်မှနေ၍ ပျံသန်းထောက် လှမ်းနိုင်သည်။ ဆီထပ်မံဖြည့် တင်းခြင်းမပြုရပဲ ၁၂ နာရီ တောက်လျှောက် ပျံသန်းနိုင်သည်။

အေဝက်စလေယာဉ် ထုတ်လုပ်ရေး စီမံချက်ကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သည်။ အေဝက်စသည် အခြေခံအားဖြင့် အမှတ် ၇ဝ၇-၃၂ဝ ဘီ ဘိုးအင်းလေယာဉ်ကို အီး-၃ အေ ကင်းထောက်လေယာဉ်အဖြစ် ပုံစံပြောင်းထားခြင်းဖြစ်သည်။ ယင်းကို ၁၉၇၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စမ်းသပ်ပျံသန်းခဲ့သည်။ ယခုအခါနေတိုးစစ်စာချုပ်ဝင် နိုင်ငံ များတွင် ၁၈ စင်းနှင့် အမေရိကန်လေတပ်တွင် ၃၄ စင်းရှိ သည်။

အေဝက်လေယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်းမရှိချေ။ သို့သော် အဆင့်မြင့်ရေဒါများနှင့် ဆန်းပြား သောအီလက် ထရွန်းနစ် ထောက်လှမ်းရေး ပစ0x038ည်းကိရိယာမျိုးစုံကို တပ်ဆင် ထားသည်။ လေယာဉ်ကိုယ်ထည်၏ နောက်ပိုင်းအပေါ်ဘက်တွင် အချင်းဝက် ပေ ၃ဝ နှင့်အထူခြောက်ပေရှိသော သံပုရာခြမ်း လိပ်ခုံး0x100ကီး ရှိသည်။ ယင်းလိပ်ခုံးအတွင်းတွင် အကျယ် ၂၄ ပေ၊ အမြင့် ၅ ပေရှိပြီး တစ်မိနစ်လျှင် ခြောက်0x100ကိမ်ကျ လည် ပတ်နေသော သတင်းဖမ်းယူထုတ်လွှင့်သည့် ရေဒါနှင့် ကွန်ပျူ တာကိရိယာများ တပ်ဆင်ထားသည့်အပြင် အထူးခေတ်မှီသည့် ဘက်စုံထောက်လှမ်းရေး ကိရိယာများလည်း တပ်ဆင်ထား သည်။

