အီရန်-အီရတ်စစ်ပွဲ

ဝီကီပီးဒီးယား မှ
အီရန်-အီရတ်စစ်ပွဲ September 22, 1980 - Tehran

ပါရှင်းပင်လယ်ကွေ့အတွင်း အီရန်ဆိပ်ကမ်းမြို့ဖြစ်သော ဘန်ဒါခိုမေနီမြို့၏ တောင်ဘက်တွင် ရန်သူသင်္ဘောငါးစင်းကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ၁၉၈၄−ခုနှစ်၊ ဇန္နဝါရီလ၊ (၂)ရက်နေ့တွင် အီရတ်စစ်ဌာနချုပ်က ကြေညာသည်။ ယင်းတိုက်ပွဲ၌ အီရန်က အီရတ်လေယာဉ် နှစ်စင်းကို ပစ်ချလိုက်ကြောင်း အီရန်တို့က ကြေညာသည်ကို အီရတ်က အတည်ပြုသည်။ သို့ဖြင့် ရှက်တယ် အာရပ်ရေလက်ကြား ပိုင်ဆိုင်မှုအပေါ် အငြင်းပွားရာမှ ၁၉၈ဝ−ပြည့်နှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့မှ စ၍ ဖြစ်ပွားလျက်ရှိသော အီရန်-အီရတ်စစ်ပွဲသည် ၁၉၈၄−ခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ပြင်သစ်နိုင်ငံက ၁၉၈၃ ခုနှစ် နှောင်းပိုင်းတွင် ရောင်းချထားသော အီရတ်စူပါအီတင်းဒတ် ဗုံးကြဲ လေယာဉ်များမှ ပစ်လွှတ်သည်ဟု ယုံကြည်ရသော အိပ်ဇိုးဆေးဒုံးကျည်များ ထိမှန်သဖြင့် စိုက်ပရပ် မှတ်ပုံတင်သင်္ဘောများ နစ်မြှုပ်ကုန်သည်ဟု ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ မတ်လမှ ဇူလိုင်လအထိ ကာလအတွင်း ပင်လယ်ကွေ့ရေကြောင်းခရီး သွားလာနေသော သင်္ဘောများကို တိုက်ခိုက်မှုအရှိန် မြင့်တက်လာသည်။ ခတ်ကျွန်းကို စူပါ အီတင်းဒတ် လေယာဉ်များသုံး၍ တိုက်ခိုက်ခဲ့ကြောင်း အီရတ် နိုင်ငံက ပထမဆုံးဝန်ခံပြောကြားခဲ့ပြီးနောက် မတ်လ ၂၈ ရက်နေ့တွင် ခတ်ကျွန်း၏ တောင်ဘက်မိုင် ၄ဝ အကွာ အပြည်ပြည်ဆိုင်ရာ ရေပြင်ပိုက်နက်တွင် ဂရိမှတ်ပုံတင် ရေနံသင်္ဘောတစ်စင်း ဒုံးကျည်ထိမှန်သည်။ ဧပြီလ ၂၆ ရက်နေ့တွင် ဆအူးဒီရေနံတင် သင်္ဘောတစ်စင်းလည်း ဒုံးကျည်ထိမှန်ကြောင်း မေလ ၂ ရက်နေ့တွင် အီရတ်သမ္မတ ဆက်ဒမ်ဒူစိန်က အတည်ပြုပြောကြားသည်။ မေလ ၇ ရက်နေ့တွင် နောက်ထပ် ဆော်ဒီရေနံတင်သင်္ဘောတစင်း ထိမှန်မီးလောင်ပျက်စီးသည်။ ပင်လယ်ကွေ့ရေကြောင်းခရီး သွားလာသော သင်္ဘောများ၏ အာမခံပရီမီယံနှုန်းများ ၁.၅%မှ ၂% သို့ မြင့်တက်ကုန်သည်။ မေလ ၂၄ ရက်နေ့တွင် ပင်လယ်ကွေ့အနောက်ပိုင်း၌ လိုက်ဗေရီးယန်း မှတ်ပုံတင် ရေနံတင်သင်္ဘောကို တိုက်ခိုက်နစ်မြှုပ်သည့် အီရန် လေယာဉ်ကို ဆအူးဒီးလေတပ်က ခြေရာခံမိသည်။ ပခုံးထမ်း၍ ပစ်ရသော စတင်ဂျာလေယာဉ်ပစ်ဒုံးကျည် ၄ဝဝ နှင့်လေယာဉ်ပျံသန်းနေစဉ် ဆီဖြည့်နိုင်သော ကေစီ ၁ဝ လေယာဉ်တို့ကို ဆအူးဒီနိုင်ငံအား ထောက်ပံ့မည်ဟု အမေရိကန်အစိုးရက မေလ ၂၉ ရက် နေ့တွင် ကြေညာသည်။ ဇွန်လ ၅ ရက်နေ့တွင် အေဝက်စလေယာဉ်က ထောက်ကူထားသော ဆအူးဒီလေတပ် အက်ဖ် ၁၅ တိုက်လေယာဉ်သည် ပင်လယ်ကွေ့ကမ်းခြေ အရှေ့ဘက် မိုင် ၄ဝ အကွာရှိ ဆော်ဒီပိုင်ကျွန်း တစ်ကျွန်းအနီး၌ အီရန် အက်ဖ် ၄ တိုက်လေယာဉ် နှစ်စင်းကို ထောက်လှမ်းတွေ့ရှိ၍ ပစ်ချခဲ့သည်။ အီရန်-အီရတ်စစ်ပွဲတွင် စစ်ရေးအရ တတိယမြောက်နိုင်ငံ ပထမဆုံး ပါဝင်လာခြင်း ဖြစ်သည်။ ယင်းသို့ ပစ်ချခြင်းကို ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(ဂျီစီစီ) က ကြိုဆိုထောက်ခံသည်။

