အုန်းဆီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အုန်းဆီ အမျိုး​အစား[ပြင်​ဆင်​ရန်​]

အုန်းဆီ​ကို ဘယ်​လို​သုံး​လဲဆို​တာ​နဲ့​ပတ်သက်​ပြီး ကမ္ဘာ့​ဟောင်း (၁​၉ ရာ​စု​မ​တိုင်​မီ) နဲ့ ကမ္ဘာ​သစ်​ကို ခွဲ​ခြား​လိုက် မယ် ဆို​ရင် ဘိုးတော်​ဘုရား လက်ထက်​တုန်း​က အုန်းဆီ​ကို မြန်မာ​တွေ​ဟာ ကေ​သာ​အတွက် အဓိက​ထား အသုံးပြု​ခဲ့ ကြ​ပါ​တယ်။ ကျန်းမာ​ရေး​အတွက် ထိပ်ကပ်နာ​ပေါက်​တာ​တို့​မှာ အသုံးပြု​ကြ​ပါ​တယ်။

တခြား​နိုင်ငံ​တွေ​မှာ​တော့ အလှ​အပ​အတွက်​သာ​မက ထိပ်ပြောင်​ခြင်း၊ ပွန်း​ပဲ့​ခြင်း၊ မီးလောင်​ဒဏ်ရာ၊ ပန်းနာ၊ အအေး မိ​ဖျားနာ၊ ချောင်းဆိုး​ခြင်း၊ နား​ကိုက်​ခြင်း၊ ဖျားနာ​ခြင်း စ​တဲ့​နေရာ​တွေ​အတွက် အသုံးပြု​ကြ​ပါ​တယ်။ ခေတ်​သစ်​မှာ​တော့ ယားနာ၊ ရေယုန်၊ ဝက်သက်၊ ဒက်​နဲ့ အရိုး​ပွ​ရောဂါ​တွေ​မှာ​ပါ အသုံးပြု​နိုင်​တဲ့​အထိ ထွန်းကား တိုးတက် ခဲ့​ပါ​တယ်။ ကျောက်ကပ်​နဲ့ အသည်း​ရောဂါ​တွေ​အတွက်​လည်း ကာ​ကွယ်​ပေး​ပါ​တယ်။ အုန်းဆီ​မှာ Lauricacid ပေါ​တယ်။

ဒီ​အက်​ဆစ်​ကို မိ​ခင်​နို့​မှာ​လည်း တွေ့​ရှိ​နိုင်​တယ်။ မွေး​ကင်းစ​ကလေး​ငယ်​ရဲ့ ကိုယ်​တွင်း အင်္ဂါ​များ​ကို သန်မာ​ကြံ့ခိုင်​စေ တယ်။ ခန္ဓာ​ကိုယ်​က အလွယ်​တ​ကူ ချေဖျက်​နိုင်​တဲ့ ဖက်​တီး အက်​ဆစ် ပါဝင်​တဲ့​အတွက် အားအင်​အဖြစ် အလွယ်​တ​ကူ ပြောင်းလဲ​နိုင်​တယ်။ ဘက်​တီး​ရီး​ယား​တွေ​ကို သေ​စေ​နိုင်​တဲ့ သတ္တိ​ထူး​ရှိ​တယ်။

တစ်​ခါ​တစ်​လေ​မှာ တစ်​ကိုယ်​လုံး အေး​စက်​ပြီး ချမ်း​စိမ့်စိမ့် ဖြစ်​နေ​လေ့​ရှိ​ပါ​တယ်။

အဲ့​ဒီ​လို​အခါ​မျိုး​မှာ မီးလှုံ​မယ့်​အစား အုန်းဆီ​လေး​ကို​သာ စမ်း​သုံး​ကြည့်ပါ​လို့ အကြံ​ပြု ချင်​ပါ​တယ်။ အုန်းဆီ​ဟာ ကိုယ် တွင်း​အပူ​ချိန် (သွေး​ဖိ​အား) ကို ကောင်းမွန်​စေ​ပြီး အုန်းဆီ​ထဲ​မှာ​ပါရှိ​တဲ့ ဖက်​တီး အက်​ဆစ်​တွေ​ကို လောင်ကျွမ်း စေ​တဲ့ အတွက် ကိုယ်​တွင်း အင်္ဂါ​များ​ကို တိုးတက်​ကောင်းမွန်​စေ​ပါ​တယ်။

ခံတွင်း ကျန်းမာ​ရေး[ပြင်​ဆင်​ရန်​]

