အီမန်နျူရယ် ဆွီဒင်ဗော့

ဝီကီပီးဒီးယား မှ
အီမန်နျူရယ် ဆွီဒင်ဗော့

သိပ္ပံပညာရှင် တစ်ဦးဖြစ်သော အီမန်းနျူအယ် ဆွီဒင်ဗော့ သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဖွားရာဇာတိရှိသည်။ ယင်း ၏အမည်မှာ ဆွီဒင်စကားဖြင့် ဆွေးဒင်ဗောရီဟု အသံထွက် သည်။ ဖခင်မှာ ခရစ်ယန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးတစ်ဦးဖြစ် လေရာ၊ သူသည် သာသနာရေး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဦးစွာ၌ အပ်ဆားလားတက္ကသိုလ်တွင် ပညာသင်၍၊ ယင်းမှတစ်ဖန် ဥရောပတိုက်ရှိ ယူးထရက်၊ ပါရစ်တက္ကသိုလ် များ၌၎င်း၊ ဗြိတိန်နိုင်ငံရှိ အောက်စဖို့တက္ကသိုလ်၌၎င်း ဆက် လက်ပညာသင်၍၊ သင်္ချာ၊ နက္ခတ္တ ဗေဒ၊ အနာတမီ၊ ဘူမိဗေဒ ပညာရပ်တို့တွင် တတ်ကျွမ်းသော ပညာရှင်ဟု အများကအသိ အမှတ်ပြုခြင်းကို ခံယူရသည်။ တီထွင်တတ်သော ဉာာဏ်ပဋိ ဘာန်ရှိသည့်အလျောက်၊ ရေငုပ်သင်္ဘော၊ လေသင်္ဘော၊ ယမ်း တောင့်အိမ် တပ်ထားသော သေနတ်စသည်တို့ကို ပြုလုပ်ရန် စနစ်ပုံစံများရေဆွဲခဲ့ဘူးသည်။ သိပ္ပံပညာအကူအညီဖြင့် ခေတ်မှီ ပစ္စည်းအမျိုးမျိုးကိုလည်း တီထွင်ခဲ့သည်။ လကိုကြည့်၍ မည် သည့်လောင်ဂျီတွဒ်သို့ ရောက်ရှိနေကြောင်း တွက်ချက်သည့် နည်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ခရစ် ၁၇၁၆ ခုနှစ်မှစ၍ နှစ်ပေါင်းသုံးဆယ်မျှ သိပ္ပံပညာကျမ်းစာများကို ရေးသားပြုစု ခဲ့၏။

ပညာသင်ကြားတတ်မြောက်ပြီးနောက် ဦးစွာမိမိ၏ နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံ၌ သတ္တုတွင်းဆိုင်ရာ ဘုတ်အဖွဲ့တွင် ရာ ပြတ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ အမှုထမ်းယင်း ဥရောပတိုက်ရှိ သတ္တုတွင်းအမျိုးမျိုး၊ သတ္တုအရည်ကျိုစက်အမျိုးမျိုးတို့ကို လေ့ လာခဲ့ဘူး၏။ နောင်သော် ၁၇၄၇ ခုနှစ်တွင် လန်ဒန်မြို့၌ အတည်တကျနေထိုင်ခဲ့ရာ သေသည်အထိပင် ဖြစ်သည်။ ဆွီဒင်ဗော့သည် လူလတ်ပိုင်း အရွယ်သို့ရောက်သောအခါ သာသနာရေးဖက်သို့ ပို၍စိတ်ညွတ်လာသည်။ ၁၇၄၇ ခုနှစ်မှ စ၍ သာသနာရေးနှင့် စပ်လျဉ်း၍ သူ၏အယူအဆတို့ကို ကျမ်း အမျိုးမျိုးဖြင့် ရေးသားဖြန့်ချိ ခဲ့ရာတွင် အများပင်လက်ခံလာကြ သည်။ သူ၏ဝါဒကို လက်ခံသူတို့သည် ဆွီဒင်ဗော့ ကွယ်လွန် ပြီးနောက်၊ ခရစ် ၁၇၈၇ ခုနှစ်တွင် သူ၏ အမည်ကိုစွဲ၍၊ အသင်းတော်သစ်တစ်ခုကို ဖွဲ့စည်းကြသည်။ ထိုသာသနာရေး အသင်းများသည် ဆွီဒင်ဗော့၏ ကျေးဇူးကြောင့် သမ္မာကျမ်းစာ ၌ သာမန်လူတို့မသိ မမြင်ရသေးသော အဓိပ္ပာယ်သစ်တို့ ပေါ် လွင်လာလေသည်။ ဆွီဒင်ဗော့သည် ၁၇၇၂ ခုနှစ်တွင် လန်ဒန် မြို့၌ သေဆုံး၍၊ သူ၏ရုပ်ကလာပ်ကိုမူ ဆွီဒင်နိုင်ငံသားတို့က စတော့ဟုမ်းမြို့သို့ ယူဆောင်၍၊ မြှုပ်နှံသဂြိုဟ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)