|အီရန်နိုင်ငံမြို့များဖြစ်သော ဒေ့ဇဖူး၊ အားဝက်ဇ်၊ ခါမန်ရှား၊ အီလန်၊ အဘာဒန်မြို့များကို လေေ0x100ကာင်း တိုက်ပွဲ စတင်ဆင်နွှဲ မည်ဖြစ်၍ အရပ်သားများ စွန့်ခွာရွှေ့ပြောင်းသွား0x100ကရန် အီရတ် ရေဒီယိုက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။ အီရတ်မြို့များ ဖြစ်သည့်အခါ နာကင်း၊ မန်ဒါလီနှင့် ဘာဆရာမြို့များကို လက်စားချေ တိုက်ခိုက် မည်ဟု အီရန် ဝန်0x100ကီးချုပ် ဟိုစိန်မွတ်ဆာဗီက တန်ပြန် သတိပေးသည်။ အီရတ်တို့၏ လေေ0x100ကာင်းတိုက်ခိုက်မှေု0x100ကာင့် ၁၉၈၂ ခုနှစ်နောက်ပိုင်းတွင် အီရန်အရပ်သား ၄၆ဝဝဝ သေဆုံး၍ ၂၂ဝဝဝ ကျော် ဒဏ်ရာရသည်ဟု ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့၌ အီရန်အစ0x038လာမ်မစ်ပြည်ထောင်စု သတင်းစဉ်က သတင်းထုတ်ပြန်သည်။ ထိုနေ့တွင် ဒေ့ဇဖူးမြို့ကို အီရတ်တို့က တိုက်သဖြင့် တန်ပြန်သတိပေးထားသည့်အတိုင်း အီရတ်သုံးမြို့ကို ၁၂ ရက်နေ့၌တုံ့ပြန်တိုက်ခိုက်သည်။ ထိုနေ့၌ အီရန်တော်လှန်ရေးအစောင့်တပ်သည် အီရတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ခါနာကင်းနှင့် စူလေမန်နီးယားမြို့တို့ အ0x100ကားရှိ ဒါဘန်ခီခန် ရေကာတာနှင့် ခြောက်မိုင်အကွာအထိ ထိုးဖောက် ဝင်ရောက်သည်။ အီရတ်နိုင်ငံက တန်ပြန်ထိုးစစ်ဆင်သည်။ သို့သော် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် မာ့ဂျနွန်းကျွန်း လက်လွှတ်ဆုံးရှုံးေ0x100ကာင်း အီရတ်က ဝန်ခံသည်။ မတ်လ ၆ ရက်နေ့တွင် ဆင်နွှဲသော ထိုးစစ်ဖြင့် အီရတ်တို့က ယင်းကျွန်းကို ပြန်သိမ်းသည်။ ထိုအချိန်တွင် မိုင် ၅ဝဝ အကွာအဝေးထိ ပစ်နိုင်သော ဆိုဗီယက်လုပ်မြေပြင်မှ မြေပြင်ပစ် အက်စ်အက်စ် ၁၂ ဒုံးကျည်များကို အီရတ်တို့ ရရှိထားပြီ ဖြစေ်0x100ကာင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အီရတ်သည် ချီလီနိုင်ငံမှလည်း ကလပ်စတာဗုံး ပဒေသာ ၅ဝဝဝ ကို ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူခဲ့သည်။ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဒဏ်ရာရအီရန်စစ်သားများကို ဆေးစစ်0x100ကည့်သည့် 0x100ကက်ခြေနီအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာ ကော်မတီ (အိုင်စီအာစီ) ဆေးဘက်ကျွမ်းကျင်သူ ကိုယ်စားလှယ်အဖွဲ့က ယင်းစစ်သားများသည် အပြည်ပြည်ဆိုင်ရာဥပဒေက တားမြစ်ထားသော ဓာတု ပစ0x038ည်းများ ထိမှန်ထားေ0x100ကာင်း မေလ ၇ ရက်နေ့တွင် ထုတ်ဖေော်0x100ကငြာသည်။ ဓာတုလက်နက်ဒဏ် ခံထားရသည်ဟု ယုံ0x100ကည်ရသော အခြားအီရန် စစ်သားများကို အနောက်ဂျာမနီ၊ ဆွီဒင်၊ ဗြိတိန်နှင့် 0x100သစေ0x100တးလျနိုင်ငံများသို့ ဆေးဝါးကုသမှု ခံယူရန် စေလွှတ်ခဲ့ရသည်။ ယင်းစစ်သားများသည် အဝါရောင် မိုးဟု လူသိများသော မိုင်ကို ထောက်စင်ဖြစ်စေ၊ မတ်စတပ် ဓာတ်ငွေ့တစ်မျိုးဖြစ်စေ ထိမှန်ထားေ0x100ကာင်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များက သက်သေခံသည်ဟု ဗီယင်နာမြို့တွင် မတ်လ ၁ဝ ရက်နေ့က သတင်းထုတ်ပြန်သည်။ အရေပြား ဖောင်း0x100ကွပြီး အနာဖြစ်စေသော ဓာတ်ငွေ့ အုပ်စုဝင် မတ်စတပ် ဓာတ်ငွေ့သည် လေထဲတွင် နာရီပေါင်းများစွာ အ0x1150x048ရာယ် ရှိနေစေပြီး ဖြစ်သည်။ တီဟီရန်မြို့သို့ ရောက်ရှိလာသော |ကုလသမဂ0x035စုံစမ်း စစ်ဆေး ရေးအဖွဲ့က မတ်လ ၂၆ ရက် နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ရာ အီရန်နိုင်ငံတွင် လေယာဉ်မှ 0x100ကဲချသော ဗုံးများ၌ ဓာတု လက်နက်များ တပ်ဆင်အသုံးပြခဲ့ 0x100ကသည်ဟု ဖော်ပြထားသည်။ အာရေုံ0x100ကာကို ထိခိုက်စေသော တာဘန်းဓာတ်ငွေ့ လက်နက်ကို သုံးေ0x100ကာင်း သက်သေခံ အထောက်အထား တွေ့ရှိရသည်ဟု ဆိုသည်။