အုန်းဆီ​ဟာ ခံတွင်း​ရှိ အနံ့အသက်​ဆိုး​များ​ကို ဖယ်ရှား​ပေး​ပြီး သွား​ပျက်စီး​ခြင်း၊ သွားဖုံး​ရောဂါ​များ​အတွက်​လည်း ကာ​ကွယ်​ပေး​ပါ​တယ်။ သွား​ကို အုန်းဆီ​နဲ့ ရော​ပြီး တိုက်​ပေး​ပါ​က ခံတွင်း​အနံ့ ကောင်းမွန်​ပြီး သွား​တွေ ကျန်းမာ သန်မာ​လာ​စေ​မှာ ဖြစ်​ပါ​တယ်။

ဟင်းသီး​ဟင်းရွက် ဆီ​များ​ထက် ပို​ထူး[ပြင်​ဆင်​ရန်​]

အုန်းဆီ​ဟာ တခြား​သော ဟင်းသီး ဟင်းရွက်​ဆီ​များ​ထက် ပို​ပြီး ထူးခြား​များပြား​တဲ့ သတ္တိ​တွေ ရှိ​ပါ​တယ်။ အမျိုး​မျိုး သော ဘတ်​တီး​ရီး​ယား​များ၊ ဗိုင်း​ရပ်စ်​ပိုးမွှား​များ၊ ယားနာ​များ​ကို သေ​စေ​နိုင်​ပြီး ဝမ်းချုပ်​ခြင်း​မှ​လည်း ကင်း​ဝေး​စေ​ပါ တယ်။ ကျော​ရိုးမ​ကြီး ကင်​ဆာ၊ အနောက်​တိုင်း​က အမျိုးသမီး​တွေ အဖြစ်​များ​တဲ့ ရင်သား​ကင်​ဆာ​နဲ့ တခြား​သော ကင်​ဆာ အမျိုး​အစား​တို့​ကို​လည်း ကာ​ကွယ်​ပေး​ပါ​တယ်။

ကေ​သာ​ကို အကျိုး​ပြု[ပြင်​ဆင်​ရန်​]

အုန်းဆီ​ဟာ ကေ​သာ​တွင်း​မှာ ရှိ​တဲ့ ပ​ရို​တင်း​ဓာတ်​တွေ​ကို ပိတ်​ဆို့​ထား​နိုင်​တဲ့​အတွက် ကေ​သာ​တွင်း ပ​ရို​တင်း​ဓာတ် ဆုံးရှုံး​မှု မ​ဖြစ်​တော့​ပါ​ဘူး။ ပိုး​သား​လေး​လို ရွှန်း​စို​သန်စွမ်း တောက်​ပြောင်​စေ​ပြီး ဒက်​ပေါက်​ခြင်း​မှ​လည်း ကင်း​ဝေး စေ​ပါ​တယ်။

အရေ​ပြား[ပြင်​ဆင်​ရန်​]

အုန်းဆီ​ဟာ အသား​ရေ​ကို​လည်း ရွှန်း​စို​စေ​ပြီး ဝက်ခြံ​ကို​လည်း အမြန်​ဆုံး ကု​သ​ပေး​နိုင် ပါ​တယ်။ အရေ​ပြား​ထဲ​ကို ဖောက်​ဝင်​နိုင်​စွမ်း​ရှိ​ပြီး အညစ်အကြေး​တွေ​ကို ဖယ်ရှား​သန့်စင် ပေး​နိုင်​ပါ​တယ်။ ဝက်ခြံ​အတွက် အုန်းဆီ​ပါး⁠ပါး​လေး​ကို မနက်​တိုင်း လိမ်း​ပေး​ပါ။ ပထမ​မှာ ဝက်ခြံ​ဟာ ပို​ပြီး​ဆိုးရွား​လာ​တဲ့ ပုံစံ​ရှိ​လာ​နိုင်​ပါ​တယ်။ မ​ကြောက်​ပါ​နဲ့။ မ​ကြာ​ခင် လျော့ပါး ပျောက်​ကွယ်​သွား​မှာ ဖြစ်​ပါ​တယ်။ ဆက်တိုက်​လေး​သာ အသုံးပြု ပေး​ပါ။