အေဝက်စ အီး-၃ အေ တစ်စင်းလျှင် ဒေါ်လာသန်းပေါင်း ၅ဝဝ ခန့်တန်ဖိုးရှိသည်။ ဒေါ်လာသန်း ၁ဝဝ ခန့်မှာ ယင်း ကွန်ပျူတာများအတွက် ကုန်ကျရသည်။ ယင်းကွန်ပျူတာများ သည် တစ်စက0x033န့်လျှင် အလုပ်မျိုးစုံ လုပ်ဆောင်နိုင်သည်။ အေ ဝက်စတွင် လေသူရဲလေးဦးနှင့် ထိန်းသိမ်းကွပ်ကဲရေးစနစ်ကို ကိုင်တွယ်ထိန်းသိမ်းသူ ၁၃ ဦး တာဝန်ထမ်းဆောင်သည်။ အေဝက်စလေယာဉ်သည် ပျံသန်းရေးနှင့် ထောက်လှမ်းရေး လေယာဉ်ဖြစ်သကဲ့သို့ စီမံကွပ်ကဲ ထိန်းသိမ်းရေး ဌာနလည်း ဖြစ်သည်။ ကွန်ပျူတာလမ်းညွှန်စနစ်၊ မိုက်ကရိုဝေ့များကို အသုံးပြု၍ ရန်သူ လေယာဉ်အား 0x100ကိုတင်ထောက်လှမ်းနိုင်ရုံ မျှမက လေေ0x100ကာင်းတိုက်ခိုက်ရေး စနစ်တစ်ခုလုံးကို အမြန်ဆုံး 0x100ကိုတင်ပြင်ဆင် ကွပ်ကဲလမ်းညွှန်ပေးနိုင်သည်။ ပေ ၂၉ဝဝဝ အမြင့်မှပျံသန်းယင်း ထောက်လှမ်းလိုသည့် ပစ်မှတ်နှင့် ယင်း၏ မိုင် ၂ဝဝ စက်ဝန်းအတွင်း တစ်နာရီမိုင် ၉ဝ နှုန်းအထက် အမြန်နှုံးဖြင့် လှုပ်ရှားပျံသန်းနေသော ရန်သူပစ်မှတ်အားလုံးကို အသေးစိတ်0x100ကည့်နိုင်သည့်အပြင် မြေပြင်ရေဒါများ ထောက် လှမ်းမရသည့် ယာဉ်ရထား သွားလာလှုပ်ရှားမှုတို့ကိုပါ အကုန် အစင် သိနိုင်စွမ်းရှိသည်။ ယင်းသို့ လှုပ်ရှားထောက်လှမ်းမှုများ ကို အခြားရေဒါစခန်းများက ဖမ်းမိနိုင်စွမ်းမရှိပဲ ယင်းကသာ အခြားလေယာဉ်ပျံသန်းပုံ အလုံးစုံကို ဖမ်းယူနိုင်စွမ်းရှိ သည်။ ထို့ပြင် ရန်သူ့လေယာဉ် လာတိုက်မည့်အေ0x100ကာင်းကို 0x100ကို တင်သတိပေးနိုင်ခြင်း၊ လေေ0x100ကာင်းတိုက်ပွဲကို ညွှန်0x100ကားနိုင် ခြင်း၊ ရန်သူ့လေယာဉ်ကို ဆီး0x100ကိုတိုက်ခိုက်နိုင်ရန် မိမိ လေယာဉ်များကို 0x100ကိုတင်ခေါ်ထားနိုင်ခြင်း၊ ရန်သူ့နယ်မြေ အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် ထောက်လှမ်း နိုင်ခြင်း၊ မိမိကွန်ပျူတာမှ မြေပြင်ကွန်ပျူတာသို့ပို့၍ လိုအပ် သည်များကို ဆက်လက်ဆောင်ရွက်နိုင်ခြင်း၊ မိုက်ကရိုဝေ့ကိုတွင် ကျယ်စွာသုံးသဖြင့် ထိရောက်မြန်ဆန်မှုရှိခြင်း စသည့်ရည်မှန်း ချက် ၁၃ ခုကို တပြိုင်တည်း ဆောင်ရွက်နိုင်သည်။ ထို့ပြင် လေယာဉ်ကို ရန်သူက ပြန်ပေးဆွဲသွားခြင်းမျိုးမှ ကာကွယ်နိုင် ရန် လိုအပ်ပါက မြေပြင်မှနေ၍ လေယာဉ်အား ဖောက်ခွဲပစ်နိုင် သော ကိရိယာလည်း တပ်ဆင်ထားသည်။ အေဝက်စ၏ အီ လက်ထရွန်းနစ် တုံ့ပြန်နှောင့်ယှက်မှုနည်းစနစ်သည် ရန်သူ၏ ရေဒါနှောင့်ယှက်မှုများကို ကျော်လွှားနိုင်စွမ်းရှိသည်။

အေဝက်စသည် လေယာဉ်သမိုင်းတစ်လျှောက်တွင် အဖိုး အတန်ဆုံးနှင့် အစွမ်းအထက်မြက်ဆုံး ကင်းထောက် ရေဒါ လေယာဉ်ဖြစ်သည်။ ထိုနည်းတူ စွမ်းအားထက်မြက်သော ဆိုဗီ ယက်ပြည်ထောင်စုလုပ် လေယာဉ်အမျိုးအစားမှာ တီယူ-၁၂၆ မော့စ အမျိုးအစားဖြစ်နိုငေ်0x100ကာင်း ခန့်မှန်းထား0x100ကသည်။ ဆအူးဒီအာရေဗျနိုင်ငံသို့ အေဝက်စ ငါးစင်းအပါအဝင် စစ်လက်နက်ပစ0x038ည်းများ ရောင်းချပေးရေးကိစ0x038ကို ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမေရိကန်အထက်လွှတ် တော်မှ သဘောတူ အတည်ပြုခဲ့သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)