အီရန်နှင့် အီရတ်နှစ်နိုင်ငံသည် အပြိုင်အဆိုင် လက်နက် ဖြည့်တင်းလျက်ရှိရာ ၁၉၈၄ ခုနှစ် အောက်တိုဘာလတွင် အောက်ပါအတိုင်း အင်အားအခြေအနေ ရှိရသည်။

               အီရတ် အီရန်


စစ်သည်အင်အား ၆ဝဝဝဝဝ ၂၅ဝဝဝဝ တော်လှန်ရေးအစောင့်တပ် ၂၅ဝဝဝဝ အရန်တပ် ၇၅ဝဝဝ ၃၅ဝဝဝဝ အမြောက် ၃၅ဝဝ ၁ဝဝဝ တင့်ကား ၄၈၂ဝ ၁ဝဝဝ လေတပ်လူအင်အား ၃၈ဝဝဝ ၃၅ဝဝဝ တိုက်လေယာဉ် ၅၈ဝ ၉၅ ရေတပ်လူအင်အား ၄၅ဝဝ ၂ဝဝဝဝ စစ်သင်္ဘော ၁ ၉

ထို့ပြင် ကျဆုံးမှုအခြေအနေကို 0x100ကည့်လျှင် ၁၉၈၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရရှိသော စာရင်းအရ အီရန်တပ်သား လေးသိန်းကျဆုံး၍ အီရတ်တပ်သား ခုနစ်သောင်းကျဆုံးသည်ဟု ဆိုသည်။

မြောက်ယေမင်နိုင်ငံ ဆာနာမြို့တွင် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ငါးရက်0x100ကာ ကျင်းပ၍ အဖွဲ့ဝင် ၄၅ နိုင်ငံ တက်ရောက်သော အစ0x038လာမ် ညီလာခံအဖွဲ့ (အိုင်စီအို)နှစ်ပတ်လည် အစည်းအဝေးတွင် ပင်လယ်ကွေ့စစ်ပွဲပြီးဆုံးရေးအတွက် အိုင်စီအို ဖျန်ဖြေရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ရန် အီရန်နှင့်အီရတ် နှစ်နိုင်ငံစလုံးအား အိုင်စီအိုနိုင်ငံခြားရေး ဝန်0x100ကီးများက ပန်0x100ကားခဲ့သည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ယင်းပန်0x100ကား ချက်ကို အီရန်က လက်ခေံ0x100ကာင်း ပြော0x100ကားခဲ့သော်လည်း ၂၂ ရက်နေ့တွင် ပယ်ချသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)