အုန်းဆီ​ကို အရေ​ပြား​အတွက် ပုံ​မှန်​အသုံးပြု​ပေး​မယ် ဆို​ရင် အရေး​ပြား​အတွက် ပြဿနာ​တွေ​ဟာ နောက် နောင်​ဖြစ် ပေါ်လာ​မှာ မဟုတ်​တော့​ပါ​ဘူး။ တောင်​ပ​စိ​ဖိတ်​ကျွန်း​က ကျွန်း​သား၊ ကျွန်း​သူ​တွေ​ဟာ အုန်းဆီ​ကို နေ့စဉ်​ပုံ​မှန် အ သုံး​ပြု​ကြ​ပါ​တယ်။

နေရောင်​ထဲ အပြင်​မ​သွား​ခင် အုန်းဆီ​လိမ်း​ပြီး​မှ သွား​လေ့​ရှိ​ကြ​ပါ​တယ်။ ဘာ​ဖြစ်​လို့​လဲ ဆို​တော့ အုန်းဆီ​ဟာ အကောင်း​ဆုံး နေရောင်​ကာ​ခ​ရင်မ် တစ်​မျိုးပဲ ဖြစ်​ပါ​တယ်။

အုန်းဆီ​ကို နေ​လောင်​ဒဏ် အသား​ရေ​များ​အတွက်​လည်း အသုံးပြု​နိုင်​ပါ​သေး​တယ်။
အမာရွတ်၊ မှဲ့​ခြောက်​များ၊ ကြွက်နို့​များ​ကို​လည်း အုန်းဆီ​ဟာ ဖယ်ရှား​နိုင်​ပါ​တယ်။ အုန်းဆီ​ကို အပူ​ပေး​ပြီး နွေး​တေး​တေး အဆင့်​မှာ လိမ်း​ပေး​ရ​မှာ ဖြစ်​ပါ​တယ်။ ပူနွေး​တဲ့ အုန်းဆီ အနေအထား​ကို အရေ​ပြား​ဟာ ကောင်း​စွာ စုပ်​ယူ​နိုင်​မှာ ဖြစ်​ပြီး အဲ​ဒီ့​လိမ်​ထား​တဲ့ နေရာ​ကို ပတ်တီး​နဲ့ ထပ်​ပြီး စည်း​ပေး​ရ​မှာ ဖြစ်​ပါ​တယ်။

ဆောင်း​ဦး​ရွက်​ကြွေ ကွဲ​မျက်​ခြေ[ပြင်​ဆင်​ရန်​]

ဟေ​မာန်​ဆောင်း​ရဲ့ တံခါး​ပေါက်​ကို ရောက်လာ​တဲ့​အခါ ပျို​တို့​ရဲ့ ခြေဖဝါး​ဟာ ဘယ်​အမာ​ခံ မျက်နှာပြင်​မှ မ​နင်း​ရ​ဘဲ ကွဲအက်​ပြတ်​ရွေ့​လာ​ပါ​တယ်။ အဲ​ဒီ့​လို အခါ​မျိုး​မှာ အုန်းဆီ​နဲ့ ခြေ​ဖ​နောင့်​ကို လိမ်း​ပေးလိုက်​ပါ။ ခြေဖဝါး​ကွဲ​တာ အပြင် ခြေထောက်​မှာ ယားနာ​တွေ ပေါက်​ရင်​လည်း အုန်းဆီ​ကို အသုံးပြု​နိုင်​ပါ​သေး​တယ်။

ဝိတ်​ကျ​စေ[ပြင်​ဆင်​ရန်​]

အုန်းဆီ​ဟာ ဝိတ်​ကျ​စေ​မယ်​ဆို​ရင် ပျို​တို့ မျက်​ခုံး​လေး​တော့ နည်း​နည်း ပင့်​ချင်​မယ် ထင်​တယ်။ ဒီ​လို​ရှိ​ပါ​တယ်။ အုန်းဆီ​ဟာ ကိုယ်​တွင်း ဇီဝ​ကမ္မ​ဖြစ်​စဉ်​တွေ​ကို ကောင်းမွန် ဖြောင့်​ဖြူး​သွက်​လက်​စေ​တာ​မို့ ကိုယ်​တွင်း​ရှိ အဆီ​ပို​များ​ကို ဖယ်ရှား​ပေး​သွား​ပြီး အားအင်​ကြွက်သား အဖြစ်​သို့ ဖန်တီး​လိုက်​ပါ​တယ်။ ဒီ​လို​နဲ့ ကိုယ်​အလေး​ချိန်​တိုး​ခြင်း​မှ တစ်ခါတည်း ကာ​ကွယ်​ပေး​ပြီး​သား ဖြစ်​သွား​ပါ​တော့​တယ်။